/
node/5942

လိပ်ခေါင်းနဲ့ အိမ်တွင်းကုထုံးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လိပ်ခေါင်းဆိုတာ လူတိုင်းဖြစ်နေကြတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ပူစပ်ပူလောင်ဖြစ်မှုတွေက နေ့စဉ်ဘဝမှာ ဒုက္ခပေးတတ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီပြဿနာတွေကနေ ကယ်တင်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။

 

၁။     ဆားရည်ထိုင်ခြင်း

          ဆားရည်ထိုင်ခြင်းကို ၁၂ ရာစုနှစ်မှာ ဂျူးဆရာဝန် Moses Maimonides က စတင်အသုံးပြုခဲ့တာ ယနေ့ခေတ်တိုင်အောင်ပဲ ဖြစ်ပါတယ်။ အလွန်ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါ။

●        ဆားရည်ထိုင်ဇလုံ၊ ရိုးရိုးဇလုံတစ်ခု၊ ရေပုံးဇောက်တိမ်တိမ်တစ်ခုမှာ ရေနွေးအပြည့် ဖြည့်လိုက်ပါ။

●        ရောင်ရမ်းခြင်းကို သက်သာစေဖို့ ဆားခတ်ပေးလို့လည်း ရပါတယ်။

●        ဝမ်းသွားပြီးချိန်မှာ မိနစ် ၂၀ ခန့် ထိုင်ပေးပါ။ ဒါ့အပြင် တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်ခန့်ထိလည်း ထိုင်ပေးနိုင်ပါတယ်။

●        ဘိုထိုင်အိမ်သာမှာ တစ်ခါတည်းတပ်ပြီး ထိုင်လို့ရတဲ့ ဆားရည်ထိုင်ဇလုံလေးတွေက ပိုအဆင်ပြေပါတယ်။

 

၂။     ရှားစောင်းလက်ပတ်

          ရှားစောင်းလက်ပတ်ဟာလည်း အရောင်ကျစေပြီး လိပ်ခေါင်းကို သေးသွားစေနိုင်ပါတယ်။

●        ဂွမ်းတစ်စပေါ်မှာ ရှားစောင်းလက်ပတ် တစ်စက်၊ နှစ်စက်လောက်တို့ပြီး လိပ်ခေါင်းပေါ် လိမ်းပေးပါ။

 

>>    နောက်တစ်နည်း

●        ရှားစောင်းလက်ပတ်အနှစ်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။

●        လိပ်ခေါင်းပေါ်ကို အအေးခံထားတဲ့အနှစ်ကို ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် မကြာမကြာ တို့တို့ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)