/
node/6050

E စီးကရက်လို့ခေါ်တဲ့ နစ်ကိုတင်း မပါဝင်တဲ့ ဆေးလိပ်တွေက အဆုတ်အတွက် ဘေးမကင်းဘူးတဲ့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       E စီးကရက်လို့ခေါ်တဲ့ နစ်ကိုတင်း အစားထိုးအရည်ကို အသုံးချပြီး အနံ့ပြုပြင်ပြောင်းလဲထားတဲ့ ဆေးလိပ်တွေဟာ အဆုတ်အတွက် ဘေးမကင်းဘူးလို့ အမေရိကန် သုတေသနပညာရှင်တွေက ဆိုလိုက်ပါတယ်။

          စီးကရက်တွေ၊ ဆေးလိပ်တွေမှာ ပါဝင်တဲ့ နစ်ကိုတင်းဟာ အဆုတ်ကင်ဆာနဲ့ တခြားအဆုတ်ရောဂါတွေ အများကြီး ဖြစ်စေနိုင်တာမို့ နစ်ကိုတင်းကို မသုံးတော့ဘဲ အရည်တစ်မျိုးကို တခြားအနံ့အရသာ ပြုပြင်ကာ E စီးကရက်အဖြစ် ပြောင်းလဲထုတ်လုပ်လာကြပါတယ်။

          အဲဒီအနံ့တွေကို လေ့လာလိုက်တဲ့အခါ အဆိပ်ဓာတ်ငွေ့ မဟုတ်တာတောင် လူ့အဆုတ်ကို ဆိုးဆိုးဝါးဝါး ပြဿနာပေးနိုင်နေတာကို တွေ့ရှိရပါတယ်။ အဆုတ်ထဲမှာ ကြပ်ခိုးနဲ့ ဓာတုအညစ်အကြေးတွေ ပုံလာစေပြီး ပြင်းထန်အဆုတ်ရောဂါတွေကို ဦးတည်နေပါတယ်။

           နစ်ကိုတင်း မပါဝင်ပါဘူးဆိုတဲ့ E စီးကရက်တွေမှာ ထည့်ထားတဲ့ စီနမွန်နဲ့ ဗနီလာနံ့တွေဟာ အပူပေးလိုက်တဲ့အခါ အန္တရာယ်ရှိ ဓာတုကွန်ပေါင်းတွေအဖြစ် ပြောင်းသွားပြီး လူ့အဆုတ်ကို အပြင်းအထန် ဒုက္ခပေးနိုင်တာကို တွေ့ရှိထားရပါပြီ။

 

>>    E စီးကရက် သောက်သုံးတဲ့အခါ -

●        ချောင်းဆိုးမယ်

●        နှာရည်ကျမယ်

●        ခေါင်းကိုက်မယ်၊ မူးမယ်

●        ဗိုက်အောင့်မယ်

●        ရင်ကြပ်မယ်

          ဒါတွေခံစားရရင် အဲဒီထဲက ဓာတုပစ္စည်းတွေဟာ အဆုတ်ကို ပြဿနာပေးနေပြီဆိုတာ ထင်ရှားနေပါတယ်။

          ဒါကြောင့် ဆေးလိပ် အပါအဝင် ဆေးပေါ့လိပ် E စီးကရက်တွေကိုပါ ရှောင်ကြဉ်မှ သင့်ရဲ့ အသက်ရှူလမ်းကြောင်းကို ကျန်းမာရေး အကောင်းဆုံးအခြေအနေမှာ ထားနိုင်မှာဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)