/
node/6070

အိပ်ရေးဝဝ အိပ်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။     ည ၁၀:၃၀ နောက်ဆုံးထား အိပ်နော်။

          ဒီ့ထက် နောက်ကျသွားရင် ညအိပ်ဖို့ ပိုခက်သွားတတ်ပြီး အိပ်ရေးမဝ ဖြစ်တတ်တယ်။

 

၂။     ပုံမှန်အလေ့အကျင့် လုပ်ထားပါ။

          သွားတိုက်၊ ဘုရားရှိခိုး၊ စသည်ဖြင့် ကိုယ့်ကိုယ်ပိုင် အလေ့အကျင့်လေးတွေ လုပ်ပေးထားသင့်တယ်နော်။ Pavlov’s law က ပြောသလိုပဲ ကိုယ်တစ်ခုခု လုပ်တော့မယ်လို့ ပြင်ဆင်နေရင် ခန္ဓာကိုယ်နဲ့ ဦးနှောက်ကလည်း ကြိုပြီး ပြင်ဆင်နေတယ်။ အဲဒါကြောင့် ညတိုင်းညတိုင်း မအိပ်ခင် ၁၀ မိနစ်အတွင်းမှာ လုပ်ရမယ့်အလုပ်ကို ပုံမှန်လုပ်ပေးပါ။

 

၃။     အခန်းထဲကို အေးဆေးတိတ်ဆိတ်ပြီး မှောင်မည်းနေအောင်ထားပါ။

          ၆၅-၆၇° ဖာရင်ဟိုက်လောက်မှာ ထားပေးရင် ကောင်းတယ်နော်။ အလင်းရောင်တွေ၊ အသံတွေ မှန်သမျှကို တတ်နိုင်သလောက် ကာထားပေးပါ။ နားအဆို့တွေ၊ မျက်လုံးအကာတွေ ကာထားပေးလို့လည်း ရတယ်။

 

၄။     စိတ်ကြွစေတာ မှန်သမျှ ရှောင်ပါ။

          ကဖိန်းတွေ၊ သကြားတွေကို မအိပ်ခင် သောက်တာမျိုး ရှောင်ပေးပါ။

 

၅။     လေ့ကျင့်ခန်းလုပ်ပါ။

          တစ်နေ့ကို မိနစ် ၃၀ ကနေ ၆၀ လောက်အထိ လုပ်ပေးပါ။ ဒါမှ ခန္ဓာကိုယ်က ပင်ပန်းပြီး အိပ်ချင်လာမှာ။

 

၆။     မအိပ်ခင် မစားနဲ့နော်။

          အိပ်ချိန်မတိုင်ခင် ၃ နာရီလောက်ကတည်းက ဘာမှမစားပါနဲ့တော့။

 

၇။     အလင်းစူးစူးတွေကို ရှောင်ပါ။

          မအိပ်ခင် ၃ နာရီလောက်ကတည်းက မီးချောင်းတွေ၊ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းစခရင်တွေကို ရှောင်ပါတော့။

          ဒီနည်းလမ်းလေးတွေထဲက ကောင်းနိုးရာရာလေးတွေ ရွေးလုပ်ပြီးတော့ ကောင်းကောင်း အိပ်ပျော်ကြပါစေ။ ဒါမှ နောက်နေ့မှာ အားအင်တွေ ပြည့်ဝပြီးတော့ တစ်နေကုန် အလုပ်တွေ လုပ်နိုင်မှာပေါ့။

Dr. Mya Phoo Ngon (www.drmyanmar.com)