ကလေး မွေးပြီးတာနဲ့ နန်းတော်ကို ချက်ချင်းပြန်တဲ့ တော်၀င်မင်းသမီး
အင်္ဂလန်မင်းသား ဝီလီယံရဲ့ ကြင်ယာတော် ကိတ်မင်ဒယ်တန်ဟာ တတိယကလေးကို မွေးဖွားပြီးတဲ့အခါ ခုနှစ်နာရီ ကြာပြီးနောက် ဆေးရုံကနေဆင်းပြီး နန်းတော်ကို ပြန်သွားခဲ့ပါတယ်။
ကိတ်ရဲ့ ကလေးမွေးပြီးကာစ ပန်းဆီရောင်ဝတ်စုံနဲ့ ကလေးကို ပွေ့ချီကာ ခင်ပွန်းသည်နဲ့အတူ ဓာတ်ပုံရိုက်ခံနေတဲ့ပုံက ဂျာနယ်တွေမှာ ပလူပျံသွားခဲ့ပါတယ်။
အင်္ဂလန်မှာ ပုံမှန်အတိုင်းဆို မိခင်တွေဟာ ကလေးမွေးပြီး ဆေးရုံမှာ တစ်ရက်နဲ့တစ်နေ့ နေကြလေ့ ရှိပါတယ်။
အဓိက,ကတော့ ကလေးမွေးဖွားအပြီး မိခင်တွေဟာ ဆေးရုံပေါ်မှာထက် အိမ်မှာပိုပြီး သက်သောင့်သက်သာ ရှိတတ်ကြပါတယ်။ မွေးပြီး ခဏလောက် စောင့်ကြည့်ပြီး ငါးနာရီနဲ့ ခြောက်နာရီကြား အိမ်ပြန်တာ ပြဿနာသိပ်မရှိဘူးလို့ သားဖွားမီးယပ်ဌာန အကြီးအကဲက ဆိုလိုက်ပါတယ်။
ကိတ်က တော်ဝင်မိသားစုဝင် ဖြစ်တဲ့အတွက် ဆေးရုံရှေ့နဲ့ဘေးမှာ သတင်းသမားတွေ စောင့်ကြည့်သူတွေကြောင့် နေ့ညဆူညံနေပြီး တခြားမိခင်တွေပါ အနှောင့်အယှက်ဖြစ်မှာ မလိုလားတဲ့အတွက် ဖြစ်ပါတယ်။
နောက်ပြီး မိခင်တွေဟာ ဆေးရုံမှာထက် အိမ်မှာ ပိုနေရသက်သာကြပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်လာပြပြီး ကောင်းမွန်ကျေနပ် ပျော်ရွှင်မှုကို ရရှိစေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မီးဖွားပြီး ဖြစ်တတ်တဲ့ နောက်ဆက်တွဲ အန္တရာယ် လက္ခဏာတွေအတွက်ကတော့ သတိရှိရှိ စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်။
● သွေးသွန်တာ
● အဖျားဝင်တာ
● သွေးဆောင့်တိုးတာ
● အချင်းကျန်တာ
ဒါတွေကိုတော့ အရေးတကြီး သတိပြုဖို့ လိုအပ်ပါတယ်။ တော်ဝင်မင်းသမီးမှာ အိမ်မှာရော ဆေးပညာအဖွဲ့ ရှိပေမယ့် တခြားမိခင်တွေကတော့ အနည်းဆုံး တစ်ညနေခန့်၊ တစ်ညခန့် ဆေးရုံမှာ မွေးခန်းမှာနေဖို့၊ စောင့်ကြည့်ဖို့ လိုအပ်လေ့ ရှိပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























