/
node/6211

နောက်ကျောတက်တာ၊ ခါးနာတာအတွက် အကောင်းဆုံးနည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       အခန့်မသင့်လို့ ခါးနာတာ၊ နောက်ကျောတက်တာ၊ အကွေးအဆန့်၊ အထိုင်အထ နာတဲ့အခါ ...

1.       အကိုက်ပျောက်ဆေးတွေ ချက်ချင်းသောက်မလား?

2.       သက်သောင့်သက်သာ ကိုယ့်ဘာသာ ကုကြည့်ကြမလား?

 

>>    ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ကြည့်ကြရအောင် ...

●        အပူအအေး တစ်လှည့်စီ ကပ်ပေးပါ။

          ရေခဲတုံးလေးကို အဝတ်နဲ့ပတ်ပြီး ဆယ်မိနစ်ခန့်ကပ်ထားပါ၊ နောက်နှစ်ရက်နေရင် ရေနွေးဝတ်လေးပြန်ကပ်ပေးပါ။ ရောင်ရမ်းခြင်းတွေကို သက်သာလာစေပြီး မကြာခဏ တလှည့်စီပြုလုပ်ပေးခြင်းဖြင့် အကောင်းဆုံးရလဒ် ရရှိစေပါတယ်။

●        ယောဂကျင့်ပါ ကြွက်သားဆန့်ထုတ်တဲ့ တချိူ့လေ့ကျင့်ခန်းတွေဟာ အလွန်အကျိုးရှိပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူများနဲ့ အရင်တိုင်ပင်ပါ။

●        အကိုက်အခဲပျောက်လိမ်းဆေး လူးခြင်းကလည်း ထိရောက်ပါတယ်။ အသာအယာပွတ်ပြီး အဝိုင်းလိုက် ညင်ညင်သာသာ လိမ်းပေးခြင်းဖြင့် ထိထိရောက်ရောက် သက်သာစေမှာပါ၊

●        လမ်းလျှောက်ပါ၊ နာနေရက်နဲ့ ဖြည်းဖြည်းသက်သာ ကြိုးစားလျှောက်ကြည့်ခြင်းဖြင့် သွေးလည်ပတ်မှု မှန်ကန်နေပါစေ။

●        ဖိနပ် ပြောင်းစီးပါ၊ ဖနောင့်ကို ကောင်းကောင်း ထောက်ကူထားတဲ့ ခြေဖဝါးကို ကွက်တိကျတဲ့ နူးညံ့တဲ့အခင်းပါတဲ့ ဖိနပ်တွေကို ရွေးချယ်စီးသင့်ပါတယ်။

●        အပ်စိုက်ကုထုံးလည်း ထိရောက်ပါတယ်။ ကျွမ်းကျင်သူနဲ့ တိုင်ပင် ကြိုးစားကြည့်ပါ။

●        တရားထိုင်ပါ။ စိတ်ပူ၊ စိတ်ညစ်နေတဲ့အခါ ခါး ပိုနာလာပါတယ်။ စိတ်ဖီစီးမှုဟာ ရောင်ရမ်းမှုတွေကို ပိုဆိုးစေပါတယ်။

●        မွေ့ယာလဲပါ။ အိပ်နေတဲ့မွေ့ယာဟာ နှစ်ကြာလာပြီး အခင်းက အောက်ကို နိမ့်ကျလာတဲ့အခါ ကျောကို ကောင်းစွာ ထောက်မ မထားနိုင်တော့ဘဲ ဖြစ်စေပါတယ်။ ဒါကြောင့် ခါးနာပျောက်ချင်ရင် အိပ်ရာမွေ့ယာကို ကောင်းတာလေး ပြောင်းဝယ်စေလိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)