/
node/6254

ချွေးထွက်တယ်ဆိုတာ ... တကယ်တော့ ဝမ်းသာစရာပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ချွေးလေးတစိုစိုနဲ့ နေရတာ နည်းနည်းတော့ နေရခက်ပေမယ့် ခန္ဓာကိုယ်အတွက် ကျန်းမာခြင်း ဇီဝဖြစ်စဉ်ပါတဲ့။ ခန္ဓာကိုယ်မှာ ချွေးဂလင်းပေါင်း လေးသန်းလောက်ရှိပါသတဲ့။

●        ချွေးထွက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပြေစေပြီး အာဆင်းနစ် ကပ်မီယမ်နဲ့ ခဲဓာတ်တွေကို စွန့်ထုတ်ပစ်ပါတယ်။

●        ပလတ်စတစ်တွေမှာကနေ ၀င်လာတဲ့ BPA အဆိပ်ဓာတ်ဟာ ချွေးကနေ အများဆုံး စွန့်ထုတ်တာပါတဲ့။

●        ချွေးထွက်လေ အရေပြားပေါ်က ကျန်းမာဘက်တီးရီးယားအုပ်စုကို အစာကျွေးသလို နည်းလမ်းနဲ့ အရေပြားကို အထူးကြည်လင် သန့်ရှင်းစေပါတယ်။  ချွေးထွက်ခြင်းအားဖြင့် အရေပြားလဲလှယ်မှု ဖြစ်စဉ်အသစ်တွေကို မြန်ဆန်စေပါတယ်။

●        အန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားတွကို ဆေးကြောသန့်စင်ပေးပါတယ်။ အရေပြားကို မြန်မြန်ဆန်ဆန် အသစ်ဖြစ်စေပြီး ဆဲလ်အဟောင်းတွေကို ကွာကျစေပါတယ်။

●        ချွေးထွက်ခြင်းအားဖြင့် ပူပန်သောကတွေကို ဆေးချလိုက်သလိုပါပဲ။ ကြွက်သားတွေကို ပြေလျော့သွားစေပါတယ်။

●        ချွေးထွက်တာက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှု အားကောင်းစေပါတယ်။ ဟော်မုန်းစွန့်ထုတ်မှုတွေကို မြန်ဆန်သွက်လက်လာစေပြီး အမျိုးသားတွေအနေနဲ့ အမျိူးသမီးတွေကို ပိုမိုဆွဲဆောင်နိုင်မှာပါ။

 

>>    ချွေးသိပ်ထွက်တတ်တဲ့အခါ ဘာလုပ်ရင်ကောင်းမလဲ?

●        လေ့ကျင့်ခန်းတစ်ခုခု နေ့စဉ်လုပ်ပါ။ တစ်ကိုယ်လုံးက ချွေးတွေထွက်လာပြီး နေလို့ကောင်းသွားတဲ့အထိ ကစားပစ်လိုက်ပါ။

●        နေ့စဉ် ရေချိုးပါ၊ ကြေးချွတ်ပါ။ စားဆော်ဒါနဲ့ တိုက်ချွတ်ဆေးကြောပါ။ သုံးရက်တစ်ခါ ဆဲလ်အသေတွေကို ဖယ်ရှားပေးရင်ရပါပြီ။ အလွန်အကြူး ကြေးချွတ်လွန်းရင်လည်း အသားအရေ ခြောက်သွေ့လာတတ်ပါတယ်။

●        ချိုင်းချွေးနံပျောက်ဆေးတွေ သိပ်မသုံးပါနဲ့။ ဓာတုဆေးတွေပါတဲ့အပြင် ချွေးပေါက်တွေကိုပါ ပိတ်ဆို့စေလို့ပါ။ ကျောက်ချဉ်လေး ပွတ်ပေးရင်လည်း အိုကေပါတယ်။

●        ပွပွချောင်ချောင် ချည်ထည်လေးတွေ ရွေးချယ်ဝတ်ဆင်ပါ။ အကြပ်တွေ၊ ဓာတုချည်သားတွေ ရှောင်ပါ၊ ကိုယ်နဲ့ အကျႌကပ်မနေစေတဲ့ အလွင့်လေးတွေဝတ်ပါ။

 

>>    ချွေးသိပ်ထွက်တာပြဿနာ မဟုတ်ပေမယ့် ...

●        အရက်သောက်သူတွေ

●        အရေပြားရောဂါ ခံစားနေရသူတွေ

●        နှလုံးရောဂါ ရှိသူတွေ

●        သွေးတိုးရှိသူတွေမှာ  အလွန်ချွေးထွက်တဲ့အခါ သွေးတွင်း ဓာတုဓာတ်တွေကို ကမောက်ကမ ဖြစ်စေပြီး အန္တရာယ် ရှိနိုင်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)