ကိုယ်ဝန်ဆောင်မမတို့ခံစားရတတ်တဲ့ တချို့သောလက္ခဏာလေးတွေအကြောင်း တစေ့တစောင်း
အကြောင်းအခွင့်သင့်လို့မဗိုက်လေးဖြစ်လာပြီဆိုရင်ဖြင့်မအီမသာလေးတွေတော့ ရှိတတ်ကြတာပါပဲ။ ဗိုက်ကလေးကစူပီးတင်းလာတာအပြင် တခြားမျှော်လင့်မထားတာလေးတွေလည်း ကြုံတွေ့ရတတ်သေးတာမို့ သိထားတာလေးတွေ မျှဝေမယ်နော်..
• ခဏခဏဆီးသွားချင်တာ။ လူကြားထဲသူငယ်ချင်းမိတ်ဆွေကြားထဲမှာ ရှူရှူးတွေယိုဆင်းလာလို့ မျက်နှာပျက်ရှက်ရတဲ့ မဗိုက်တွေရှိကြမှာပါ။ ထိန်းလို့လဲမရတတ်တာမို့ လစဉ်သုံး၊ နေ့စဉ်သုံးအခုအခံလေးတွေ ဘောင်းဘီထဲမှာခံထားပေးရင်ပြေလည်ပြီပေါ့။
• မျက်နှာမှာအမွှေးအမြင်ပေါက်လာတာ။ စိတ်မပူပါနဲ့။ ဒါလည်းသဘာဝပါပဲ။ အမွှေးချွတ်တဲ့ဖယောင်းချက်တို့လိမ်းဆေးတို့ပေါ်နေပီပဲဟာ။ လေဆာတော့မသုံးပါနဲ့။ ၀က််ခြံထွက်လာပေမယ့်ကိုယ်ဝန်ရှိစမှာ ပိုထွက်တတ်တာပါ။ ကိုယ်ဝန်နဲ့ဝက်ခြံပျောက်ဆေးစားလို့မရပါ။ သိပ်ဆိုးရင်အရေပြားဆရာဝန်ပြနိုင်ပါတယ်။
• ကိုယ်နံပြင်းလာတာကတော့ရှိတတ်ပေမယ့် မိန်းမကိ်ုယ်မှိုရောဂါတွေဖြစ်နေမှာစိုးလို့ ဆရာဝန်တော့ပြကြည့်ပါဦး။ အဖြူဆင်းတာရယ်ယားတာရယ်တွဲဖြစ်တတ်ပါတယ်။
• ဝလာတာလောက်တော့ မေ့ထားလိုက်ပါ။ ဒီဆယ်လပဲဟာကို။ ကောင်းကောင်းစားလို့ဝလာတာအပြင် ကိုယ်ဝန်ကြောင့်လဲဖြစ်ပါတယ်။ ဆွဲဆောင်နိုင်စွမ်းနည်းသွားမှာမပူပါနဲ့။ ကိုယ်ဝန်ကြောင့်နည်းနည်းပြည့်လာတော့ ခန့်ခန််ညားညားတောင်ရှိသေးနော်။ လှတော့ဘူးလို့စိတ်ပူတတ်တာဟာပုံမှန်ပါတဲ့။
• ကိုယ်ဝန်ရှိပြီဆိုရင်အတော်များများ နွားနို့သောက်ကြတယ်။ နွားနို့မှာပါတဲ့တချို့ဓာတ်လေးတွေကြောင့် လေချဉ်တက်တာ၊ လေလည်များတာတွေဖြစ်နိုင်တယ်နော်။ ကိုယ်ဝန်ဆောင်လေးတွေ တအေ့အေ့တို့၊ တဘူဘူတို့ဖြစ်နေကြပြီဆိုရင် နွားနို့ကတရားခံဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်သဘာဝအရလဲ လေပွတာ၊ လေဆန်တာဖြစ်နိုင်သေးတာပါပဲ။
• နောက်ဆုံးစိတ်ညစ်စရာအကောင်းဆုံးကလိပ်ခေါင်းပါ။ ဝမ်းသွားပြီးရင်စအိုဝမှာ အသီးလေးထွက်..တချို့ဆိုရောင်ပြီးနာတာမျိုး။ ဝမ်းချုပ်တာကြောင့်အဓိကဖြစ်ပါတယ်။ အစားသိပ်ရှောင်တဲ့ မမတွေ၊ ညီမတွေ သတိထားပါ။ အသီးအနှံစိမ်းစိမ်းစိုစိုလတ်လတ်ဆတ်ဆတ်တွေများများစားပေးပါ။ ဝမ်းပုံမှန်သွားမသွားဂရုစိုက်ပေးပါနော်။ သိပ်ချုပ်လွန်းရင်ဆရာဝန်ပြပြီး ညွှန်ကြားချက်အတိုင်း ဝမ်းပျော့ဆေးလေးသောက်လို့ရပါတယ်။
ကိုယ်ဝန်ကြောင့်ဖြစ်တတ်တာလေးတွေရေးသားတင်ပြလိုက်တာမို့ စိုးရိမ်သောကလေးတွေအတန်အသင့်လျော့သွားလောက်ပြီလို့ ယုံကြည်ပါတယ်။
ကိုယ်ဝန်ဆောင်ဘဝကျန်းမာလှပပါစေ။
ဂျီပီငှက် ( ဆေး/ မန်း )(www.drmyanmar.com)
(Unicode)






























