/
node/6552

ခံတွင်းကင်ဆာအန္တရာယ် ကြိုတင်ကာကွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           ရိုးရှင်းတဲ့ အချက်အလက်လေးတွေ လိုက်နာပြီး ခံတွင်းကင်ဆာအန္တရာယ်ကို ဝေးဝေးရှောင်နိုင်ပါတယ်။

●        အသီးအရွက် လတ်လတ်ဆတ်ဆတ် ပေါပေါများများစားခြင်းဖြင့် မိမိကိုယ်ကို အာဟာရပြည့်ဝ ကျန်းမာနေအောင် ထိန်းထားနိုင်တဲ့အပြင် ခံတွင်းကင်ဆာကိုပါ သိသိသာသာ ကာကွယ်နိုင်ပါတယ်။ မုန်လာဥနီနဲ့ ရွှေဖရုံသီးတွေကခံတွင်းအတွက် ကောင်းမွန်သင့်တော်ပါတယ်။

●        အသီးအရွက်တွေကို တတ်နိုင်သလောက် အစိမ်းစားပါ။ ဆလပ်ရွက် အတို့အမြုပ်လေးတွေကို နေ့စဉ်စားပေးခြင်းက ကြော်တာ၊ ချက်တာထက် ပိုကောင်းပါတယ်။ ရေနွေးငွေ့လေးနဲ့ ပေါင်းစားတာကလည်း ရှယ်အာဟာရတွေ ရစေတာပေါ့။

●        နေရောင်ပြင်းပြင်းကနေ မိမိကိုယ်ကို ကာကွယ်ထားတာကလည်း ထိရောက်တဲ့ ကင်ဆာကာကွယ်ဆေးပါ။ အထူးသဖြင့် နှုတ်ခမ်းတွေကို ကာကွယ်ပါ။

●        ဦးထုပ်အဝိုင်းကြီးကြီး ဆောင်းပါ။

●        အရက်ဖြတ်တာက ခံတွင်းကင်ဆာအတွက် အလွန်အရေးပါတဲ့ ကာကွယ်မှုပါ။ အရက်သောက်သူတွေမှာ ခံတွင်းကင်ဆာဖြစ်ပွားမှု မြင့်ပါတယ်။

●        ကြွက်နို့ ကာကွယ်ဆေးထိုးပါ၊ ခံတွင်းထဲမှာ ကြွက်နို့ပိုးရှိနေရင် ခံတွင်းကင်ဆာအန္တရာယ် ထောင်တက်လာပါတယ်။

●        သွားဆရာဝန်ထံ ပုံမှန်ပြသစစ်ဆေးခြင်းဖြင့် မူမမှန်တစ်သျှူးတွေ၊ အလုံးအကျိတ်တွေကို ဝေးဝေးထားလိုက်နိုင်ပါတယ်။

●        တစ်လတစ်ခါ မှန်ကြည့်ရင်း မိမိခံတွင်းနဲ့ နှုတ်ခမ်းတစ်ဝိုက်ပါ အရေပြား အရောင်ပြောင်းတာ၊ အဖုအကျိတ် ရှိ/မရှိ စစ်ဆေးပါ။

●        ဆေးလိပ်ဟာ ခံတွင်းကင်ဆာဖြစ်ပွားမှုကို အဆတက်စေပါတယ်။ စီးကရက် ခဲထားရင်း ခံတွင်းက တစ်သျှူးတွေ ပြောင်းလဲမှု ရှိလာပြီး ကင်ဆာအသွင် ပြောင်းသွားနိုင်ပါတယ်။

●        ဆေးလိပ်သောက်သူတွေ အနားမနေပါနဲ့။ ရှူရှိုက်မိပြီး မိမိသောက်သလို ခံတွင်းကင်ဆာအန္တရာယ် ရှိလာမှာပါပဲ။

●        ဆေးလိပ်မသောက်နဲ့ဆိုလို့ ဆေးရွက်ကြီးလည်း မငုံပါနဲ့။ ပိုဆိုးတဲ့ အန္တရာယ်ရှိပစ္စည်းပါ။

●        မြန်မာတွေအကြိုက် ကွမ်းယာဟာ ခံတွင်းကင်ဆာဖြစ်ဖို့ အမြင့်မားဆုံး တွန်းပို့လျက် ရှိပါတယ်။ ကွမ်း လုံးဝမစားပါနဲ့။

●        သွားတုတွေ၊ အံကပ်တွေကို အသုံးပြုနေရရင် တတ်နိုင်သလောက်  သန့်ရှင်းစင်ကြယ်စွာ ထားပါ။

●        ပုံမှန်သွားတိုက်ခြင်း၊ သွားကြားပွတ်ကြိုးသုံးခြင်းဖြင့် ခံတွင်းကျန်းမာရေး ပိုကောင်းလာစေပြီး ကင်ဆာအန္တရာယ် ကာကွယ်စေပါတယ်။

●        နေ့စဉ်သုံးနေတဲ့ ခံတွင်းသန့်စင်ဆေးရည်တွေက ကောင်းပေမယ့် အရက်ပါလို့ ကင်ဆာအန္တရာယ် ရှိနေပါသေးတယ်။ အရည်အသွေး အာမခံတံဆိပ်တစ်မျိုးမျိုးကို ရွေးချယ်ဝယ်ယူပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)