ကြက်ဥပုပ်နံ့ နံနေတဲ့အီအီး
အီးအီး ဘယ်သူပေါက် မောင်ပေါက် လို့ ပြောနိုင်လောက်အောင် အနံ့တွေ ဆိုးနေပါသလား။
စားတဲ့အစားအသောက်တွေဟာ လူတွေရဲ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိနေတယ်နော်။ အီအီးပေါက်တာဟာ ညစ်ပတ်တယ်လို့ ယူဆရပေမယ့် တကယ်တော့ အီအီးပေါက်မှသာ အစာချေစနစ် ကောင်းကောင်းအလုပ်လုပ်တယ်ဆိုတာကို သိနိုင်မှာပေါ့။ ကြက်ဥပုပ်နံ့ နံနေရင်တောင်မှပေါ့။ လူစုစုထဲ သွားပေါက်လိုက်မိရင် အရှက်ကွဲနိုင်တာလောက်ကလွဲရင် တခြားကြီးကြီးမားမားပြဿနာ မရှိတတ်ဘူး။
>> အီအီးပေါက်တာ ကြက်ဥပုပ်နံ့ နံနေတဲ့အခါ ...
ဘာလို့များ လေလည်တာ ကြက်ဥပုပ်နံ့နံနေလဲ သိချင်ရင် စားတဲ့အစားအသောက်ကို ကြည့်ကြည့်လိုက်ပါ။ အထူးသဖြင့် ဆာလ်ဖာပါတဲ့ အစားအသောက်တွေ စားမိရင် ပိုဆိုးတတ်တယ်။ ဆာလ်ဖာပါတဲ့ အစားအသောက်တွေကို ခန္ဓာကိုယ်က hydrogen sulphide လို့ခေါ်တဲ့ ဓာတ်ပေါင်းအဖြစ် ဖြိုခွဲလိုက်တယ်။ အထူးသဖြင့် ပဲ၊ ဇီိးသီး၊ ပန်းသီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်သေးသေးလေး စသဖြင့် အစားအသောက်တွေမှာ ဆာလ်ဖာ ပါတတ်တယ်။
အစားအသောက်ကို ချေဖျက်ပြီးချိန်မှာ တချို့တွေက hydrogen sulfide ထုတ်သလို တချို့တွေက methane ဓာတ်ငွေ့ ထုတ်တယ်။ Hydrogen sulfide ထုတ်လုပ်သူတွေမှာတော့ လေလည်တဲ့အခါ ကြက်ဥပုပ်နံ့ နံနေလိမ့်မယ်။ နောက်ဆုံးတော့လည်း စားတဲ့အစားအသောက်နဲ့ စားတဲ့ပမာဏအပေါ်ပဲ မူတည်နေတာပါ။
>> စိုးရိမ်စရာရှိလား?
မေးစရာရှိတာက စိုးရိမ်ရလား? တစ်ခုခုများ ဖြစ်နေတာလား? အများစုမှာတေ့ာ လေလည်တဲ့အခါ အနံ့နံတာဟာ ဘာမှမဖြစ်တတ်ဘူး။ အနံ့ဆိုးတာကလည်း စားလိုက်တဲ့ ကစီဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူနိုင်ဘဲ အချဉ်ပေါက်သွားတာကြောင့်ပါ။
စိတ်ဝင်စားစရာတစ်ခုကတော့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားခဲ့ရင် လေလည်တဲ့အနံ့ ပိုဆိုးတတ်တယ်။ ဂေါ်ဖီထုပ်သေး၊ ပန်းဂေါ်ဖီစိမ်း စသဖြင့်ပေါ့။ ဒီအစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အမျှင်ဓာတ်တွေ အများကြီးပါပေမယ့် အနံ့ဆိုးဆိုးတွေ ထွက်တတ်သေးတယ်။ အနီရောင်အသားတွေနဲ့ အပင်ကရတဲ့ ပရိုတင်းဓာတ်တွေမှာ ဆာလ်ဖာပါတဲ့အတွက် လေလည်တာ အနံ့နံတတ်တယ်။
>> ဘယ်အချိန်မှာ ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရမလဲ?
များသောအားဖြင့်တော့ ဘာမှမဖြစ်တာများပေမယ့် စိတ်ပူရင် ကိုယ်စားတဲ့ အစားအသောက်ထဲမှာ ဆာလ်ဖာပါတာတွေကို ရှောင်စားပေးကြည့်ပါ။ ဝမ်း ပုံမှန်သွားပေမယ့် လေလည်တာက ကြက်ဥပုပ်နံ့ နံနေတုန်းပဲဆိုရင်တော့ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်တယ်။ တခြားလက္ခဏာတွေဖြစ်တဲ့ ပျို့အန်တာ၊ ကိုယ်အလေးချိန်ကျတာ၊ ဗိုက်နာတာတွေပါ ရှိခဲ့ရင် ပိုသေချာပါတယ်။
● ကစီဓာတ် မစုပ်ယူနိုင်ခြင်း
ကစီဓာတ် မစုပ်ယူနိုင်တဲ့အခါ ကြက်ဥပုပ်နံ့ လေလည်နိုင်တဲ့အပြင် လေပွတာ၊ ဗိုက်အောင့်တာတွေပါ ဖြစ်နိုင်တယ်။ ဆိုးလာရင် Coeliac disease လို့ခေါ်တဲ့ အာဟာရစုပ်ယူမှု အားနည်းရောဂါ ဖြစ်လာပြီး ဗီတာမင်ဓာတ်တွေ အားနည်းတာ၊ ဗိုက်အောင့်တာတွေပါ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာခဲ့ရင် ဘာလေ၊ ဂျုံ၊ ရိုင်းဂျုံ စသဖြင့် ဂလူတန်ပါတဲ့ အစားအသောက်တွေကို ရှောင်ပေးသင့်တယ်။ ဒီလိုဂလူတန်တွေကို လျော့စားလိုက်တာနဲ့ လေလည်တဲ့အရေအတွက်လည်း သက်သာသွားလိမ့်မယ်။
● လတ်တို့စ်ဓာတ်မတည့်ခြင်း
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ လက်တို့စ်သကြားဓာတ် ပါတယ်။ ဒီအချိုတွေကို ဖြိုခွဲပစ်ဖို့အတွက် လက်တေ့စ်ဆိုတဲ့ အင်ဇိုင်းလိုအပ်တယ်။ တချို့လူတွေမှာ ဒီအင်ဇိုင်း မပါတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မဖြိုခွဲနိုင်တော့ဘူး။ မဖြိုခွဲနိုင်တဲ့အခါ ဘက်တီးရီးယားတွေက စားသုံးပြီး အနံ့တွေ ထွက်လာတော့တယ်။ ဒါကြောင့် လေပွတာ၊ လေထတာတွေ သက်သာမလားဆိုပြီး နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ခဏရှောင်ပေးဖို့လိုတယ်။
● အူလမ်းကြောင်းပိုးဝင်ခြင်း
အူလမ်းကြောင်းထဲမှာ ကျန်းမာရေးအတွက်ကောင်းတဲ့ အကျိုးပြု ဘက်တီးရီးယားနဲ့ အကျိုးမပြုတဲ့ ဘက်တီးရီးယားဆိုပြီး ရှိတယ်။ အူလမ်းကြောင်းနံရံမှာ ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ လာတွယ်ကပ်နိုင်သေးတယ်။ ဒီလိုပိုးဝင်တဲ့အခါ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ ဖျားနာတာတွေပါ ဖြစ်နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























