အူပိတ်တဲ့အခါ ...
စားလိုက်သမျှ အစားအသောက်တွေဟာ ၂၅ ပေရှိတဲ့ အူလမ်းကြောင်းကြီးတစ်လျှောက်ကို ဖြတ်ရတယ်။ ဒါပေမဲ့ အူပိတ်တဲ့အခါ ဒီလှုပ်ရှားမှုတွေ အကုန်ရပ်တန့်ပြီးတော့ အစာတွေ၊ အရည်တွေ၊ အစာအိမ်အက်ဆစ်တွေ၊ ဂတ်စ်တွေ ပိတ်မိနေတော့တာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း ဖိအားများလာပြီး ပေါက်ထွက်ခဲ့ရင် အူထဲပိတ်မိနေသမျှတွေအကုန် ဗိုက်ခေါင်းထဲ ထွက်ကျလာပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာတော့တယ်။
ဒီလိုအူပိတ်စေရတဲ့ အကြောင်းရင်း အများကြီးရှိပေမယ့် အချို့အကြောင်းရင်းတွေက ကာကွယ်မရနိုင်တာမျိုးလည်းရှိလို့ အူပိတ်တာကို စောစောသိ စောစောကုနိုင်ဖို့ အရေးကြီးတယ်နော်။
● ရင်ပြည့်ရင်ကယ်နေခြင်း
● ဗိုက်နာခြင်း
● အစားအသောက်ပျက်ခြင်း
● ပျို့ခြင်း
● အန်ခြင်း
● ဝမ်းမသွား၊ လေမလည်ခြင်း
● ဝမ်းချုပ်ခြင်း
● ဝမ်းသွားခြင်း
● ဗိုက်ရစ်နာခြင်း
● ဗိုက်ကြီးဖောင်းလာခြင်း
ဒီလက္ခဏာတွေဟာ ပိတ်တဲ့နေရာနဲ့ ပိတ်တဲ့အချိန်တွေပေါ် မူတည်ပြီးတော့ ပေါ်လာတယ်။ အူသိမ်မှာပိတ်ရင် အစောဆုံးလက္ခဏာဟာ အန်တာဖြစ်ပြီးတော့ အူမကြီးမှာပိတ်ခဲ့ရင် တဖြည်းဖြည်းချင်း နောက်ပိုင်းမှ အန်တယ်။ တစ်ဝက်တစ်ပျက်ပဲပ်ိတ်ရင် ဝမ်းလျှောနိုင်ပေမယ့် လုံးဝဥသုဉ် ပိတ်ခဲ့ရင် ဝမ်းမသွား၊ လေမလည်ဘဲ လာနိုင်ပါတယ်။
အူ ပေါက်ထွက်သွားခဲ့ရင်တော့ ဝမ်းခေါင်းထဲမှာ ရောင်ရမ်းပိုးဝင်ပြီးတော့ ဖျားတာ၊ ဗိုက်အောင့်အောင့်လာနိုင်ပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်ရပြီး ခွဲစိတ်မှု လိုအပ်နိုင်တာကို သတိထားရမယ်။
အူပိတ်ရတဲ့ အကြောင်းရင်းတွေကို ပြောပြမယ်နော်။
တစ်ဝက်တစ်ပျက်ပိတ်ခဲ့ရင် ခွဲစိတ်ဖု့ိမလိုဘဲ ပျောက်ကင်းနိုင်ပေမယ့် အပြည့်ပိတ်သွားရင်တော့ ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။
>> အူလမ်းကြောင်းမှာ တစ်ဆို့ပြီး ပိတ်ရတဲ့ အကြောင်းရင်းတွေကတော့ -
● ဝမ်းဗိုက် ခွဲစိတ်ပြီး ဒါမှမဟုတ် အပြင်းအထန် ရောင်ရမ်းပြီး အမျှင်တစ်သျှူးတွေနဲ့ ပိတ်ခြင်း
● အူလိိမ်ခြင်း
● အူစွပ်ခြင်း
● အူပုံမမှန်ခြင်း
● အူအကျိတ်
● သည်းခြေကျောက်ပိတ်ခြင်း
● ပစ္စည်းတစ်ခုခု မျိုမိခြင်း၊ (အထူးသဖြင့် ကလေတွေမှာ)း
● အူကျွံခြင်း
● အူရောင်ရမ်းရောဂါ
>> အခြားအဖြစ်နည်းတဲ့အကြောင်းရင်းတွေကတော့ -
● ဝမ်းတစ်ဆို့ပိတ်ခြင်း
● သားဥအိမ်ကင်ဆာ
● အူမကြီးကင်ဆာ
● မွေးကင်းစမှာ Meconium လို့ခေါ်တဲ့ ကလေးရဲ့ ပထမဦးဆုံးသွားတဲ့ဝမ်း တစ်ဆို့ခြင်း
● အူလိမ်ခြင်း၊ အူစွပ်ခြင်း
● အူသိမ်မြွားရောင်ရမ်းခြင်း
● အမာရွတ်ဖြစ်ပြီး၊ ရောင်ရမ်းပြီး အူကျဉ်းခြင်း
အူူမလှုပ်လို့လည်း အူပိတ်တတ်သေးတယ်နော်။
အူသိမ်နဲ့ အူမကြီးတို့ဟာ စည်းချက်ကျကျ လှုပ်ရှားရပါတယ်။ ဒီလိုစည်းချက်မညီတော့ဘဲ အူငြိမ်သွားတဲ့အခါ အူပိတ််တတ်တယ်။
အူ မလှုပ်စေတတ်တဲ့ အကြောင်းရင်းတွေကို ကြည့်ကြည့်ရအောင်။
● ဝမ်းဗိုက်နဲ့ တင်ပါးဆုံအောက်ပိုင်း ခွဲစိတ်ခြင်း
● ပိုးဝင်ခြင်း (အထက်လှန်အောက်လျှော၊ အူအတက်ရောင်ခြင်း)
● ဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေးများ
● ကိုယ်တွင်းဓာတ်ရည်များ ပုံမမှန်ခြင်း
>> တာရှည်မလှုပ်အောင် တားဆီးထားတဲ့ အကြောင်းရင်းတွေကတော့ -
● ပါကင်ဆန်ရောဂါ၊ ဦးနှောက်အာရုံကြောအလွှာ ကွာခြင်း၊ အခြားအာရုံကြောနဲ့ ကြွက်သားရောဂါများ
● Hirschsprung’s disease လို့ခေါ်တဲ့ အူမကြီးအာရုံကြော ပျက်နေခြင်း
● ဆီးချိုလိုမိျုး အာရုံကြော ပျက်စီးစေတဲ့ရောဂါများ
● သိုင်းရွိုက်ဓာတ် အားနည်းခြင်း
မွေးကင်းကလေးတွေမှာ ပိုပြီးတော့ အူစွပ်တတ်တယ်တဲ့။
မွေးကင်းစလေးတွေမှာ ပိုးဝင်တာ၊ အင်္ဂါအစိတ်အပိုင်းရောဂါတေ ွပါလာတာ၊ အူလိမ်တာတွေကြောင့် အူပိတ်တတ်ပြီး တချို့ကလေးတွေမှာ အူဗိုင်းရပ်စ်ပိုး ဝင်ပြီးတော့ ရောင်ပြီး ပိတ်တတ်ပါတယ်။
အသက် ၂ နှစ်အောက် ကလေးတွေမှာ အူစွပ်လေ့ ရှိတယ်။ ဒီလို အူစွပ်ပြီးနောက် အူပိတ်သွားတတ်တယ်။
ကလေးတွေမှာ အူပိတ်တဲ့အခါ မပြောတတ်၊ မဖော်ပြတတ်တဲ့အတွက် ရောဂါရှာရတာ ခက်ခဲတတ်တယ်။ ဒါကြောင့် -
● ဗိုက်ဖောင်းလာတာ
● အရမ်းကို မှိန်းနေတာ
● ဖျားတာ
● နာကျင်ညည်းညူနေတာ
● နီနီခဲခဲယိုလို ဝမ်းမျိုးသွားတာ
● အကျယ်ကြီး ငိုနေတာ
● စိမ်းဝါဝါအရောင်တွေ အန်တာ
● ခွေခေါက်နေတာ
ဒီလိုအူူပိတ်တဲ့လက္ခဏာတွေ ရှိ၊ မရှိ မိဘတွေက စောင့်ကြည့့်ထားဖို့ လိုလာပြီနော်။
ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်လဲဆိုတာ သိထားရမယ့်အရာတစ်ခုပါပဲ။
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းအလွန်ချုပ်ခြင်း၊ အစားအသောက်ပျက်ခြင်း ဆိုတဲ့ အူပိတ်တဲ့လက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ပြရပါမယ်နော်။
>> ဒါဆိုရင် အူပိတ်မှန်း ဘယ်လိုသိနိုင်မလဲ?
ဆရာဝန်က ဗိုက်ကို နှိပ်နယ်စမ်းသပ်ကြည့်ပြီး ဗိုက်ကို နားထောင်လိမ့်မယ်။ အလုံးအကျိတ် စမ်းမိတာ၊ အသံတစ်ခုခု ကြားရတာမျိုး ရှိ၊ မရှိ သိနိုင်တယ်။
ပြီးတော့ -
● သွေးဆဲလ်တွေ၊ အသည်းလုပ်ငန်း၊ ကျောက်ကပ်လုပ်ငန်းတွေနဲ့ သွေးတွင်းဓာတ်ရည်တွေကို သိနိုင်ဖို့အတွက် သွေးဖောက်စစ်တာ
● ဓာတ်မှန်
● CT ဓာတ်မှန်
● အူမှန်ပြောင်း
● စအိုဆေးထည့်ဓာတ်မှန် စသဖြင့် လိုအပ်တဲ့ စစ်ဆေးမှုတွေကနေတစ်ဆင့် အဖြေရှာတွေ့နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























