အမျိုးသားဟော်မုန်း တက်စထိုစတီရုန်းက အမျိုးသမီးတွေအတွက်လည်း ကောင်းမွန်အကျိုးရှိတဲ့ ဟော်မုန်းပါ
တက်စတိုစတီရုန်းလို့ခေါ်တဲ့ အမျိုးသားဟော်မုန်းဟာ လိင်ဆန္ဒ သုတ်ကောင် ထုတ်လွှတ်မှု အဆီဆဲလ်နဲ့ သွေးနီဥအပြင် ကြွက်သားတည်ဆောက်မှုမှာပါ အလွန်အရေးပါတဲ့ဟော်မုန်းပါ။
အမျိုးသားတွေမှာ အမျိုးသမီးတွေထက် တက်စထိုစတီရုန်း ဟော်မုန်း ဆယ်ဆခန့် ပိုမိုများပြားပါတယ်။ အမျိုးသားဟော်မုန်း တက်စထိုစတီရုန်းက အမျိုးသမီးတွေမှာ ပမာဏနည်းပါးစွာ ရှိနေတတ်ပေမယ့် အမျိုးသမီးတွေအတွက်လည်း ကောင်းမွန်အကျိုးရှိတဲ့ ဟော်မုန်းပါ။
တက်စထရိုစတီရုန်း လက်ခံနေရာတွေက အောက်ပါနေရာတွေမှာ တည်ရှိပါတယ်။
● မျိူးပွားအဂါၤ
● သွေးကြောတွေ
● ဦးနှောက်
>> အမျိုးသားဟော်မုန်းက -
● ကြွက်သား တည်ဆောက်မှု
● ကြွက်သား ကြီးထွားဖွံ ့ဖြိုးမှု
● အရိုးသန်မာဖို့ အထူးလိုပါတယ်။
နောက်ပြီး တက်စထရိုစတီရန်းဟာ ဦးနှောက်စွမ်းအင်ကို မြင့်တက်စေပြီး စိတ်ကျရောဂါကို ကာကွယ်ပေးပါတယ်။ အသက် ၄၀ မှာ မိန်းမတစ်ယောက်ရဲ့ ကိုယ်တွင်း အမျိုးသားဟော်မုန်းပမာဏဟာ ထက်ဝက် ကျဆင်းလာတာကြောင့် စိတ်ကျရောဂါ ဖြစ်ဖို့အလားအလာ များတက်ပါတယ်။
>> အသက်ကြီးသော အမျိုးသမီးတွေမှာ အမျိုးသားဟော်မုန်း ဘာတွေကောင်းလဲဆိုတော့ -
● ကြွက်သား ပြန်လည်တည်ဆောက်မှု
● လှုပ်ရှားသွက်လက်မှု နှင့်
● အရိုးစွမ်းအားတွေကို ပြန်လည်မြင့်တက်စေပါတယ်။
တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သနေ္ဓတားဆေးတွေ သောက်သုံးနေရတဲ့ အမျိုးသမီးငယ်တွေဟာ မိမိရဲ့အမျိုးသားဟော်မုန်းကို လျော့ကျအောင် လုပ်သလိုဖြစ်နေပြီး ကြွက်သားတွေ ပါးလျားလာတာ အရိုးပွလာတာတွေ ကြုံနိုင်ပါသေးတယ်။
ဒါကြောင့် အမျိုးသားဟော်မုန်းပေမယ့် အမျိုးသမီးတွေရဲ့ကိုယ်ထဲမှာ တိတ်တိတ်လေး တည်ရှိနေပြီး အကျိုးဖြစ်ပေးနေတဲ့ တက်စထရိုစတီရုန်းအကြောင်း တင်ပြပေးလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























