/
node/6630

ကလေးငယ် အစာတွေ ပြန်ဆန်တက်နေလား

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေး အစာတွေ ပြန်ဆန်တက်နေတာကို ဘယ်လိုသိနိုင်မလဲဆိုတဲ့ နည်းလေးတွေ ဖေဖေ၊ မေမေတို့သိအောင် ပြောပြမယ်နော်။

          အသစ်စက်စက် ဖေဖေ၊ မေမေတို့တွေ့တဲ့အတိုင်း ကလေးတွေဟာ နို့စို့ပြီးနောက်မှာ နို့ပြန်ပြန်အန်ထုတ်တတ်တယ်။ တကယ်အန်တာလိုမျိုး ဗိုက်ကြွက်သားတွေ ညစ်ထုတ်အန်တာမျိုး မဟုတ်ဘဲ မျိုချလိုက်တဲ့နို့တွေ အလိုလို ပြန်ဆန်ထွက်လာတာမျိုးပါ။

          နို့စို့လိုက်တဲ့အခါ နို့က အစာအိမ်ထဲရောက်သွားတယ်။ အစာပြွန်နဲ့ အစာအိမ်ကြားထဲမှာ အစို့ရှင်လေးတစ်ခု ရှိတယ်။ ဒီအစို့ရှင်လေးဟာ လူကြီးတွေမှာ တင်းတင်းပိတ်လျက်ရှိပေမယ့် တချို့ကလေးတွေမှာတော့ ပျော့နေတတ်ကြတယ်။ အဲဒါကြောင့် အစာတွေ ပြန်ဆန်တက်တာပါ။

          ကလေးလေးဟာ လှဲအိပ်လိုက်တိုင်း ငိုငိုနေတယ်၊ နို့စို့ပြီးတိုင်း အန်ထွက်နေမယ်ဆိုရင် အစာ ပြန်ဆန်တက်နေတာပဲ ဖြစ်လိမ့်မယ်။

          ကလေးတွေဟာ လှဲအိပ်ခိုင်းရင် ငိုတတ်တာ ချည်းပေမယ့် လှဲအိပ်လိုက်တိုင်း မသက်မသာဖြစ်ပြီး မတ်မတ်နေရင် အဆင်ပြေတယ်ဆိုရင် အစာပြန်ဆန်တက်တာကို သံသယရှိသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)