ကလေးများနဲ့ ရိုက်နှက်ခြင်း
၁။ ရိုက်နှက်ခြင်းက ကလေးတွေကို ရိုက်နှက်တတ်အောင် သင်ကြားပေးသလို ဖြစ်တတ်တယ်။
ဒါကိုထင်ပေါ်စေတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်။ ရိုက်ပေးမှ ကလေးစကားနားထောင်မယ်ဆိုတဲ့ အယူအဆကိုလက်ဆွဲထားတဲ့ ေမမေတစ်ယောက်ဟာ တစ်ရက်မှာ ၃နှစ်အရွယ်သမီးလေးက ၁နှစ်အရွယ်သူ့မောင်လေးကို ရိုက်နှက်နေတာတွေ့လိုက်သတ့ဲ။ ဘာလို့ရိုက်သလဲမေးကြည့်တဲ့အခါ မေမေလုပ်တမ်းဆော့နေတာလို့ ကလေးကပြန်ဖြေပါတော့တယ်။ နောက်ပိုင်းမှာ ဒီမေမေဟာကလေးကိုဘယ်တော့မှ မရိုက်တော့ပါဘူး။ ကလေးတွေဟာ ဘေးက သူချစ်ခင်ရတဲ့ လူကြီးသူမတွေကို လိုက်အတုခိုးတတ်ကြတယ်။ လူကြီးတွေလုပ်သမျှဟာ အမှန်လို့ယူဆတတ်ကြတယ်။
ရိုက်နှက်ခြင်းက ဒေါသထွက်ရင် လက်ပါတာမှန်တယ်၊ မှားနေရင်ရိုက်နှက်ပြီးပြင်ပေးရတယ်ဆိုတဲ့ အတွေးကို ကလေးခေါင်းထဲထည့်ပေးလိုက်သလိုပါပဲ။ ဒေါသအမျက်ကို ဘယ်လိုထိန်းသင့်သလဲဆိုတာကို သင်ပေးဖို့အရေးကြီးတယ်နေ်ာ။ ရိုက်နှက်အပြစ်ပေးခြင်းစည်းကမ်းမှာလည်း ဘယ်တော့မှ ဒေါသနဲ့မရိုက်နှက်ရဘူးလို့ ဆိုထားတယ်။
ကိုယ်ထိလက်ရောက်ရိုက်နှက်တာတင် ကလေးကိုနှိပ်စက်တာမဟုတ်ပါဘူးနော်။ ပါးစပ်နဲ့ ဆူပူအော်ဟစ်တာ၊ နာမည်တွေအမျိုးမျိုးခေါ်တာတွေကလည်း ကလေးကိုစိတ်ဒဏ်ရာရစေပါတယ်။ ဒီလို စိတ်ဒဏ်ရာတွေဟာ့ ကောက်ရိုးမီးလိုပဲ တစ်ဖွဲဖွဲနဲ့လောင်တတ်တာမျိုးပေါ့။ ကိုယ်မှာဖြစ်တဲ့ဒဏ်ရာထက် စိတ်ဒဏ်ရာက ပိုကြာပိုဆိုးတတ်တယ်နော်။
၂။ ရိုက်နှက်ခြင်းက ကလေးကိုသိမ်ငယ်စေတယ်။
ကလေးတစ်ယောက်ရဲ့ကိုယ့်ကိုယ်ကိုထင်မြင်ယူဆချက်ဟာ သူများတွေ အထူးသဖြင့် မိဘတွေရဲ့ ကလေးအပေါ်အမြင်ပေါ် မူတည်နေတယ်။ ချစ်ခြင်းတွေထုံမွမ်းထားတဲ့ အိမ်တွေမှာတောင် ရိုက်နှက်ခြင်းက ကလေးကို ဇဝေဇဝါဖြစ်စေနိုင်တယ်။ အထူးသဖြင့် ဘာကြောင့်ရိုက်တယ်ဆိုတာ နားမလည်သေးတဲ့ ကလေးသေးသေးလေးတွေမှာပေါ့။ မိဘတွေဟာ ကလေးတွေကို သူတို့ကိုယ်သူတို့တန်ဖိုးထားခံရတယ်လို့ခံစားရအောင်၊ လိမ္မာတယ်၊တော်တယ်လို့ ခံစားရအောင် အချိန်တွေအများကြီးယူပြီး တည်ဆောက်ထားရတယ်။ ဒါပေမယ့် ကလေးပန်းကန်လေးတစ်ချပ်လောက် ခွဲလိုက်ရုံနဲ့ ရိုက်လိုက်မယ်ဆိုရင် တည်ဆောက်ထားသမျှတွေအကုန်ပြိုလဲပြီး ငါဆိုးတယ်ဆိုတဲ့ စိတ်ကိုဝင်သွားစေနိုင်တယ်။
Nutroplex 1
၃။ ရိုက်နှက်ခြင်းကမိဘတွေကိုလည်း သိမ်ငယ်စိတ်ဝင်စေတယ်။
သားသမီးကိုရိုက်နှက်ဆုံးမတတ်တဲ့မိဘတွေကိုယ်နှိုက်ကလည်း ကိုယ့်လုပ်ရပ်ကိုကိုယ် မမှန်ဘူးဆိုတာ မသိစိတ်ကသိနေလို့ သိမ်ငယ်စိတ်ဝင်တတ်တယ်။ သူတို့တွေဟာ ဘာလုပ်ရမှန်းမသိလို့ အော်ဟစ်ရိုက်နှက်တတ်တာဖြစ်ပြီး ရိုက်နှက်လို့အလုပ်မဖြစ်ရင် ပိုပိုပြီးစိတ်ပျက်တတ်ကြတယ်။ ရိုက်နှက်ဆုံးမတာကို စွန့်လွှတ်လိုက်တဲ့မေမေက “တိုက်ပွဲကိုအောင်မြင်ပေမယ့် စစ်ပွဲကြီးတော့ရှုံးသွားတာပါပဲ။ ကလေးက အခုကျွန်မကိုလန့်နေတယ်။ တန်ဖိုးထားရတဲ့အရာတစ်ခု ဆုံးရှုံးသွားသလိုပါပဲ။”လို့ ယူကျုံးမရပြောပြရှာတယ်။
ရိုက်နှက်ဆုံးမတတ်တဲ့ မိဘတွေဟာ စံပြမဖြစ်နိုင်တော့ဘူး။ စံပြဖြစ်ဖို့ဆိုတာ အယုံကြည်ခံ၊ အလေးစားခံဖြစ်သင့်တာကြောင့် အကြောက်တရားပေါ်အခြေခံထားတဲ့အခါ တာရှည်မခံတတ်ဘူး။
၄။ ရိုက်နှက်ခြင်ကနေ နှိပ်စက်ခြင်းဖြစ်လာနိုင်တယ်။
အပြစ်ပေးတာဟာ တစ်ဖြည်းဖြညး်တိုးလာတတ်တယ်။ အစပိုင်းမှာတော့ နည်းနည်းပဲပေါ့။ ကလေးလေးဟာ ပန်းအိုးကိုလှမ်းဆွဲတယ်။ မကိုင်ရဘူးဆိုတဲ့အနေနဲ့ လက်ကလေးကိုအသာပုတ်လိုက်တယ်။ ကလေးထပ်ဆွဲတယ်။ နည်းနည်းခပ်ပြင်းပြင်းလေး ပုတ်လိုက်တယ်။ ခဏပဲ။ ထပ်ဆွဲပြန်တယ်။ ပိုအားပြင်းပြင်းနဲ့ ထပ်ရိုက်တယ်။ ဒီလိုနဲ့ မဆုံးနိုင်တဲ့ သံသရာလည်တာပါပဲ။ ပန်းအိုးကိုင်တာထက်ကို အမေ့လက်ကနိုင်မလား၊ ကလေးဇွဲကနိုင်မလားဆိုတဲ့ ပြိုင်ပွဲလိုဖြစ်လာတတ်တယ်။ ဒီလိုအချိန်မှာ ဘာဆက်လုပ်မလဲ? ကလေးလက်ကလေးနာပြီး လှမ်းမဆွဲနိုင်တဲ့အထိကို ရိုက်မလား? စပြီးရိုက်နှက်အပြစ်ပေးခြင်းရဲ့ နောက်ဆက်တွဲက တစ်ဖြည်းဖြည်းနဲ့ လက်နက်တွေပြင်းထန်လာတာပါပဲ။ လက်ဖဝါးနဲ့ရိုက်ရာက လက်သီးဆုပ်ဖြစ်လာတယ်။ ကြိုးလေးကနေ ခါးပတ်ဖြစ်လာတယ်။ သတင်းစာခေါက်ကနေ သစ်သားယောက်မဖြစ်လာတယ်။ ဒီလိုနဲ့ ကောင်းစေချင်လု့ိဆိုတာကနေ ကလေးညှင်ပန်းနှိပ်စက်ခြင်းတွေ ဖြစ်လာတာပေါ့။ ကလေးကိုရိုက်နှက်ဆုံးမတတ်တဲ့မိဘတွေဟာ ကလေးသူတို့မကြိုက်တာတစ်ခုလုပ်တာနဲ့ ဘာလုပ်ရမှန်မသိတော့ဘဲ ရိုက်မယ်ဆိုတာပဲ ဖြစ်ဖြစ်လာတတ်တယ်။
၅။ ရိုက်နှက်ခြင်းဟာ ကလေးကိုပိုမလိမ္မာစေနိုင်ဘူးဆိုတာ သိထားသင့်တယ်။
ရိုက်လေလေ ပိုဆိုးလာလေလေပဲဆိုတာ မိဘတွေ ပြောတာမကြာခဏကြားဖူးကြမှာပေါ့။ ရိုက်နှက်ဆုံးမတာဟာ ကလေးကိုပိုမလိမ္မာစေဘဲ ပိုဆိုးသွားစေတယ်ဆိုတာ သတိထားဖို့လိုတယ်။ ကလေးကိုအမှားလုပ်တယ်ဆိုတာသိပြီး နောင်တရစေချင်တာမှန်ပေမယ့် ကလေးမှာလည်း သူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မှတ်ထားဖို့လိုတယ်။
၆။ ရိုက်နှက်ခြင်းက ကလေးရေမိဘတွေမှာပါ ဒေါသဖြစ်စေနိုင်တယ်။
ကလေးတွေဟာ အရိုက်ခံရတာကို မတရားဘူးလို့ ထင်မှတ်တတ်ကြတယ်။ တစ်ခြားအပြစ်ပေးဆုံးမနည်းတွေထက်စာရင် ရိုက်နှက်ဆုံးမတာကို မုန်းတတ်ကြတယ်။ ကလေးတွေဟာ လူကြီးတွေလို နည်းလမ်းတကျမစဉ်းစားတတ်သေးဘူးဆိုပေမယ့် တရားတယ်၊ မတရားဘူးဆိုတာကိုတော့ သဘာဝအသိစိတ်ကလေးရှိတတ်ကြတယ်။ ဒါကြောင့် ရိုက်နှက်ဆုံးမတာဟာ ကလေးကို ဒေါသပုန်ထစေနိုင်တယ်ဆိုတာ သိထားသင့်တယ်နော်။ တစ်ခါတစ်လေ မတရားခံရတယ်ဆိုတဲ့အသိဟာ အရှက်တရားကို နှိုးဆွပေးတယ်။ အပြစ်ပေးတာကို ရှက်လာတဲ့အခါ ပုန်ကန်တာ ဒါမှမဟုတ် အုံ့ပုနး်သွားတာမျိုးကို ဖြစ်စေတတ်တယ်။ ရိုက်နှက်တာက နောက်တစ်ကြိမ်အပြစ်ထပ်လုပ်ရမှာ ကြောက်စေတာထက် ရိုက်နှက်တဲ့လူကို ကြောက်စိတ်ဖြစ်စေတာပိုတယ်။
၇။ ရိုက်နှက်အပြစ်ပေးတာဟာ အတိတ်ဆိုးတွေကို ဖြစ်စေနိုင်တယ်။
ကလေးကြီးပြင်းလာတာနဲ့အမျှ ပျော်စရာအတွေ့အကြုံတွေထက်စာရင် ရိုက်နှက်ခံရတာတွေကိုသာ ပိုပိုသတိရတတ်ကြတယ်။ လူဆိုတာက ပျော်စရာထက် နာစရာကို ပိုပြီးသတိရတတ်ကြတာ သဘာဝပဲမဟုတ်လား?
Nutroplex 2
ရိုက်နှက်ဆုံးမတာဟာ ရေရှည်မှာဆိုးကျိုးတွေ ဖြစ်စေတတ်တယ်။
ရာပေါင်းများစွာသော လေ့လာမှုတွေရဲ့ အဖြေနိဂုံးချုပ်ကတော့
1.ရိုက်နှက်ဆုံးမလေလေ ကလေးပိုကြမ်းတမ်းလာလေလေပဲ။
2.အရိုက်နှက်ခံရတဲ့ကလေးတွေဟာ သူတို့ရဲ့သားသမီးတွေကိုလည်း ရိုက်နှက်ဆုံးမလေ့ရှိကြတယ်။
3.ရိုက်နှက်ခြင်းက နောက်ပိုင်းမှာ ကလေးကိုအကြမ်းဖက်တတ်လာစေတယ်။ ကြမ်းတမ်းတဲ့အိမ်မှာကြီးပြင်းလာတဲ့ ခင်ပွန်းတွေဟာ ပုံမှန်အိမ်မှာကြီးပြင်းလာတဲ့ ကလေးတွေထက် ၆ဆလောက်ပိုပြီး ဇနီးမယားကိုရိုက်နှက်တတ်ကြတယ်လို့ ဆိုတယ်။ ထောင်သားတွေကိုလေ့လာကြည့်တဲ့အခါမှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ ထောင်သားအများစုဟာ ငယ်ဘဝက ကြမ်းတမ်းတဲ့အိမ်တွေမှာ ကြီးပြင်းလာရတာကို တွေ့ရတယ်။
4.ရိုက်နှက်ဆုံးမတာဟာ အလုပ်မဖြစ်ပါဘူး။ သားသမီးတွေကို ရိုက်နှက်မဆုံးမဖြစ်အောင် ဒီ၂ချက်ကို သန္ဓိဌာန်ချထားသင့်တယ်။
(1) ကလေးတွေကိုလုံးလုံး မရိုက်နှက်ပါဘူး။
(2) ကလေးကိုစည်းနဲ့ကမ်းနဲ့သင်ကြားပါမယ် ဆိုတာပါပဲ။ ရိုက်နှက်တာအလုပ်မဖြစ်ဘူးဆိုတာကိုသိပြီဆိုရင် နောက်တစ်ခြားနည်းတွေကို ရှာဖွေဆုံးမသင့်တယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























