/
node/6904

ကလေး သွားပိုးစားခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          အချိုရည်​​တွေ၊ သဘာဝအချိုဓာတ်​ပါတဲ့ နို့၊ ​ဖော်​မြူလာနို့၊ အသီး​ဖျော်​ရည်​​တွေ က​လေးသွား​လေးမှာ စွဲလာတဲ့အခါ ပါးစပ်​ထဲမှာရှိတဲ့ ဘတ်​တီးရီးယား​တွေဟာ ဒီအချိုဓာတ်​ကို အမှီပြုရှင်​သန်​ကြတယ်​။ သူတ့ိုက​နေ ထုတ်​တဲ့အက်​စစ်​ဓာတ်​ကမှ သွားကိုတိုက်​စားတာပါ။

          က​​လေးချိုလိမ်​​လေး အချိုနဲ့မကြာခဏ ထိ​တွေ့တတ်​ရင်​ က​လေးသွားပိုးစားနိုင်​​ခြေ ပိုများတာ​ပေါ့။ တစ်​​ရေးတစ်​​မောအိပ်​ချိန်​ ဒါမှမဟုတ်​ ညအိပ်​ချိန်​​တွေမှာ က​လေးကိုအချိုရည်​​တွေတိုက်​တာကလည်​း သွားပိုးစားလွယ်​​စေနိုင်​တယ်​။ ညအိပ်​ချိန်​မှာ တံ​တွေးအထွက်​နည်​းလို့​ပေါ့။

          အ​ပေါ်​ရှေ့သွားမှာ အစားများတယ်​ဆိ​ု​ပေမယ်​့လည်​း တစ်​ခြားသွား​တွေမှာလည်​း စားနိုင်​တယ်​။

          က​လေးသွား​လေး​တွေဟာ ငယ်​သွား​လေး​တွေပဲမို့ အ​ရေးမကြီးဘူးထင်သလား? မဟုတ်​ဘူး​နော်​။ က​လေးငယ်​သွား​လေး​တွေဟာလည်​း အစာဝါးစားဖို့၊ စကား​ပြောဖို့၊ ပြုံးဖို့ လိုအပ်​ပါတယ်​။ လူကြီိးသွား​ပေါက်​ဖို့အတွက်​လည်​း ​နေရာ​ပေးသလို ဖြစ်​​နေပါ​သေးတယ်​။ က​လေးသွားပိုးစားတာကို မကုသဘဲထားလိုက်​ရင်​ နာကျင်​တာနဲ့ ပိုးဝင်​တာ​တွေ ဖြစ်​လာတတ်​တယ်​။ အရမ်​းဆိုးလာရင်​​တော့ နှုတ်​ပစ်​လိုက်​ရုံပဲ​ပေါ့။

          သွားပိုးဝင်​တာပဲဖြစ်​ဖြစ်​၊ ​ေ​စာ​စောစီးစီးန​ှုတ်​လိုက်​ရတာပဲဖြစ်​ဖြစ်​ က​လေးအစာစားတာ၊ စကား​ပြောတာ​တွေမှာ ပြဿနာဖြစ်​လာနိုင်​သလို၊ သွားမညီတာ၊ လူကြီးသွား​တွေ မ​ကောင်​းတာမျိုး​တွေလည်​း ဖြစ်​နိုင်​တယ်​။ လူကြီးသွား​တွေ ထွက်​လာတဲ့အခါ မညီဖို့လည်​း ပိုအခွင်​့လမ်​းများတယ်​။

Ceelin Plus 1

          သတင်​း​ကောင်​းက​တော့ က​​လေးသွားပိုးစားတာကို ကာကွယ်​ဖို့အရမ်​းရိုးရှင်​းလွယ်​ကူ​တယ်​​နော်​။

♦        နို့တိုက်​ပြီးတိုင်​း က​လေးသွားဖုံး​လေး​တွေကို ဂွမ်​း​လေးပဲဖြစ်​ဖြစ်​၊ အဝတ်​စ​လေးနဲ့ ဖြစ်​ဖြစ်​ သုတ်​​ပေးပါ။

♦        က​လေးသွား​ပေါက်​လာတာနဲ့ သွားတိုက်​​ဆေးမပါဘဲ သွားတိုက်​​ပေးပါ။ သွားတိုက်​​ဆေးသုံးချင်​ရင်​​တောင်​ ဖလိုရိုက်​မပါတာကို ​ရွေးသုံးပါ။

♦        သွားမ​ပေါက်​​သေးတဲ့​နေရာ​တွေကိုလည်​း သန်​့ရှင်​းနှိပ်​နယ်​​ပေးပါ။

♦        က​လေးသွား​လေး​တွေစုံပြီဆိုတာနဲ့ မှန်​မှန်​သွားကြိုးခြစ်​​ပေးပါ။

♦        ဖလိုရိုက်​ဓာတ်​ပြည့်​ဝပါ​စေ။ ဒါမှသွား​ပေါက်​​တွေမဖြစ်​မှာပါ။

♦        က​လေးအသက်​၁နှစ်​ကစလို့ သွားဆရာဝန်​နဲ့ ပုံမှန်​ပြဖို့လိုပါတယ်​။

 

>>    ​နောက်​ထပ်​နည်​းလမ်​း​တွေက​တော့

♦        နို့ဘူး​တွေထဲကို သကြားရည်​​တွေ၊ အချိုရည်​​တွေ မထည်​့ရဘူး​နော်​။ နို့ဘူးဆိုတာ နို့၊ ​ရေ၊ ​ဖော်​မြူ လာနို့နဲ့ က​လေးဝမ်​း​လျောရင်​​သောက်​ရတဲ့ ဓာတ်​ဆားရည်​​လောက်​ပဲ ထည်​သင်​့ပါတယ်​။ အသီး​ဖျော်​ရည်​​တွေကို ​ရေတစ်​ဝက်​​ရောပြီး ခွက်​က​လေးနဲ့တိုက်​​ပေးလို့ရတယ်​။ အချိုရည်​​တွေ​တော့ မတိုက်​ပါနဲ့ဦး။

♦        က​လေးအိပ်​ခါနီးကို ​ရေပဲတိုက်​ပါ။

♦        အချိုရည်ထဲစိမ်​ထားတဲ့ချိုလိမ်​ကို မသုံးသင်​့ပါဘူး။

♦        က​လေးစားတဲ့အစားအ​သောက်​ထဲမှာ အချို​လျှော့ပါ။

 

          အကျင်​့ဆိုး​တွေပြင်​ဖို့ အချိန်​​နောက်​မကျ​သေးဘူး​နော်​။ နို့ဘူးနဲ့ အချိုရည်​​တွေသောက်​​ေ​နေတယ်​၊ ညအိပ်​ရင်​ နို့ဘူးစို့ပြီးအိပ်​တတ်​တယ်​ဆိုရင်​ ဒီအကျင်​့ဆိုးကိုဖြတ်​ဖို့

♦        ၂ပတ်​၃ပတ်​​လောက်​အတွင်​းမှာ နို့ဘူးထဲ ​ရေတစ်​ဖြည်​းဖြည်​းချင်​းတိုးတိုး​ရောသွား​ပေးပါ။

♦        ဒီနောက်​ပိုင်း​မှာ​တော့ ​ရေပဲထည်​့​ပေးပါ​တော့။

          အ​ရေးကြီးတာက က​လေးငယ်​သွား​လေး​တွေ ကျန်​းမာမှ ကြီးသွား​လေး​တွေလည်​း ​ကောင်​း​ကောင်း ထွက်​လာနိုင်​မှာ​နော်​။

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin Plus 2

(Unicode)













 






 





Dr. Mya Phoo Ngon (www.drmyanmar.com)