/
node/6941

ကိုယ်ဝန်ဆောင်ချိန် ရေနွေးနဲ့ရေချိုးတာ ကောင်းပါ့မလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာရေနွေးနဲ့ရေချိုးတာဟာ ကြွက်သားနာကျင်ကိုက်ခဲတာတွေကို အထူးသက်သာစေတဲ့အတွက် သိပ်ကောင်းတဲ့အကြံလို့ ထင်ရပါတယ်။

အမေရိကန်က “မွေးရာပါချွတ်ယွင်းမှုများသုတေသနအဖွဲ့”ကတော့ ကိုယ်ဝန်ပထမပတ်တွေမှာ ကိုယ်အပူချိန် ၁၀၁ အထိ တက်လာတာဟာ သနေ္ဓသားလေးကို ကိုယ်အဂါၤမစုံမလင်ဖြစိဖို့ တွန်းပို့ပေးနေပါသတဲ့။

“သားဖွားမီးယပ်အထူးကုအဖွွဲ့”ကတော့ကိုယ်ဝန်ဆောင်တိုင်းဟာကိုယ်အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက် မကျော်သင့်ပါဘူးတဲ့။ 

 

ဒီတော့ ေရနွေးနဲလည်းချိုးချင်အန္တရာယ်လည်း ကင်းချင်ရင်တော့ဘယ်လိုလုပ်ရင်ကောင်းမလဲ

 

♦ ရေနွေးချိုးကန်နဲ့ရေပန်းရေနွေးဆို ရေနွေးချိုးကန်နဲ့ချိုးပါတဲ့၊ ရေနွေးချိုးကန်ထဲကရေနွေးကအေးသွားနိုင်တော ့ကိုယ်ပူချိန်တက်ဖို့မရှိတော့ဖူးပေါ့။

 

♦ ရေပူချိန်ကိုခါတိုင်းချိုးနေကျထက်လျှော့ချလိုက်ပါ။ မနွေးတနွေးလေးအခြေအနေက မိမိရော သနေ္ဓသားလေးအတွက်ပါအန္တရာယ်ကင်းစေမှာပါ။

♦ ရေနွေးဇလုံကို ရေနွေးတပုံး ရေအေးသုံးပုံးစပ်ပါ။ ရေနွေးကိုသူ့အချိန်အဆနဲ့သူ ကွက်တိစပ်ခြင်းဖြင့် သိပ်ပူပြီးကိုယ်ဝန်ထိခိုက်မှာကို ရှောင်နိုင်ပါတယ်။

 

♦ ရေကိုလက်ဖျားလေးနဲ့ထိကိုင်ကြည့်ပြီး အပူချိန်ကိုမဆုံးဖြတ်ပါနဲ့။ လက်မောင်းထိနှစ်ပြီး  ပူ၊ မပူစမ်းသပ်ပါ။ ကိုယ်တွင်းအပူခံစားမှုနဲ့လက်ခံစားမှုက မတူလို့ဖြစ်ပါတယ်။ လက်မောင်းထိနှစ်စစ်ဆေးပြီး နွေးနွေးလေးဆိုတာသေချာမှ ရေချိုးချပါ။

 

♦ ချိုးနေရင်းသိပ်ပူလာတယ်လို့ ခံစားရရင်ချက်ချင်းရပ်ပါ။ ရေအေးကိုဖွင့်ချလိုက်ပြီး ချက်ချင်းပြောင်းလဲမချိုးပါနဲ့။ မူးမေ့လဲတတ်ပါတယ်။ အိမ်သားကိုအကူအညီခေါ်ပြီးလက်ရှိရေနွေးရေဇလုံထဲကိုရေအေးထပ်စပ်ခိုင်းပါ။ တဖြည်းဖြည်းအေးလာမှ ဆက်ချိုးပါ။ 

 

♦ ရေနွေးချိုးချိန်ကိုဆယ်မိနစ်ထက်ပိုမကြာပါစေနဲ့။ ရေနွေးချိုးနေရင်း  မသက်မသာခံစားရရင်သတိပြုပြီး မိမိကိုယ်ကိုကာကွယ်နိုင်ပါစေနော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)




 


 


 


 


 


 


 


 
