/
node/6953

ပူပြင်းတဲ့ ရာသီဥတုနဲ့ သွေးတိုးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    ရာသီဥတုပူရင် သွေးတိုး တက်တတ်သလား?

          ယနေ့ခေတ်မှာ မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို စတာတွေက အရမ်း အဖြစ်များလာပါတယ်။ သွေးတိုးတယ်ဆိုတာက ဆားများတဲ့ အစားအစာတွေ စားတာအပါအဝင် ကျန်းမာရေးနဲ့ မညီတဲ့ စားသုံးမှုပုံစံတွေနဲ့ လေ့ကျင့်ခန်း မလုပ်၊ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်နေပါတယ်။

 

>>    ရာသီဥတုကရော သွေးတိုးတာအပေါ်မှာ သက်ရောက်မှုရှိပါသလား?

●        ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်း ပုံမှန်မလုပ်တာတွေကြောင့် သွေးတိုးရောဂါ စွဲကပ်စေပါတယ်။

●        ရာသီဥတု ပူတဲ့အခါမှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေ ကျယ်ပြီးတော့ သွေးပေါင် ကျစေပါတယ်။

●        ဒီတော့ ပူပြင်းတဲ့ရာသီဥတုက သွေးပေါင်ကျစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

          သွေးတိုးတာက အစားအသောက်၊ လေ့ကျင့်ခန်း စတဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ အချက်တွေရယ်၊ အသက်အရွယ်၊ လူမျိုး စတဲ့ ထိန်းချုပ်လို့မရတဲ့အချက်တွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

          ဘယ်လိုပဲဖြစ်ဖြစ် ရာသီဥတုကလည်း သွေးပေါင်ချိန်ကို ပြောင်းလဲစေနိုင်ပါတယ်။ နေပူထဲမှာ အကြာကြီးနေတာ၊ ရာသီဥတု ပူတာတွေကြောင့် သွေးပေါင် ကျစေနိုင်ပါတယ်။ ဒါကြောင့် အခုလို ပူပြင်းတဲ့ ရာသီမှာ သွေးပေါင်ကျတတ်သူတွေဟာ နေရိပ်ထဲနေခြင်း၊ ဓာတ်ဆားရည်သောက်ခြင်း စသည်တို့ဖြင့် သွေးပေါင်ချိန်ကို ထိန်းပေးသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)