/
node/7918

ကိုယ်ဝန်ဆောင်နှင့် ဆီးချိုရောဂါအကြောင်း သိကောင်းစရာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ " သနေ္ဓဆောင်ချိန် ဆီးချိုရောဂါ " ဆိုတာ ကလေးရော မိခင်မှာပါ ဆိုးဝါးတဲ့အကျိုးဆက်တွေဖြစ်စေတာမို့ ဘယ်လိုကာကွယ်ကြည့်ရင် ကောင်းမလဲဆိုတာလေး ဗဟုသုတ ဖတ်ကြည့်နော်။ ကျန်းကျန်းမာမာလေး မွေးဖွားလာဖို့က မိခင်တိုင်းရဲ့ ရည်မှန်းချက်မို့ သိတန်တာလေးတွေ သိထားတော့ သတိထား အရေးတယူ ဂရုစိုက်ပေးလို့ရတာပေါ့။

 

>>    သနေ္ဓဆောင်ချိန် ဆီးချိုရောဂါဆိုတာ ဘာလဲ?

          အရင်က ကျန်းကျန်းမာမာရှိနေပြီး ကိုယ်ဝန်ဆောင်ချိန်မှ ကောက်ကာငင်ကာ ဆီးချို စတက်လာတာ ဖြစ်ပါတယ်။

 

>>    ဘယ်လိုကိုယ်ဝန်ဆောင်တွေ ဖြစ်တတ်သလဲ?

●        ကိုယ်ဝန်မဆောင်ခင်ကတည်းက အဝလွန်နေသူတွေ

●        ကိုယ်ဝန်ရှိလာပြီးမှ ကိုယ်အလေးချိန် တစ်ဟုန်တိုး တက်လာသူတွေ

●        သနေ္ဓဆောင်ချိန် ဆီးချိုရောဂါမျိုးရိုးရှိသူတွေ

●        အလှုပ်အရှားနည်းသူတွေ

●        ဗိုက်အဆီပိုတွေ စုနေသူတွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။

>>    သူ့ရဲ့ အကျိုးဆက်တွေက ဘာတွေလဲ?

●        ရေမွှာရေ များတာ

●        ကလေး အရမ်းကြီးထွားနေတာ

●        မွေးရခက်တာ

●        မွေးပြီးချင်း ဆီးချို ထိုးကျတာ

●        အသားဝါတာ

●        ကလေး အဖတ်မတင်တာ

●        စိတ်ကျရောဂါ

●        ကိုယ်ဝန်ဆိပ်တက်ရောဂါတွေ ဖြစ်နေနိုင်ပါတယ်။

 

>>    မဖြစ်အောင် ကာကွယ်လို့ရသလား?

          မျိုးရိုးဗီဇတွေကြောင့်ဖြစ်တဲ့ " သနေ္ဓဆောင်ချိန် ဆီးချိုရောဂါ " ဟာ ရှောင်လို့မရပေမယ့် တခြားပြုပြင်လို့ရတာတွေ ရှိနေပါသေးတယ်။

●        ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို ရွေးချယ်စားသောက်တာ

●        လှုပ်လှုပ်ရှားရှားနေတာ

●        လမ်းလျှောက်တာ

●        အဝမလွန်စေဖို့ အဆီအအိမ့် ရှောင်တာတွေ ဖြစ်ပါတယ်။

          နောက်ပြီး ကိုယ်ဝန်မဆောင်ခင် မိမိကိုယ်မိမိ အဝမလွန်စေဖို့ ထိန်းချုပ်ခြင်း၊ ကလေးယူဖို့ ဆုံးဖြတ်လိုက်တာနဲ့ ကျန်းမာသွက်လက်ဖို့ လေ့ကျင့်ခန်းယူခြင်း၊ ဝိတ်ချခြင်းတွေကလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

          ဒီနေရာမှာ အားရှိအောင် အစားအသောက်၊ အဆီအဆိမ့်တွေ တွန်းစားတာနဲ့ အသီးအနှံနဲ့ ပရိုတင်းဓာတ်ကိုသာ အဓိကထား စားသုံးတာ မတူပါဘူး။ ဝလို့အားရှိတယ်လို့ ယူဆတာဟာ မမှန်ကန်တဲ့ အသိဖြစ်ပြီး ကျစ်လျစ်ပြီး သန်မာနေတာကမှ တကယ့်ကျန်းမာခြင်းခြင်းအစစ် ဖြစ်ပါတယ်။

          ကိုယ်ဝန်ရှိပြီလို့ ဆိုလိုက်တာနဲ့ ဆီးချိုစစ်ဆေးခြင်း၊ အခါအားလျော်စွာ သွေးပေါင်ချိန်ခြင်းတွေ ပြုလုပ်ပြီး ဆီးချိုရောဂါကို ကြိုတင်သိရှိထားသလို ဝိတ်လျှော့ခြင်း၊ လမ်းလျှောက်ခြင်းတွေ ပြုလုပ်ပြီး  ကာကွယ်နိုင်သလောက် ကာကွယ်ထားသင့်ပါတယ်နော်။

www.drmyanmar.com

(Unicode)






www.drmyanmar.com