/
node/8919

မဗိုက်တို့ သိသင့်တဲ့ဝက်သက်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         ဝက်သက်ဆိုတာကတော့ Paramyxovirus ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ ကူးစက်မှုများတဲ့ ရောဂါဖြစ်ပြီးတော့ ဖျားမယ်၊ ပါးစပ်ထဲမှာ အဖြူရောင်အစက်တွေ ထွက်မယ်၊ နှာရည်ယို၊ ချောင်းဆိုး၊ မျက်လုံးတွေနီပြီးတော့ အရေပြားပေါ်မှာ အကွက်တွေ ထတတ်ပါတယ်။
    တကယ်တော့ ဝက်သက်ဆိုတာက ကလေးဘဝကတည်းက ထိုးရတဲ့ ကာကွယ်ဆေးတွေမှာ ပါတဲ့အတွက် ပြောရမယ်ဆိုရင် ရှားသွားပြီဆိုပေမယ့်လည်း ဖြစ်တဲ့သူတွေကလည်း ရှိနေတုန်းပါ။

>>    ဘယ်သူတွေမှာ အဖြစ်များဆုံးလဲ?
         လူအများစုမှာတော့ ကလေးဘဝကတည်းက ဝက်သက်ကာကွယ်ဆေးက ထိုးခဲ့ပြီးသားပါ။ ကာကွယ်ဆေး မထိုးခဲ့ရဘူးဆိုရင်တောင်မှ အများစုက ခုခံအားရှိတဲ့အတွက်ကြောင့် ဖြစ်နိုင်ချေနည်းပါတယ်။ ဒါပေမဲ့လည်း ဝက်သက်က ကူးစက်မှုနှုန်း အရမ်းမြင့်တော့ ခုခံအားမရှိတဲ့သူမှာ ဝက်သက်ပေါက်သူနဲ့ ထိတွေ့မှုရှိရင် ဝက်သက်ဖြစ်ဖို့ များပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ကာကွယ်ဆေး မထိုးရသေးဘူးဆိုရင်လည်း  ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ရှိနိုင်တဲ့အတွက် ဝက်သက်ကာကွယ်ဆေးထိုးလို့ မရပါဘူး။

>>    ရောဂါလက္ခဏာများ
         ဝက်သက်ကတော့ ကိုယ်ပူ၊ နှာရည်ယို၊ ချောင်းဆိုး၊ မျက်လုံးတွေနီတာနဲ့စဖြစ်ပြီးတော့ ၃-၅ ရက်လောက် ကြာတဲ့အခါမှာ အနီရောင်အစက်လေးတွေက ခေါင်းကနေ စဖြစ်ပြီးတော့ အောက်ပိုင်းတွေကိုပါ ပျံ့နှံ့လာပါတယ်။ လက္ခဏာစပြပြီးတော့ ၂-၃ ရက်လောက် ကြာတဲ့အခါမှာဆိုရင် ပါးစပ်ထဲမှာလည်း အဖြူစက်တွေ ပေါ်တတ်ပါတယ်။ အရေပြားပေါ်က အကွက်တွေနဲ့ ရောဂါလက္ခဏာတွေက ၁-၂ ပတ်လောက်ကြာရင် ပြန်ပျောက်သွားပါတယ်။

>>    ကိုယ်ဝန်ဆောင်တွေမှာဖြစ်ရင် စိုးရိမ်ရလား?
         ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်သက်ဖြစ်ရင် ကလေးပျက်ကျနိုင်ချေ၊ လမစေ့ဘဲ ကလေးမွေးနိုင်ချေ၊ ပေါင်မပြည့်တဲ့ကလေး မွေးနိုင်ချေတွေ များပါတယ်။ ဒါပေမဲ့ ကလေးမှာ မွေးရာပါချို့ယွင်းမှုတွေ မဖြစ်နိုင်ပါဘူး။

>>    ဘာလုပ်လို့ရလဲ?
         ကိုယ့်မှာ ဝက်သက်ပေါက်ဖူးလား၊ ကာကွယ်ဆေး ထိုးဖူးလားဆိုတာကို သေချာမသိရင်တော့ သွေးစစ်ကြည့်ပါ (ကိုယ်ဝန်မဆောင်ခင် စစ်ထားရင် ပိုကောင်းပါတယ်။) ကိုယ်ဝန်မဆောင်ခင် အနည်းဆုံး တစ်လအလိုမှာ ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ကိုယ့်မှာ ခုခံအားမရှိဘဲနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်သက်ရောဂါပိုးနဲ့ ထိတွေ့မှုရှိတယ်ဆိုရင် ဝက်သက်မဖြစ်အောင် ကာကွယ်ဖို့ immune globulin တော့ ထိုးလို့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Zawgyi)

         ဝက္သက္ဆိုတာကေတာ့ Paramyxovirus ဗိုင္းရပ္စ္တစ္မ်ိဳးေၾကာင့္ျဖစ္တဲ့ ကူးစက္မႈမ်ားတဲ့ ေရာဂါျဖစ္ၿပီးေတာ့ ဖ်ားမယ္၊ ပါးစပ္ထဲမွာ အျဖဴေရာင္အစက္ေတြ ထြက္မယ္၊ ႏွာရည္ယို၊ ေခ်ာင္းဆိုး၊ မ်က္လုံးေတြနီၿပီးေတာ့ အေရျပားေပၚမွာ အကြက္ေတြ ထတတ္ပါတယ္။
    တကယ္ေတာ့ ဝက္သက္ဆိုတာက ကေလးဘဝကတည္းက ထိုးရတဲ့ ကာကြယ္ေဆးေတြမွာ ပါတဲ့အတြက္ ေျပာရမယ္ဆိုရင္ ရွားသြားၿပီဆိုေပမယ့္လည္း ျဖစ္တဲ့သူေတြကလည္း ရွိေနတုန္းပါ။

>>    ဘယ္သူေတြမွာ အျဖစ္မ်ားဆုံးလဲ?
         လူအမ်ားစုမွာေတာ့ ကေလးဘဝကတည္းက ဝက္သက္ကာကြယ္ေဆးက ထိုးခဲ့ၿပီးသားပါ။ ကာကြယ္ေဆး မထိုးခဲ့ရဘူးဆိုရင္ေတာင္မွ အမ်ားစုက ခုခံအားရွိတဲ့အတြက္ေၾကာင့္ ျဖစ္နိုင္ေခ်နည္းပါတယ္။ ဒါေပမဲ့လည္း ဝက္သက္က ကူးစက္မႈႏႈန္း အရမ္းျမင့္ေတာ့ ခုခံအားမရွိတဲ့သူမွာ ဝက္သက္ေပါက္သူနဲ႔ ထိေတြ႕မႈရွိရင္ ဝက္သက္ျဖစ္ဖို႔ မ်ားပါတယ္။ ကိုယ္ဝန္ေဆာင္ေတြမွာ ကာကြယ္ေဆး မထိုးရေသးဘူးဆိုရင္လည္း  ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အႏၲရာယ္ရွိနိုင္တဲ့အတြက္ ဝက္သက္ကာကြယ္ေဆးထိုးလို႔ မရပါဘူး။

>>    ေရာဂါလကၡဏာမ်ား
         ဝက္သက္ကေတာ့ ကိုယ္ပူ၊ ႏွာရည္ယို၊ ေခ်ာင္းဆိုး၊ မ်က္လုံးေတြနီတာနဲ႔စျဖစ္ၿပီးေတာ့ ၃-၅ ရက္ေလာက္ ၾကာတဲ့အခါမွာ အနီေရာင္အစက္ေလးေတြက ေခါင္းကေန စျဖစ္ၿပီးေတာ့ ေအာက္ပိုင္းေတြကိုပါ ပ်ံ႕ႏွံ့လာပါတယ္။ လကၡဏာစျပၿပီးေတာ့ ၂-၃ ရက္ေလာက္ ၾကာတဲ့အခါမွာဆိုရင္ ပါးစပ္ထဲမွာလည္း အျဖဴစက္ေတြ ေပၚတတ္ပါတယ္။ အေရျပားေပၚက အကြက္ေတြနဲ႔ ေရာဂါလကၡဏာေတြက ၁-၂ ပတ္ေလာက္ၾကာရင္ ျပန္ေပ်ာက္သြားပါတယ္။

>>    ကိုယ္ဝန္ေဆာင္ေတြမွာျဖစ္ရင္ စိုးရိမ္ရလား?
         ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝက္သက္ျဖစ္ရင္ ကေလးပ်က္က်နိုင္ေခ်၊ လမေစ့ဘဲ ကေလးေမြးနိုင္ေခ်၊ ေပါင္မျပည့္တဲ့ကေလး ေမြးနိုင္ေခ်ေတြ မ်ားပါတယ္။ ဒါေပမဲ့ ကေလးမွာ ေမြးရာပါခ်ိဳ႕ယြင္းမႈေတြ မျဖစ္နိုင္ပါဘူး။

>>    ဘာလုပ္လို႔ရလဲ?
         ကိုယ့္မွာ ဝက္သက္ေပါက္ဖူးလား၊ ကာကြယ္ေဆး ထိုးဖူးလားဆိုတာကို ေသခ်ာမသိရင္ေတာ့ ေသြးစစ္ၾကည့္ပါ (ကိုယ္ဝန္မေဆာင္ခင္ စစ္ထားရင္ ပိုေကာင္းပါတယ္။) ကိုယ္ဝန္မေဆာင္ခင္ အနည္းဆုံး တစ္လအလိုမွာ ကာကြယ္ေဆး ထိုးထားသင့္ပါတယ္။ ကိုယ့္မွာ ခုခံအားမရွိဘဲနဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝက္သက္ေရာဂါပိုးနဲ႔ ထိေတြ႕မႈရွိတယ္ဆိုရင္ ဝက္သက္မျဖစ္ေအာင္ ကာကြယ္ဖို႔ immune globulin ေတာ့ ထိုးလို႔ရပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)