/
node/9199

အချင်းရှေ့ရောက်နေရင် ဘာဖြစ်နိုင်သလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

       အချင်းရှေ့ရောက်နေရင် အချင်းက သားအိမ်ခေါင်းအပေါက်ကို ကွယ်ထားနိုင်ပါတယ်။ အချင်းရှေ့ရောက်ခြင်း အမျိုးအစား 3 မျိုး ရှိပါတယ်။ ဒါတွေကတော့ -
1.    အပြည့်အဝ အချင်းရှေ့ရောက်ခြင်း - သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့် လုံးဝပိတ်နေတာ ဖြစ်ပါတယ်။
2.     တစ်စိတ်တစ်ဒေသ အချင်းရှေ့ရောက်ခြင်း - သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့် တစ်စိတ်တစ်ပိုင်းမျှသာ ပိတ်နေတာဖြစ်ပါတယ်။
3.     အနားသတ် အချင်းရှေ့ရောက်ခြင်း - အချင်းဟာ သားအိမ်အတွင်းပိုင်းအဝရဲ့ အနားသတ်ပိုင်းနားသို့ ရောက်နေခြင်း ဖြစ်ပါတယ်။

>>    အချင်းရှေ့ရောက်တာဟာ အောက်ပါမိခင်တွေမှာ အဖြစ်များပါတယ်။
●       အရင်က ကလေး ၄ ယောက်နှင့်အထက် မွေးဖူးခြင်း
●       အရင်ကိုယ်ဝန်တုန်းကလည်း အချင်းရှေ့ရောက်တာ၊ ခွဲမွေးတာ၊ သားအိမ်ခွဲစိတ်တာမျိုးရှိခြင်း
●       အမြွှာကိုယ်ဝန်လွယ်ထားခြင်း
●       မိခင်အသက် ၃၅ နှစ်နှင့်အထက်ဖြစ်ခြင်း
●       သားအိမ်အသားလုံးရှိခြင်း
●       ဆေးလိပ်သောက်သူမိခင်ဖြစ်ခြင်း
         အချင်းရှေ့ရောက်နေရင် ကိုယ်ဝန်ဆောင်ကာလ ပထမ 3 လပတ်နှင့် ဒုတိယ 3 လပတ်များတွင် ရံဖန်ရံခါ သွေးဆင်းခြင်းများကို ကြုံတွေ့ရနိုင်ပါတယ်။ သွေးအရောင်ကတော့ အနီရောင်တောက်တောက်ဖြစ်ပြီး ချက်ချင်းဆိုသလို ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ တစ်ဖန် ပြန်ပြီးသွေးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလပတ် ရောက်တဲ့အချိန်မှာတော့ ရုတ်တရက် သွေးအများကြီး ဆင်းလာနိုင်ပါတယ်။

      တခြား ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
●    သွေးထောက်ပံ့မှု မလုံလောက်တာကြောင့် သန္ဓေသားကြီးထွားနှုန်း နှေးကွေးခြင်း
●    သန္ဓေသားလောင်း၌ သွေးအားနည်းခြင်း
●    အောက်စီဂျင်ရောက်တာ နည်းတာကြောင့် အသက်ရှူမဝခြင်း
●    သွေးထွက်လွန်ပါက မိခင်တွင် အသက်အန္တရာယ်စိုးရိမ်ရခြင်း
●    သွေးခဲဖြစ်ပေါ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း
●    သွေးသွင်းရန် လိုအပ်ခြင်း တို့ဖြစ်ပါတယ်။
      အပြည့်အဝ အချင်းရှေ့ရောက်တဲ့ အနေအထားမှာဆိုရင်တော့ ဗိုက်ခွဲမွေးဖို့ လိုအပ်ပါလိမ့်မယ်။

www.drmyanmar.com

(Zawgyi)

      အခ်င္းေရွ႕ေရာက္ေနရင္ အခ်င္းက သားအိမ္ေခါင္းအေပါက္ကို ကြယ္ထားႏိုင္ပါတယ္။ အခ်င္းေရွ႕ေရာက္ျခင္း အမ်ိဳးအစား 3 မ်ိဳး ရွိပါတယ္။ ဒါေတြကေတာ့ -
1.    အျပည့္အဝ အခ်င္းေရွ႕ေရာက္ျခင္း - သားအိမ္အတြင္းပိုင္းအဝဟာ အခ်င္းျဖင့္ လုံးဝပိတ္ေနတာ ျဖစ္ပါတယ္။
2.     တစ္စိတ္တစ္ေဒသ အခ်င္းေရွ႕ေရာက္ျခင္း - သားအိမ္အတြင္းပိုင္းအဝဟာ အခ်င္းျဖင့္ တစ္စိတ္တစ္ပိုင္းမွ်သာ ပိတ္ေနတာျဖစ္ပါတယ္။
3.     အနားသတ္ အခ်င္းေရွ႕ေရာက္ျခင္း - အခ်င္းဟာ သားအိမ္အတြင္းပိုင္းအဝရဲ႕ အနားသတ္ပိုင္းနားသို႔ ေရာက္ေနျခင္း ျဖစ္ပါတယ္။

>>    အခ်င္းေရွ႕ေရာက္တာဟာ ေအာက္ပါမိခင္ေတြမွာ အျဖစ္မ်ားပါတယ္။
●      အရင္က ကေလး ၄ ေယာက္ႏွင့္အထက္ ေမြးဖူးျခင္း
●      အရင္ကိုယ္ဝန္တုန္းကလည္း အခ်င္းေရွ႕ေရာက္တာ၊ ခြဲေမြးတာ၊ သားအိမ္ခြဲစိတ္တာမ်ိဳးရွိျခင္း
●      အႁမႊာကိုယ္ဝန္လြယ္ထားျခင္း
●      မိခင္အသက္ ၃၅ ႏွစ္ႏွင့္အထက္ျဖစ္ျခင္း
●      သားအိမ္အသားလံုးရွိျခင္း
●      ေဆးလိပ္ေသာက္သူမိခင္ျဖစ္ျခင္း
        အခ်င္းေရွ႕ေရာက္ေနရင္ ကိုယ္ဝန္ေဆာင္ကာလ ပထမ 3 လပတ္ႏွင့္ ဒုတိယ 3 လပတ္မ်ားတြင္ ရံဖန္ရံခါ ေသြးဆင္းျခင္းမ်ားကို ႀကဳံေတြ႕ရႏိုင္ပါတယ္။ ေသြးအေရာင္ကေတာ့ အနီေရာင္ေတာက္ေတာက္ျဖစ္ၿပီး ခ်က္ခ်င္းဆိုသလို ျပန္ေကာင္းသြားတတ္ပါတယ္။ ဒါေပမဲ့ ရက္အနည္းငယ္အၾကာမွာေတာ့ တစ္ဖန္ ျပန္ၿပီးေသြးဆင္းႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလ တတိယသုံးလပတ္ ေရာက္တဲ့အခ်ိန္မွာေတာ့ ႐ုတ္တရက္ ေသြးအမ်ားႀကီး ဆင္းလာႏိုင္ပါတယ္။

      တျခား ျဖစ္ႏိုင္ေျခရွိတဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့ -
●    ေသြးေထာက္ပံ့မႈ မလုံေလာက္တာေၾကာင့္ သေႏၶသားႀကီးထြားႏႈန္း ေႏွးေကြးျခင္း
●    သေႏၶသားေလာင္း၌ ေသြးအားနည္းျခင္း
●    ေအာက္စီဂ်င္ေရာက္တာ နည္းတာေၾကာင့္ အသက္႐ွဴမဝျခင္း
●    ေသြးထြက္လြန္ပါက မိခင္တြင္ အသက္အႏၲရာယ္စိုးရိမ္ရျခင္း
●    ေသြးခဲျဖစ္ေပၚျခင္းႏွင့္ ေရာဂါပိုးဝင္ျခင္း
●    ေသြးသြင္းရန္ လိုအပ္ျခင္း တို႔ျဖစ္ပါတယ္။
      အျပည့္အဝ အခ်င္းေရွ႕ေရာက္တဲ့ အေနအထားမွာဆိုရင္ေတာ့ ဗိုက္ခြဲေမြးဖို႔ လုိအပ္ပါလိမ့္မယ္။

www.drmyanmar.com