/
node/9393

ရာသီဥတုနဲ့ သွေးတိုးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    အခုခေတ်မှာက မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို စတာတွေက အရမ်းအဖြစ်များလာပါတယ်။ သွေးတိုးတယ်ဆိုတာက ဆားများတဲ့အစားအစာတွေ စားတာ အပါအဝင် ကျန်းမာရေးနဲ့မညီတဲ့ စားသုံးမှုပုံစံတွေနဲ့ လေ့ကျင့်ခန်း မလုပ်လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီတော့ ရာသီဥတုကရော သွေးတိုးတာအပေါ်မှာ သက်ရောက်မှုရှိသလား။
●    ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်း ပုံမှန်မလုပ်တာတွေကြောင့် သွေးတိုးရောဂါ စွဲကပ်စေပါတယ်။
●    ရာသီဥတု ပူတဲ့အခါမှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေ ကျယ်ပြီးတော့ သွေးပေါင်ကျစေပါတယ်။
●    ဒီတော့ ပူပြင်းတဲ့ရာသီဥတုက သွေးပေါင်ကျစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
    သွေးတိုးတာက အစားအသောက်၊ လေ့ကျင့်ခန်း စတဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ အချက်တွေရယ်၊ အသက်အရွယ်၊ လူမျိုး စတဲ့ ထိန်းချုပ်လို့မရတဲ့အချက်တွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် ရာသီဥတုကလည်း သွေးပေါင်ချိန်ကို ပြောင်းလဲစေနိုင်ပါတယ်။ နေပူထဲမှာ အကြာကြီးနေတာ၊ ရာသီဥတု ပူတာတွေကြောင့် သွေးပေါင် ကျစေနိုင်ပါတယ်။
    ဒီတော့ သွေးပေါင်က နွေမှာ ကျလေ့ရှိပြီးတော့ ဆောင်းတွင်းမှာ တက်တတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)