လေပြွန်ရောင်ခြင်း
(Zawgyi)
ေလႁပြန္ေရာင္တာကေတာ့ အဆုတ္ကို ဗိုင္းရပ္စ္ပိုးဝင္လို႔ျဖစ္တာျဖစ္ၿပီးေတာ့ အသက္ 2 ႏွစ္ေအာက္ ကေလးငယ္ေလးေတြမွာ အျဖစ္မ်ားတဲ့ ေရာဂါတစ္မ်ိဳးပါပဲ။ ေရာဂါပိုးဝင္တဲ့အခါမွာ ေလႁပြန္တစ္ေလွ်ာက္ ေရာင္ရမ္းၿပီးေတာ့ အခြၽဲေတြလည္းစုလာကာ အသက္႐ွဴရခက္လာေစပါတယ္။
ေလႁပြန္ေရာင္ၿပီဆိုရင္ေတာ့ ကေလးကို အနားေပးၿပီးေတာ့ ႏို႔ကို တစ္ခါတိုက္ရင္နည္းနည္းနဲ႔ ခဏခဏတိုက္ေပးဖို႔ လိုပါတယ္။ ဒါမွ ကေလးက အစာစားေနတုန္းမွာ ပင္ပန္းတာေတြမျဖစ္သလို ေရဓာတ္ ခမ္းေျခာက္တာလည္း မျဖစ္မွာပါ။
ေလႁပြန္ေရာင္တာက ကူးစက္တတ္လို႔ ကိုယ့္ကေလးမွာျဖစ္ေနရင္ တျခားသူေတြနဲ႔ ရက္အနည္းငယ္ေလာက္ ထိေတြ႕မႈမရွိေအာင္ ေရွာင္ရွားဖို႔လိုပါတယ္။
>> ေလႁပြန္ေရာင္တဲ့ေရာဂါလကၡဏာေတြ
အေအးမိတာကေနစၿပီးေတာ့ ေခ်ာင္းနည္းနည္းဆိုးၿပီး ႏွာရည္ယို၊ ႏွာပိတ္ပါမယ္။ ဒီလိုျဖစ္ၿပီး ၁ ရက္၊ ၂ ရက္ေလာက္ၾကာရင္ ေခ်ာင္းဆိုးတာက ပိုဆိုးလာၿပီးေတာ့ အသက္႐ွဴရာမွာ ခက္ခဲလာပါမယ္။ လကၡဏာေတြကေတာ့ -
● အသက္႐ွဴျမန္ျခင္း
● အသက္႐ွွဴတဲ့အခါမွာ အသံေတြျမည္ျခင္း (တ႐ႊီ႐ႊီျမည္ျခင္း)
● အသက္ကိုခက္ခက္ခဲခဲ႐ွဴရျခင္း - ကေလးအသက္႐ွဴတဲ့အခါမွာ ရင္ဘတ္ေအာက္ပိုင္း ခ်ိဳင့္ဝင္သြားတာ၊ လည္ပင္းေအာက္က အေရျပားေတြ ခ်ိဳင့္ဝင္သြားတာ (သို႔) ႏွာေခါင္းေပါက္က ပြစိပြစိျဖစ္ေနတာေတြကို ေတြ႕ရပါမယ္။ ကေလးငယ္ငယ္ေလးေတြဆိုရင္ေတာ့ အသက္႐ွဴတဲ့အခါမွာ ေခါင္းကို လႈပ္လႈပ္ၿပီး ႐ွဴတာကို ေတြ႕ရပါမယ္။
● ဂဏွာမၿငိမ္ျဖစ္ျခင္း၊ ကိုယ္ပူျခင္း
● အစာစား၊ ေရေသာက္ရ ခက္ခဲျခင္း
ေရာဂါလကၡဏာေတြက ၂ ရက္၊ ၃ ရက္ေျမာက္ေလာက္မွာ ပိုဆိုးၿပီးေတာ့ ၁၀ ရက္ေလာက္အထိ ေနမေကာင္းျဖစ္တတ္ပါတယ္။ ေခ်ာင္းကေတာ့ ၄ ပတ္ေလာက္အထိ ဆက္ဆိုးေနႏိုင္ပါတယ္။
>> ဆရာဝန္ ဘယ္အခ်ိန္ျပမလဲ?
ကေလးမွာ ေလႁပြန္ေရာင္ေနတယ္လို႔ထင္ရင္ ဆရာဝန္ ျပသင့္ပါတယ္။ ေလႁပြန္ေရာင္တာကို ရင္ဘတ္ဓာတ္မွန္႐ိုက္ျခင္း၊ ႏွာေခါင္းက ခြၽဲယူၿပီးစစ္ေဆးျခင္းနဲ႔ ေသြးစစ္ေဆးျခင္းေတြကေနၿပီးေတာ့ သိႏိုင္ပါတယ္။
ကေလးက အသက္႐ွဴရ ခက္တာေတြ၊ ႏို႔စို႔ရ ခက္တာေတြရွိလာရင္ေတာ့ ေဆး႐ုံတင္ဖို႔ လိုပါတယ္။ ေဆး႐ုံမွာမွ ကေလးကို ေစာင့္ၾကည့္ၿပီးေတာ့ ေအာက္ဆီဂ်င္ေပးတာ၊ လိုအပ္တဲ့အရည္ေတြကို အေၾကာထဲကသြင္းတာ၊ ႏွာေခါင္းပိုက္က သြင္းတာေတြ လုပ္ေပးပါလိမ့္မယ္။
ေလႁပြန္ေရာင္တာက ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာဆိုေတာ့ ပိုးသတ္ေဆးေတာ့ မေပးပါဘူး။ steroids, adrenaline နဲ႔ ပန္းနာရင္ၾကပ္ေဆးေတြကလည္း အေထာက္အကူမျဖစ္ပါဘူး။
တခ်ိဳ႕ကေလးေတြက ေလႁပြန္ေရာင္ၿပီဆိုရင္ ျမန္ျမန္ႀကီး ေရာဂါအေျခအေန ဆိုးႏိုင္ေခ်ပိုမ်ားပါတယ္။ ဒီလိုအေျခအေနေတြရွိတဲ့ကေလးေတြမွာ ေလႁပြန္ေရာင္တဲ့လကၡဏာေတြ ေတြ႕ရင္ေတာ့ အေရးေပၚေဆးကုသမႈခံယူဖို႔ လိုပါတယ္။
● လမေစ့ဘဲ ေမြးတဲ့ကေလးေတြ
● ၁၀ ပတ္ေအာက္ ငယ္တဲ့ကေလးငယ္ေလးေတြ
● နာတာရွည္အဆုတ္ေရာဂါ၊ ေမြးရာပါႏွလုံးေရာဂါ၊ နာတာရွည္အာ႐ုံေၾကာေရာဂါ (သို႔) ခုခံအားနည္းတဲ့ကေလးေတြ
Solmux Kids 1

>> အိမ္မွာေရာ ဘယ္လိုျပဳစုေစာင့္ေရွာက္ၾကမလဲ?
ကေလးအမ်ားစုကေတာ့ ဆရာဝန္ျပၿပီးသြားရင္ အိမ္မွာပဲ ဂ႐ုစိုက္ဖို႔လိုပါတယ္။
● ဆရာ၀န္ညႊန္ၾကားတဲ့အတိုင္း ေဆးမွန္မွန္တိုက္ပါ။
● ကေလးကို မ်ားမ်ားအနားယူခိုင္းပါ။
● ကေလးကို ႏို႔ ခဏခဏတိုက္ေပးပါ။
● ႏွာေခါင္းထဲကို saline အစက္ခ်ေပးတာ၊ spray ျဖန္းေပးတာေတြက အထဲက အခြၽဲေတြကို ရွင္းလင္းေစၿပီးေတာ့ ကေလးကို ပိုၿပီးသက္ေသာင့္သက္သာ ျဖစ္ေစပါတယ္။
● အိမ္ထဲမွာ (သို႔) ကေလးရဲ႕ပတ္ဝန္းက်င္မွာ ဘယ္သူ႔ကိုမွ ေဆးလိပ္မေသာက္ပါေစနဲ႔။
>> ကေလးမွာ ဒီလကၡဏာေတြျပရင္ ဆရာဝန္ျပန္ျပဖို႔လိုပါတယ္။
● ေခ်ာင္းဆိုးတာ ပိုဆိုးလာျခင္း
● ကေလးက ပုံမွန္ႏို႔စို႔ေနက်ပမာဏထက္ တစ္ဝက္ေလာက္သာစို႔ျခင္း (သို႔) လုံးဝမစို႔ျခင္း
● ကေလးက အရမ္းႏံုးၿပီးေတာ့ ခါတိုင္းထက္ပိုမွိန္းျခင္း
● ဘာေၾကာင့္ပဲျဖစ္ျဖစ္စိတ္ပူရင္ ဆရာဝန္ျပန္ျပပါ။
>> ကေလးမွာ ဒီလကၡဏာေတြ ေတြ႕ရင္ေတာ့ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းကို အျမန္ဆုံးသာေျပးပါ။
● အသက္႐ွဴရခက္ခဲျခင္း၊ ကေလးနားေနခ်ိန္မွာေတာင္မွ အသက္႐ွဴပုံမမွန္ျခင္း၊ အသက္႐ွဴျမန္ျခင္း
● ေခ်ာင္းဆိုးၿပီးေတာ့ ပုံမွန္အတိုင္း မစားႏိုင္ျခင္း
● ေခ်ာင္းဆိုးတဲ့အခါမွာ မ်က္ႏွာအသားေရာင္ ေျပာင္းသြားျခင္း
● အသားေတြ ျဖဴေဖ်ာ့ၿပီးေတာ့ ေခြၽးေတြထြက္ေနျခင္း
ကေလးက အသက္ကို အရမ္း ခက္ခက္ခဲခဲ႐ွဴေနရၿပီးေတာ့ ႏႈတ္ခမ္းေတြလည္း ျပာလာရင္ေတာ့ လူနာတင္ယာဥ္ အျမန္ဆုံးသာေခၚၿပီး ေဆး႐ုံသြားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Solmux Kids 2

(Unicode)
လေပြွန်ရောင်တာကတော့ အဆုတ်ကို ဗိုင်းရပ်စ်ပိုးဝင်လို့ဖြစ်တာဖြစ်ပြီးတော့ အသက် 2 နှစ်အောက် ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ။ ရောဂါပိုးဝင်တဲ့အခါမှာ လေပြွန်တစ်လျှောက် ရောင်ရမ်းပြီးတော့ အချွဲတွေလည်းစုလာကာ အသက်ရှူရခက်လာစေပါတယ်။
လေပြွန်ရောင်ပြီဆိုရင်တော့ ကလေးကို အနားပေးပြီးတော့ နို့ကို တစ်ခါတိုက်ရင်နည်းနည်းနဲ့ ခဏခဏတိုက်ပေးဖို့ လိုပါတယ်။ ဒါမှ ကလေးက အစာစားနေတုန်းမှာ ပင်ပန်းတာတွေမဖြစ်သလို ရေဓာတ် ခမ်းခြောက်တာလည်း မဖြစ်မှာပါ။
လေပြွန်ရောင်တာက ကူးစက်တတ်လို့ ကိုယ့်ကလေးမှာဖြစ်နေရင် တခြားသူတွေနဲ့ ရက်အနည်းငယ်လောက် ထိတွေ့မှုမရှိအောင် ရှောင်ရှားဖို့လိုပါတယ်။
>> လေပြွန်ရောင်တဲ့ရောဂါလက္ခဏာတွေ
အအေးမိတာကနေစပြီးတော့ ချောင်းနည်းနည်းဆိုးပြီး နှာရည်ယို၊ နှာပိတ်ပါမယ်။ ဒီလိုဖြစ်ပြီး ၁ ရက်၊ ၂ ရက်လောက်ကြာရင် ချောင်းဆိုးတာက ပိုဆိုးလာပြီးတော့ အသက်ရှူရာမှာ ခက်ခဲလာပါမယ်။ လက္ခဏာတွေကတော့ -
● အသက်ရှူမြန်ခြင်း
● အသက်ရှူတဲ့အခါမှာ အသံတွေမြည်ခြင်း (တရွှီရွှီမြည်ခြင်း)
● အသက်ကိုခက်ခက်ခဲခဲရှူရခြင်း - ကလေးအသက်ရှူတဲ့အခါမှာ ရင်ဘတ်အောက်ပိုင်း ချိုင့်ဝင်သွားတာ၊ လည်ပင်းအောက်က အရေပြားတွေ ချိုင့်ဝင်သွားတာ (သို့) နှာခေါင်းပေါက်က ပွစိပွစိဖြစ်နေတာတွေကို တွေ့ရပါမယ်။ ကလေးငယ်ငယ်လေးတွေဆိုရင်တော့ အသက်ရှူတဲ့အခါမှာ ခေါင်းကို လှုပ်လှုပ်ပြီး ရှူတာကို တွေ့ရပါမယ်။
● ဂဏှာမငြိမ်ဖြစ်ခြင်း၊ ကိုယ်ပူခြင်း
● အစာစား၊ ရေသောက်ရ ခက်ခဲခြင်း
ရောဂါလက္ခဏာတွေက ၂ ရက်၊ ၃ ရက်မြောက်လောက်မှာ ပိုဆိုးပြီးတော့ ၁၀ ရက်လောက်အထိ နေမကောင်းဖြစ်တတ်ပါတယ်။ ချောင်းကတော့ ၄ ပတ်လောက်အထိ ဆက်ဆိုးနေနိုင်ပါတယ်။
>> ဆရာဝန် ဘယ်အချိန်ပြမလဲ?
ကလေးမှာ လေပြွန်ရောင်နေတယ်လို့ထင်ရင် ဆရာဝန် ပြသင့်ပါတယ်။ လေပြွန်ရောင်တာကို ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှာခေါင်းက ချွဲယူပြီးစစ်ဆေးခြင်းနဲ့ သွေးစစ်ဆေးခြင်းတွေကနေပြီးတော့ သိနိုင်ပါတယ်။
ကလေးက အသက်ရှူရ ခက်တာတွေ၊ နို့စို့ရ ခက်တာတွေရှိလာရင်တော့ ဆေးရုံတင်ဖို့ လိုပါတယ်။ ဆေးရုံမှာမှ ကလေးကို စောင့်ကြည့်ပြီးတော့ အောက်ဆီဂျင်ပေးတာ၊ လိုအပ်တဲ့အရည်တွေကို အကြောထဲကသွင်းတာ၊ နှာခေါင်းပိုက်က သွင်းတာတွေ လုပ်ပေးပါလိမ့်မယ်။
လေပြွန်ရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာဆိုတော့ ပိုးသတ်ဆေးတော့ မပေးပါဘူး။ steroids, adrenaline နဲ့ ပန်းနာရင်ကြပ်ဆေးတွေကလည်း အထောက်အကူမဖြစ်ပါဘူး။
တချို့ကလေးတွေက လေပြွန်ရောင်ပြီဆိုရင် မြန်မြန်ကြီး ရောဂါအခြေအနေ ဆိုးနိုင်ချေပိုများပါတယ်။ ဒီလိုအခြေအနေတွေရှိတဲ့ကလေးတွေမှာ လေပြွန်ရောင်တဲ့လက္ခဏာတွေ တွေ့ရင်တော့ အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုပါတယ်။
● လမစေ့ဘဲ မွေးတဲ့ကလေးတွေ
● ၁၀ ပတ်အောက် ငယ်တဲ့ကလေးငယ်လေးတွေ
● နာတာရှည်အဆုတ်ရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အာရုံကြောရောဂါ (သို့) ခုခံအားနည်းတဲ့ကလေးတွေ
>> အိမ်မှာရော ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ?
ကလေးအများစုကတော့ ဆရာဝန်ပြပြီးသွားရင် အိမ်မှာပဲ ဂရုစိုက်ဖို့လိုပါတယ်။
● ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးမှန်မှန်တိုက်ပါ။
● ကလေးကို များများအနားယူခိုင်းပါ။
● ကလေးကို နို့ ခဏခဏတိုက်ပေးပါ။
● နှာခေါင်းထဲကို saline အစက်ချပေးတာ၊ spray ဖြန်းပေးတာတွေက အထဲက အချွဲတွေကို ရှင်းလင်းစေပြီးတော့ ကလေးကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပါတယ်။
● အိမ်ထဲမှာ (သို့) ကလေးရဲ့ပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ ဆေးလိပ်မသောက်ပါစေနဲ့။
>> ကလေးမှာ ဒီလက္ခဏာတွေပြရင် ဆရာဝန်ပြန်ပြဖို့လိုပါတယ်။
● ချောင်းဆိုးတာ ပိုဆိုးလာခြင်း
● ကလေးက ပုံမှန်နို့စို့နေကျပမာဏထက် တစ်ဝက်လောက်သာစို့ခြင်း (သို့) လုံးဝမစို့ခြင်း
● ကလေးက အရမ်းနုံးပြီးတော့ ခါတိုင်းထက်ပိုမှိန်းခြင်း
● ဘာကြောင့်ပဲဖြစ်ဖြစ်စိတ်ပူရင် ဆရာဝန်ပြန်ပြပါ။
>> ကလေးမှာ ဒီလက္ခဏာတွေ တွေ့ရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသာပြေးပါ။
● အသက်ရှူရခက်ခဲခြင်း၊ ကလေးနားနေချိန်မှာတောင်မှ အသက်ရှူပုံမမှန်ခြင်း၊ အသက်ရှူမြန်ခြင်း
● ချောင်းဆိုးပြီးတော့ ပုံမှန်အတိုင်း မစားနိုင်ခြင်း
● ချောင်းဆိုးတဲ့အခါမှာ မျက်နှာအသားရောင် ပြောင်းသွားခြင်း
● အသားတွေ ဖြူဖျော့ပြီးတော့ ချွေးတွေထွက်နေခြင်း
ကလေးက အသက်ကို အရမ်း ခက်ခက်ခဲခဲရှူနေရပြီးတော့ နှုတ်ခမ်းတွေလည်း ပြာလာရင်တော့ လူနာတင်ယာဉ် အမြန်ဆုံးသာခေါ်ပြီး ဆေးရုံသွားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























