/
node/9618

ကလေးငယ်များ နှာပိတ်တဲ့အခါ အမြန်ဆုံးသက်သာစေမယ့် အိမ်တွင်းနည်းလမ်း (၅) မျိုး

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်များ အအေးမိတဲ့အခါ ဖျားနာခြင်းနဲ့အတူ နှာစေးချောင်းဆိုးခြင်းတို့လည်း မလွဲမသွေ တွဲပါလာလေ့ရှိပါတယ်။ နှာရည်ယိုခြင်းနဲ့ နှာပိတ်ခြင်းမှာ ဘယ်အရာက ဆိုးကျိုးပိုပေးသလဲဆိုပါက နှာပိတ်ခြင်းလို့ပဲ ဖြေဆိုရပါလိမ့်မယ်။ နှာပိတ်ခြင်းကြောင့် ကလေးငယ်ဟာ အသက်ရှူရ ခက်ခဲစေတာကြောင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် ကလေးများ နှာပိတ်ခြင်းမှ အမြန်ဆုံးသက်သာစေမယ့် လွယ်ကူတဲ့ အိမ်တွင်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  ရေနွေးငွေ့ရှူခြင်း
စိုစွတ်သောရေနွေးငွေ့ကို ရှူရှိုက်ခြင်းဖြင့် ချွဲသလိပ်များကို ပျော်စေပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေနိုင်ပါတယ်။ Humidifier များ အလွယ်တကူ ဝယ်လို့ရနေပြီဖြစ်သလို အလွယ်ကူဆုံးနည်းအဖြစ် ရေချိုးခန်းထဲတွင် ရေနွေးငွေ့များလွှတ်ပြီး ထိုင်ခိုင်းနိုင်ပါတယ်။

(၂)  နှာရည်စုပ်ထုတ်တံ အသုံးပြုခြင်းနှင့် ဆားရည်အစက်ချခြင်း
နှာရည်စုပ်တံကို အသုံးပြုပြီး နှပ်များ ထုတ်ပေးနိုင်ပါတယ်။ အသုံးပြုပြီးတိုင်း နှာရည်စုပ်တံကို သန့်ရှင်းရေးလုပ်ဖို့ မမေ့နဲ့နော်။
ဒါ့အပြင် Saline ဆားရည်ဘူးလေးများကို နှာခေါင်းတစ်ဖက်တွင် ၂ စက်စီခန့် အစက်ချပေးခြင်းဖြင့် နှပ်များကို ပျော်စေနိုင်ပါတယ်။

(၃)  အရည်များများ တိုက်ကျွေးခြင်း
ဓာတ်ဆားရည်၊ ကြက်စွပ်ပြုတ်ရည်၊ နွားနို့၊ သစ်သီးဖျော်ရည်စတဲ့ အရည်များကို လုံလောက်စွာ တိုက်ကျွေးခြင်းဖြင့် ရေဓာတ်ပြည့်ဝစေမယ့်အပြင် ချွဲသလိပ်နဲ့နှပ်များကို ပျော်စေတာမို့ နှာပိတ်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

Biogesic for kids IA 1

(၄)  ကောင်းစွာ အနားယူစေခြင်း
ကလေးငယ်များ ဖျားနာသောအခါ ခန္ဓာကိုယ်က ရောဂါပိုးများကို တိုက်ထုတ်ရတာမို့ ကောင်းစွာအနားယူဖို့ လိုပါတယ်။

(၅)  ကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားပြီး အိပ်ခိုင်းခြင်း
လှဲအိပ်ပါက  နှာပိတ်ခြင်းကို ပိုဆိုးစေတာ မေမေတို့ သိပါလိမ့်မယ်။ ဒါကြောင့် သားသားမီးမီးလေးများကို ကိုယ်အပေါ်ပိုင်း မတ်မတ်ထားပြီး အနားယူခိုင်းခြင်း အိပ်စက်စေခြင်း ပြုလုပ်ပါ။ ကလေးရဲ့မွေ့ရာ (သို့မဟုတ်) ခေါင်းအုံးအောက်တွင် စောင်တစ်ထပ် ခံထားခြင်း ပြုလုပ်ပေခြင်းဖြင့် ဦးခေါင်းကို အနည်းငယ်မြင့်စေပြီး နှာပိတ်တာ သက်သာစေမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

ကေလးငယ္မ်ား အေအးမိတဲ့အခါ ဖ်ားနာျခင္းနဲ႔အတူ ႏွာေစးေခ်ာင္းဆိုးျခင္းတို႔လည္း မလြဲမေသြ တြဲပါလာေလ့ရွိပါတယ္။ ႏွာရည္ယိုျခင္းနဲ႔ ႏွာပိတ္ျခင္းမွာ ဘယ္အရာက ဆိုးက်ိဳးပိုေပးသလဲဆိုပါက ႏွာပိတ္ျခင္းလို႔ပဲ ေျဖဆိုရပါလိမ့္မယ္။ ႏွာပိတ္ျခင္းေၾကာင့္ ကေလးငယ္ဟာ အသက္ရွဴရ ခက္ခဲေစတာေၾကာင့္ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ကေလးမ်ား ႏွာပိတ္ျခင္းမွ အျမန္ဆုံးသက္သာေစမယ့္ လြယ္ကူတဲ့ အိမ္တြင္းနည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁)  ေရေႏြးေငြ႕ရွဴျခင္း
စိုစြတ္ေသာေရေႏြးေငြ႕ကို ရွဴ႐ႈိက္ျခင္းျဖင့္ ခြၽဲသလိပ္မ်ားကို ေပ်ာ္ေစၿပီး အသက္ရွဴလမ္းေၾကာင္းကို ပြင့္ေစႏိုင္ပါတယ္။ Humidifier မ်ား အလြယ္တကူ ဝယ္လို႔ရေနၿပီျဖစ္သလို အလြယ္ကူဆုံးနည္းအျဖစ္ ေရခ်ိဳးခန္းထဲတြင္ ေရေႏြးေငြ႕မ်ားလႊတ္ၿပီး ထိုင္ခိုင္းႏိုင္ပါတယ္။

(၂)  ႏွာရည္စုပ္ထုတ္တံ အသုံးျပဳျခင္းႏွင့္ ဆားရည္အစက္ခ်ျခင္း
ႏွာရည္စုပ္တံကို အသုံးျပဳၿပီး ႏွပ္မ်ား ထုတ္ေပးႏိုင္ပါတယ္။ အသုံးျပဳၿပီးတိုင္း ႏွာရည္စုပ္တံကို သန႔္ရွင္းေရးလုပ္ဖို႔ မေမ့နဲ႔ေနာ္။
ဒါ့အျပင္ Saline ဆားရည္ဘူးေလးမ်ားကို ႏွာေခါင္းတစ္ဖက္တြင္ ၂ စက္စီခန႔္ အစက္ခ်ေပးျခင္းျဖင့္ ႏွပ္မ်ားကို ေပ်ာ္ေစႏိုင္ပါတယ္။

(၃)  အရည္မ်ားမ်ား တိုက္ေကြၽးျခင္း
ဓာတ္ဆားရည္၊ ၾကက္စြပ္ျပဳတ္ရည္၊ ႏြားႏို႔၊ သစ္သီးေဖ်ာ္ရည္စတဲ့ အရည္မ်ားကို လုံေလာက္စြာ တိုက္ေကြၽးျခင္းျဖင့္ ေရဓာတ္ျပည့္ဝေစမယ့္အျပင္ ခြၽဲသလိပ္နဲ႔ႏွပ္မ်ားကို ေပ်ာ္ေစတာမို႔ ႏွာပိတ္ျခင္းကို သက္သာေစမွာ ျဖစ္ပါတယ္။

(၄)  ေကာင္းစြာ အနားယူေစျခင္း
ကေလးငယ္မ်ား ဖ်ားနာေသာအခါ ခႏၶာကိုယ္က ေရာဂါပိုးမ်ားကို တိုက္ထုတ္ရတာမို႔ ေကာင္းစြာအနားယူဖို႔ လိုပါတယ္။

(၅)  ကိုယ္အေပၚပိုင္းကို မတ္မတ္ထားၿပီး အိပ္ခိုင္းျခင္း
လွဲအိပ္ပါက  ႏွာပိတ္ျခင္းကို ပိုဆိုးေစတာ ေမေမတို႔ သိပါလိမ့္မယ္။ ဒါေၾကာင့္ သားသားမီးမီးေလးမ်ားကို ကိုယ္အေပၚပိုင္း မတ္မတ္ထားၿပီး အနားယူခိုင္းျခင္း အိပ္စက္ေစျခင္း ျပဳလုပ္ပါ။ ကေလးရဲ႕ေမြ႕ရာ (သို႔မဟုတ္) ေခါင္းအုံးေအာက္တြင္ ေစာင္တစ္ထပ္ ခံထားျခင္း ျပဳလုပ္ေပျခင္းျဖင့္ ဦးေခါင္းကို အနည္းငယ္ျမင့္ေစၿပီး ႏွာပိတ္တာ သက္သာေစမွာ ျဖစ္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)