ဦးနှောက်ကို ထိခိုက်စေတဲ့အတွက် လုံးဝမလုပ်သင့်တဲ့ အလေ့အကျင့် (၇) မျိုး
ကျွန်တော်တို့အားလုံးဟာ တစ်ခါတလေမှာ အားလုံးကို ခဏမေ့ထားလိုက်ချင်ကြတာပါပဲ။ ဝိုင်လေးသောက်ရင်းဖြစ်ဖြစ်၊ မနက်ထရမယ့်အချိန်ထက် ပိုအိပ်ရင်းဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်လမ်းတွဲလေးတွေ ကြည့်ရင်းဖြစ်ဖြစ် အပြင်လောကကြီးနဲ့ ခဏလောက်တော့ အဆက်အသွယ် ဖြတ်ထားချင်ကြတာပါပဲ။ ဒါပေမဲ့ တချို့သောအပြုအမူတွေ၊ အလေ့အကျင့်တွေက ကိုယ်တိုင်သတိမထားမိလိုက်ပဲ ကိုယ့်ဦးနှောက်ကို ပျက်စီးစေနိုင်ပါတယ်။
ဦးနှောက်က လိုအပ်တဲ့ အာဟာရတွေကို ပြတ်တောက်စေတဲ့အကျင့်တွေ၊ ဦးနှောက်ရဲ့ဆဲလ်တွေကို မြန်မြန်သေစေတဲ့ အကျင့်တွေ၊ ဒါတွေက ကျွန်တော်တို့ရဲ့ ဦးနှောက်တွေကို တဖြည်းဖြည်း ပျက်စီးစေပြီး နောက်ဆုံးမှာ အတက်ရောဂါ၊ လေဖြတ်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါလိုမျိုး ရောဂါတွေကိုပါဖြစ်စေဖို့ တွန်းအားပေးနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အမူအကျင့် (၇) မျိုးက သင့်ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့အတွက် သင် လုပ်မိနေတယ်ဆိုရင် ချက်ချင်းပဲ ရပ်လိုက်ဖို့ သတိပေးပါရစေ။
၁။ မနက်စာ မစားခြင်း
မနက်စာဆိုတာ တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံး အစားအစာပါပဲ။ ဒါကိုမစားပဲထားလိုက်မယ်ဆိုရင် သွေးထဲမှာ သကြားဓာတ်တွေ ကျဆင်းနေပါလိမ့်မယ်။ ဒီလိုကျဆင်းနေတာက ဦးနှောက်ကို ပျက်စီးစေနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဦးနှောက်က တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် စွမ်းအင်ပိုလိုအပ်ပါတယ်။ ဒီလိုစွမ်းအင်ကိုရရှိဖို့အတွက် သကြားဓာတ် အများကြီး လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်က ခန္ဓာကိုယ်မှာရှိတဲ့ သကြားဓာတ်ရဲ့ ၂၀% ကို အသုံးပြုရပါတယ်။ မနက်စာမစားတဲ့အခါ ဦးနှောက်အတွက်လိုအပ်တဲ့ သကြားဓာတ်ကို လုံလုံလောက်လောက် မရနိုင်တဲ့အတွက် ဦးနှောက်မှာရှိတဲ့ဆဲလ်တွေကို လျင်လျင်မြန်မြန်ပဲ သေစေနိုင်ပါတယ်။
၂။ အိပ်ချိန်လုံလောက်မှုမရှိခြင်း
အိပ်ရေးမဝတဲ့အခါ နောက်နေ့မနက်ရောက်ရင် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတတ်တာတော့ လူတိုင်းကြုံဖူးကြမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် အိပ်ချိန်မလုံလောက်တဲ့အခါ အာရုံကြောတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် တစ်ခုခုကို ခံစားနိုင်မှုနဲ့ တုံ့ပြန်နိုင်မှုဟာ တခြားအချိန်တွေထက်စာရင် နှေးနေပါလိမ့်မယ်။ ဒီလိုဖြစ်တာက မတော်တဆမှုတွေဖြစ်ဖို့ ပိုပြီးနီးစပ်စေနိုင်ပါတယ်။ တကယ်လို့ အချိန်အကြာကြီး အိပ်ရေးပျက်ပျက်နေမယ် ဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့ ထိုင်းမှိုင်းလေးလံနေမှုဟာ အမြဲတမ်းလိုလို ခံစားနေရမှာ ဖြစ်ပါတယ်။
၃။ အလွန်အကျွံစားခြင်း
လေ့လာတွေ့ရှိချက်တွေအရ အဝလွန်ခြင်းနဲ့ သတိမေ့ခြင်းရောဂါဟာ ဆက်စပ်မှုရှိနေတယ်လို့ သိရှိရပါတယ်။ ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာ တိတိကျကျတော့ မသိရသေးပါဘူး။ ဒါပေမယ့် အာဟာရမပြည့်ဝတဲ့ အစားအသောက်တွေကို စားတဲ့အခါ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို လုံလောက်အောင် မရသေးတဲ့အတွက် ဦးနှောက်က ထပ်စားခိုင်းပါလိမ့်မယ်။ ဒါ့ကြောင့် အစားအများကြီးစားပေမယ့် ခန္ဓာကိုယ်အတွက်ရော၊ ဦးနှောက်အတွက်ရော လုံလောက်တဲ့ အာဟာရမရရှိနိုင်ပါဘူး။
Enervon-C Adult 1

၄။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေရဲ့ နံရံတွေကိုပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့မျှခြေ၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ဘာသာစကား၊ မှတ်ဉာဏ်၊ စတာတွေကိုထိန်းချုပ်တဲ့ဆဲလ်တွေ၊ အထူးသဖြင့် cortex လို့ခေါ်တဲ့ ဦးနှောက်အပိုင်းကို ပျက်စီးစေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့လူတွေမှာတောင်မှ ဆေးလိပ်ကြောင့် ပျက်စီးသွားတဲ့ cortex အပိုင်းတွေကတော့ ပြန်မကောင်းနိုင်တော့ဘူးလို့ ဆိုကြပါတယ်။
၅။ ရေဓာတ်ခမ်းခြောက်ခြင်း
ခန္ဓာကိုယ်ရဲ့ ၇၀% ခန့်ကို ရေတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်လုပ်ဖို့ ရေက မရှိမဖြစ် လိုအပ်ပါတယ်။ ဦးနှောက်အတွက်လည်း ထို့အတူပါပဲ။ ဒါ့ကြောင့် ရေကို ဆာတိုင်းသောက်ပေးဖို့ အရေးကြီးလှပါတယ်။ မဆာရင်တောင် တစ်နေ့ကို 2 လီတာ သောက်ပေးဖို့ လိုပါတယ်။
၆။ အချို အစားများလွန်းခြင်း
အချိုဓာတ်က ဦးနှောက်အလုပ်လုပ်ဖို့အတွက် လိုအပ်တယ်ဆိုတာမှန်ပေမယ့် အခုခေတ်ရဲ့ အစားအစာ တော်တော်များများမှာတော့ အချိုဓာတ်က လိုတာထက်ကို တော်တော်များများပို ပါဝင်နေပါတယ်။ အချိုဓာတ်တွေ အရမ်းများသွားတဲ့အခါ ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် သတိမေ့ရောဂါဖြစ်နိုင်ချေကို ပိုများစေနိုင်ပါတယ်။
၇။ စိတ်ဖိစီးမှုများခြင်း
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ စိတ်ဖိစီးမှုများခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေတာဖြစ်ပါတယ်။ ခဏတာစိန်ခေါ်မှုတွေက သင့်ဘဝကို ထက်ထက်မြက်မြက် ဖြစ်စေနိုင်ပေမယ့် ကာလကြာရှည်အောင် စိတ်ဖိစီးမှုတွေ များနေပြီဆိုရင်တော့ ဦးနှောက်ကို ပျက်စီးစေနိုင်တဲ့အထိ ဖြစ်နိုင်တဲ့အတွက် အချိန်မနှောင်းခင် အနားယူကြဖို့ တိုက်တွန်းလိုက်ပါရစေ။
ဒေါက်တာအောင် (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
ကြၽန္ေတာ္တို႔အားလုံးဟာ တစ္ခါတေလမွာ အားလုံးကို ခဏေမ့ထားလိုက္ခ်င္ၾကတာပါပဲ။ ဝိုင္ေလးေသာက္ရင္းျဖစ္ျဖစ္၊ မနက္ထရမယ့္အခ်ိန္ထက္ ပိုအိပ္ရင္းျဖစ္ျဖစ္၊ ႐ုပ္ရွင္ဇာတ္လမ္းတြဲေလးေတြ ၾကည့္ရင္းျဖစ္ျဖစ္ အျပင္ေလာကႀကီးနဲ႔ ခဏေလာက္ေတာ့ အဆက္အသြယ္ ျဖတ္ထားခ်င္ၾကတာပါပဲ။ ဒါေပမဲ့ တခ်ိဳ႕ေသာအျပဳအမူေတြ၊ အေလ့အက်င့္ေတြက ကိုယ္တိုင္သတိမထားမိလိုက္ပဲ ကိုယ့္ဦးေႏွာက္ကို ပ်က္စီးေစႏိုင္ပါတယ္။
ဦးေႏွာက္က လိုအပ္တဲ့ အာဟာရေတြကို ျပတ္ေတာက္ေစတဲ့အက်င့္ေတြ၊ ဦးေႏွာက္ရဲ႕ဆဲလ္ေတြကို ျမန္ျမန္ေသေစတဲ့ အက်င့္ေတြ၊ ဒါေတြက ကြၽန္ေတာ္တို႔ရဲ႕ ဦးေႏွာက္ေတြကို တျဖည္းျဖည္း ပ်က္စီးေစၿပီး ေနာက္ဆုံးမွာ အတက္ေရာဂါ၊ ေလျဖတ္ေရာဂါ၊ အယ္လ္ဇိုင္းမားေရာဂါလိုမ်ိဳး ေရာဂါေတြကိုပါျဖစ္ေစဖို႔ တြန္းအားေပးႏိုင္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အမူအက်င့္ (၇) မ်ိဳးက သင့္ဦးေႏွာက္ကို ထိခိုက္ေစႏိုင္တဲ့အတြက္ သင္ လုပ္မိေနတယ္ဆိုရင္ ခ်က္ခ်င္းပဲ ရပ္လိုက္ဖို႔ သတိေပးပါရေစ။
၁။ မနက္စာ မစားျခင္း
မနက္စာဆိုတာ တစ္ေန႔တာလုံးအတြက္ အေရးအႀကီးဆုံး အစားအစာပါပဲ။ ဒါကိုမစားပဲထားလိုက္မယ္ဆိုရင္ ေသြးထဲမွာ သၾကားဓာတ္ေတြ က်ဆင္းေနပါလိမ့္မယ္။ ဒီလိုက်ဆင္းေနတာက ဦးေႏွာက္ကို ပ်က္စီးေစႏိုင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ ဦးေႏွာက္က တျခားေသာ ခႏၶာကိုယ္အစိတ္အပိုင္းေတြထက္ စြမ္းအင္ပိုလိုအပ္ပါတယ္။ ဒီလိုစြမ္းအင္ကိုရရွိဖို႔အတြက္ သၾကားဓာတ္ အမ်ားႀကီး လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဦးေႏွာက္က ခႏၶာကိုယ္မွာရွိတဲ့ သၾကားဓာတ္ရဲ႕ ၂၀% ကို အသုံးျပဳရပါတယ္။ မနက္စာမစားတဲ့အခါ ဦးေႏွာက္အတြက္လိုအပ္တဲ့ သၾကားဓာတ္ကို လုံလုံေလာက္ေလာက္ မရႏိုင္တဲ့အတြက္ ဦးေႏွာက္မွာရွိတဲ့ဆဲလ္ေတြကို လ်င္လ်င္ျမန္ျမန္ပဲ ေသေစႏိုင္ပါတယ္။
၂။ အိပ္ခ်ိန္လုံေလာက္မႈမရွိျခင္း
အိပ္ေရးမဝတဲ့အခါ ေနာက္ေန႔မနက္ေရာက္ရင္ ထိုင္းထိုင္းမႈိင္းမႈိင္း ျဖစ္ေနတတ္တာေတာ့ လူတိုင္းႀကဳံဖူးၾကမွာပါ။ ဒါဟာ ဘာေၾကာင့္လဲဆိုရင္ အိပ္ခ်ိန္မလုံေလာက္တဲ့အခါ အာ႐ုံေၾကာေတြက ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ တစ္ခုခုကို ခံစားႏိုင္မႈနဲ႔ တုံ႔ျပန္ႏိုင္မႈဟာ တျခားအခ်ိန္ေတြထက္စာရင္ ေႏွးေနပါလိမ့္မယ္။ ဒီလိုျဖစ္တာက မေတာ္တဆမႈေတြျဖစ္ဖို႔ ပိုၿပီးနီးစပ္ေစႏိုင္ပါတယ္။ တကယ္လို႔ အခ်ိန္အၾကာႀကီး အိပ္ေရးပ်က္ပ်က္ေနမယ္ ဆိုရင္ေတာ့ အေပၚမွာေျပာခဲ့တဲ့ ထိုင္းမႈိင္းေလးလံေနမႈဟာ အၿမဲတမ္းလိုလို ခံစားေနရမွာ ျဖစ္ပါတယ္။
၃။ အလြန္အကြၽံစားျခင္း
ေလ့လာေတြ႕ရွိခ်က္ေတြအရ အဝလြန္ျခင္းနဲ႔ သတိေမ့ျခင္းေရာဂါဟာ ဆက္စပ္မႈရွိေနတယ္လို႔ သိရွိရပါတယ္။ ဘာ့ေၾကာင့္ဒီလိုျဖစ္ရတာလဲဆိုတာ တိတိက်က်ေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ အာဟာရမျပည့္ဝတဲ့ အစားအေသာက္ေတြကို စားတဲ့အခါ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရေတြကို လုံေလာက္ေအာင္ မရေသးတဲ့အတြက္ ဦးေႏွာက္က ထပ္စားခိုင္းပါလိမ့္မယ္။ ဒါ့ေၾကာင့္ အစားအမ်ားႀကီးစားေပမယ့္ ခႏၶာကိုယ္အတြက္ေရာ၊ ဦးေႏွာက္အတြက္ေရာ လုံေလာက္တဲ့ အာဟာရမရရွိႏိုင္ပါဘူး။
၄။ ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ဦးေႏွာက္မွာရွိတဲ့ ဆဲလ္ေတြရဲ႕ နံရံေတြကိုပ်က္စီးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္ရဲ႕မွ်ေျခ၊ ခႏၶာကိုယ္လႈပ္ရွားမႈ၊ ဘာသာစကား၊ မွတ္ဉာဏ္၊ စတာေတြကိုထိန္းခ်ဳပ္တဲ့ဆဲလ္ေတြ၊ အထူးသျဖင့္ cortex လို႔ေခၚတဲ့ ဦးေႏွာက္အပိုင္းကို ပ်က္စီးေစပါတယ္။ ေဆးလိပ္ျဖတ္လိုက္တဲ့လူေတြမွာေတာင္မွ ေဆးလိပ္ေၾကာင့္ ပ်က္စီးသြားတဲ့ cortex အပိုင္းေတြကေတာ့ ျပန္မေကာင္းႏိုင္ေတာ့ဘူးလို႔ ဆိုၾကပါတယ္။
၅။ ေရဓာတ္ခမ္းေျခာက္ျခင္း
ခႏၶာကိုယ္ရဲ႕ ၇၀% ခန႔္ကို ေရေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္တဲ့အတြက္ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ေကာင္းေကာင္းအလုပ္လုပ္ဖို႔ ေရက မရွိမျဖစ္ လိုအပ္ပါတယ္။ ဦးေႏွာက္အတြက္လည္း ထို႔အတူပါပဲ။ ဒါ့ေၾကာင့္ ေရကို ဆာတိုင္းေသာက္ေပးဖို႔ အေရးႀကီးလွပါတယ္။ မဆာရင္ေတာင္ တစ္ေန႔ကို 2 လီတာ ေသာက္ေပးဖို႔ လိုပါတယ္။
၆။ အခ်ိဳ အစားမ်ားလြန္းျခင္း
အခ်ိဳဓာတ္က ဦးေႏွာက္အလုပ္လုပ္ဖို႔အတြက္ လိုအပ္တယ္ဆိုတာမွန္ေပမယ့္ အခုေခတ္ရဲ႕ အစားအစာ ေတာ္ေတာ္မ်ားမ်ားမွာေတာ့ အခ်ိဳဓာတ္က လိုတာထက္ကို ေတာ္ေတာ္မ်ားမ်ားပို ပါဝင္ေနပါတယ္။ အခ်ိဳဓာတ္ေတြ အရမ္းမ်ားသြားတဲ့အခါ ဦးေႏွာက္မွာရွိတဲ့ ဆဲလ္ေတြကို ေရာင္ရမ္းေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သတိေမ့ေရာဂါျဖစ္ႏိုင္ေခ်ကို ပိုမ်ားေစႏိုင္ပါတယ္။
၇။ စိတ္ဖိစီးမႈမ်ားျခင္း
ေနာက္ဆုံးတစ္ခုအေနနဲ႔ကေတာ့ စိတ္ဖိစီးမႈမ်ားျခင္းပဲ ျဖစ္ပါတယ္။ ဒါဟာ ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးေတြကိုသာ ျဖစ္ေစတာျဖစ္ပါတယ္။ ခဏတာစိန္ေခၚမႈေတြက သင့္ဘဝကို ထက္ထက္ျမက္ျမက္ ျဖစ္ေစႏိုင္ေပမယ့္ ကာလၾကာရွည္ေအာင္ စိတ္ဖိစီးမႈေတြ မ်ားေနၿပီဆိုရင္ေတာ့ ဦးေႏွာက္ကို ပ်က္စီးေစႏိုင္တဲ့အထိ ျဖစ္ႏိုင္တဲ့အတြက္ အခ်ိန္မေႏွာင္းခင္ အနားယူၾကဖို႔ တိုက္တြန္းလိုက္ပါရေစ။
ေဒါက္တာေအာင္ (www.drmyanmar.com)






























