အမျိုးသမီးတို့ ကျန်းမာဖို့
အမျိုးသမီးတို့ဘဝမှာ မိန်းမကိုယ်သန့်ရှင်းရေးဟာ တစ်ထောင့်တစ်နေရာကနေ အရေးပါနေပါတယ်နော်။ ဒီလို မိန်းမကိုယ် သန့်ရှင်းကျန်းမာမှုဟာ ဆေးဝါး၊ အစားအသောက်၊ အဝတ်အစား၊ စိတ်ဖိစီးမှုအားလုံးအပေါ်မှာလည်း တစ်ဖန်ပြန်မူတည်နေပြန်ပါတယ်။
မိန်းမကိုယ်မှာဟာ ပုံမှန်အက်ဆစ်ဓာတ် များပါတယ်။ ဒါမှလည်း အကျိုးပြုဘတ်တီးရီးယား လက်တိုဘက်စလက်စ်တွေ နေထိုင်နိုင်ပြီး ပုံမှန်မိန်းမကိုယ်အချွဲတွေ ထုတ်နိုင်မှာပါ။ ဒီအကျိုးပြုဘတ်တီးရီးယားဟာ မကောင်းတဲ့ပိုးမွှားတွေကို တိုက်ထုတ်ပေးပြီး မိန်းမကိုယ် pH ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီလို မိန်းမကိုယ် pH ဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ယွင်းပြောင်းလဲနိုင်ပါတယ်။
● လစဉ်ဓမ္မတာလာခြင်း (သွေးဟာ pH ၇.၄ ရှိပါတယ်။)
● Tampon တွေ၊ လစဉ်သုံးဂွမ်းထုပ်တွေ အသုံးပြုရခြင်း
● အမျိုးသားနဲ့အတူနေခြင်း (သုတ်ပိုးဟာ pH ၇.၁ - ၈ ရှိပါတယ်။)
● ဆပ်ပြာ
● ရေမွှေး
● စိတ်ဖိစီးမှု
● ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲ
● သွေးဆုံးခြင်းနှင့် မိန်းမကိုယ်မှာ အီစထရိုဂျင်ပြောင်းလဲခြင်း
>> ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲ?
pH တက်လာတဲ့အခါ ဘက်တီးရီးယားတွေ ပွားလာပြီး အနံ့ဆိုးတွေ ထွက်လာတာ၊ ခဲရောင်အရည်တွေ ဆင်းလာတာ၊ မိန်းမကိုယ် ယားယံတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကို မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်းလို့ ခေါ်ပါတယ်။
မိန်းမကိုယ်မှိုပိုးကျတော့ pH မများပေမယ့် ပိုးသတ်ဆေးတွေသုံးတာ၊ စိတ်ဖိစီးမှုတွေများတာ၊ အစိုဓာတ်များတာ၊ အချိုအစားများတာနဲ့ ဆီးချိုရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
pH Care 1

ရောဂါလက္ခဏာတွေအနေနဲ့ မိန်းမကိုယ်ယားယံတာ၊ အနံ့မနံတဲ့ ဖြူပျစ်ပျစ်အရည်တွေ ဆင်းတာမျိူး ဖြစ်တတ်ပါတယ်။
Chlamydia, gonorrhoea, trichomonasစတဲ့ လိင်မှတစ်ဆင့် ကူးစက်ပိုးတွေကျတော့ မိန်းမကိုယ် ယားယံတာ၊ အနံ့ဆိုးဆိုးတွေ ဆင်းတာ၊ တင်ပါးဆုံအောက်ပိုင်း နာကျင်တာ၊ တခြားနောက်ဆက်တွဲတွေ ဖြစ်တာမျိုး တွေ့ရပါတယ်။
>> မိန်းမကိုယ်ကျန်းမာရေးအတွက် ဘာတွေ ဆောင်သင့်၊ ရှောင်သင့်ပါသလဲ?
● 6-8 နာရီတစ်ခါ လစဉ်သုံးကို လဲလှယ်ပေးပါ။
● ကော်တွန်အတွင်းခံပွပွတွေကို ဝတ်ဆင်ပေးပါ။
● အဝတ်အစားကျပ်ကျပ်တွေကို အချိန်အကြာကြီး မဝတ်ဆင်ပါနဲ့။
● မိန်းမကိုယ်နားတစ်ဝိုက်ကို ရေချိုးဆပ်ပြာတွေ၊ ရေမွှေးတွေ အသုံးပြုတာကို ရှောင်ပါ။ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေကို အသုံးပြုနိုင်ပါတယ်။
● အတွင်းထဲထိ အတင်းဆေးတာမျိုး မလုပ်ပါနဲ့။ ခန္ဓာကိုယ်ထဲက ကောင်းတဲ့ဘက်တီးရီးယားပိုးတွေ သေသွားပြီး မိန်းမကိုယ် pH ပြောင်းလဲသွားနိုင်ပါတယ်။
● ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ဘက်တီးရီးယားတွေ ပွားလာအောင် ဒိန်ချဉ် သောက်ပေးပါ။
● ခုံပူပူတွေမှာ အချိန်အကြာကြီး မထိုင်ပါနဲ့။
● တစ်နှစ်တစ်ခါ မိန်းမကိုယ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပါ။
● အချိုတွေကို တတ်နိုင်သမျှရှောင်ပါ။
● ကွန်ဒုံးသုံးပါ။ ဒါမှမဟုတ် လိင်မှတစ်ဆင့် ကူးစက်ပိုးမရှိတာ သေချာတဲ့ ဆက်ဆံဖော်နဲ့သာ တစ်လင်တစ်မယားစနစ် နေထိုင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
pH Care 2

(Zawgyi)
အမ်ိဳးသမီးတို႔ဘဝမွာ မိန္းမကိုယ္သန႔္ရွင္းေရးဟာ တစ္ေထာင့္တစ္ေနရာကေန အေရးပါေနပါတယ္ေနာ္။ ဒီလို မိန္းမကိုယ္ သန႔္ရွင္းက်န္းမာမႈဟာ ေဆးဝါး၊ အစားအေသာက္၊ အဝတ္အစား၊ စိတ္ဖိစီးမႈအားလုံးအေပၚမွာလည္း တစ္ဖန္ျပန္မူတည္ေနျပန္ပါတယ္။
မိန္းမကိုယ္မွာဟာ ပုံမွန္အက္ဆစ္ဓာတ္ မ်ားပါတယ္။ ဒါမွလည္း အက်ိဳးျပဳဘတ္တီးရီးယား လက္တိုဘက္စလက္စ္ေတြ ေနထိုင္ႏိုင္ၿပီး ပုံမွန္မိန္းမကိုယ္အခြၽဲေတြ ထုတ္ႏိုင္မွာပါ။ ဒီအက်ိဳးျပဳဘတ္တီးရီးယားဟာ မေကာင္းတဲ့ပိုးမႊားေတြကို တိုက္ထုတ္ေပးၿပီး မိန္းမကိုယ္ pH ကို ပုံမွန္ျဖစ္ေစပါတယ္။ ဒီလို မိန္းမကိုယ္ pH ဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပ်က္ယြင္းေျပာင္းလဲႏိုင္ပါတယ္။
● လစဥ္ဓမၼတာလာျခင္း (ေသြးဟာ pH ၇.၄ ရွိပါတယ္။)
● Tampon ေတြ၊ လစဥ္သုံးဂြမ္းထုပ္ေတြ အသုံးျပဳရျခင္း
● အမ်ိဳးသားနဲ႔အတူေနျခင္း (သုတ္ပိုးဟာ pH ၇.၁ - ၈ ရွိပါတယ္။)
● ဆပ္ျပာ
● ေရေမႊး
● စိတ္ဖိစီးမႈ
● ကိုယ္ဝန္ေဆာင္ခ်ိန္ ေဟာ္မုန္းအေျပာင္းအလဲ
● ေသြးဆုံးျခင္းႏွင့္ မိန္းမကိုယ္မွာ အီစထ႐ိုဂ်င္ေျပာင္းလဲျခင္း
>> က်န္းမာေရးအေပၚ အက်ိဳးသက္ေရာက္မႈ ဘယ္လိုရွိသလဲ?
pH တက္လာတဲ့အခါ ဘက္တီးရီးယားေတြ ပြားလာၿပီး အနံ႔ဆိုးေတြ ထြက္လာတာ၊ ခဲေရာင္အရည္ေတြ ဆင္းလာတာ၊ မိန္းမကိုယ္ ယားယံတာေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒါကို မိန္းမကိုယ္ ဘက္တီးရီးယားပိုးဝင္ျခင္းလို႔ ေခၚပါတယ္။
မိန္းမကိုယ္မႈိပိုးက်ေတာ့ pH မမ်ားေပမယ့္ ပိုးသတ္ေဆးေတြသုံးတာ၊ စိတ္ဖိစီးမႈေတြမ်ားတာ၊ အစိုဓာတ္မ်ားတာ၊ အခ်ိဳအစားမ်ားတာနဲ႔ ဆီးခ်ိဳေရာဂါ စတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ ေရာဂါလကၡဏာေတြအေနနဲ႔ မိန္းမကိုယ္ယားယံတာ၊ အနံ႔မနံတဲ့ ျဖဴပ်စ္ပ်စ္အရည္ေတြ ဆင္းတာမ်ိဴး ျဖစ္တတ္ပါတယ္။
Chlamydia, gonorrhoea, trichomonasစတဲ့ လိင္မွတစ္ဆင့္ ကူးစက္ပိုးေတြက်ေတာ့ မိန္းမကိုယ္ ယားယံတာ၊ အနံ႔ဆိုးဆိုးေတြ ဆင္းတာ၊ တင္ပါးဆုံေအာက္ပိုင္း နာက်င္တာ၊ တျခားေနာက္ဆက္တြဲေတြ ျဖစ္တာမ်ိဳး ေတြ႕ရပါတယ္။
>> မိန္းမကိုယ္က်န္းမာေရးအတြက္ ဘာေတြ ေဆာင္သင့္၊ ေရွာင္သင့္ပါသလဲ?
● 6-8 နာရီတစ္ခါ လစဥ္သုံးကို လဲလွယ္ေပးပါ။
● ေကာ္တြန္အတြင္းခံပြပြေတြကို ဝတ္ဆင္ေပးပါ။
● အဝတ္အစားက်ပ္က်ပ္ေတြကို အခ်ိန္အၾကာႀကီး မဝတ္ဆင္ပါနဲ႔။
● မိန္းမကိုယ္နားတစ္ဝိုက္ကို ေရခ်ိဳးဆပ္ျပာေတြ၊ ေရေမႊးေတြ အသုံးျပဳတာကို ေရွာင္ပါ။ အမ်ိဳးသမီးသုံး သန႔္စင္ေဆးရည္ေတြကို အသုံးျပဳႏိုင္ပါတယ္။
● အတြင္းထဲထိ အတင္းေဆးတာမ်ိဳး မလုပ္ပါနဲ႔။ ခႏၶာကိုယ္ထဲက ေကာင္းတဲ့ဘက္တီးရီးယားပိုးေတြ ေသသြားၿပီး မိန္းမကိုယ္ pH ေျပာင္းလဲသြားႏိုင္ပါတယ္။
● ခႏၶာကိုယ္ထဲမွာ ေကာင္းတဲ့ဘက္တီးရီးယားေတြ ပြားလာေအာင္ ဒိန္ခ်ဥ္ ေသာက္ေပးပါ။
● ခုံပူပူေတြမွာ အခ်ိန္အၾကာႀကီး မထိုင္ပါနဲ႔။
● တစ္ႏွစ္တစ္ခါ မိန္းမကိုယ္ စမ္းသပ္စစ္ေဆးမႈ ျပဳလုပ္ပါ။
● အခ်ိဳေတြကို တတ္ႏိုင္သမွ်ေရွာင္ပါ။
● ကြန္ဒုံးသုံးပါ။ ဒါမွမဟုတ္ လိင္မွတစ္ဆင့္ ကူးစက္ပိုးမရွိတာ ေသခ်ာတဲ့ ဆက္ဆံေဖာ္နဲ႔သာ တစ္လင္တစ္မယားစနစ္ ေနထိုင္ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























