ဆီးချို ပုံမှန်ဖောက်စစ်လေ့ရှိသူတွေ ဖတ်ဖို့
ဆီးချိုရှိပြီဆိုရင် ပထမဆုံးအနေနဲ့ မိမိကိုယ်မိမိ ဆီးချိုဖောက်စစ်ဆေးဖို့ အရေးပါလာပြီလေ။ ကိုယ့်ဘာသာ ဆီးချိုစစ်ပြီး စာအုပ်လေးနဲ့မှတ်ပြီး များတယ် နည်းတယ် အကောင်းအဆိုး သေသေချာချာ စဉ်းစားကြမယ် မဟုတ်ပါလား။ အဖြေတွေကို ဆရာဝန်ကိုလည်း ပြန်ပြောလို့ရတယ်လေ။
>> လက်ညှိုးထိပ်လေးကို ဖောက်စစ်ဖို့ ဒါလေးတွေလိုတယ်နော်။
● သွေးစက်ထည့်မယ့် test strip
● အပ်ဖောက်တံ
● ဆီးချိုစက်လေး
● အပ်တွေပစ်ဖို့ ရေသန့်ဘူးအခွံ
1. ဆီးချိုစစ်ဖို့အတွက် အရင်ဆုံး လက်နှစ်ဖက်လုံး ဆပ်ပြာနဲ့ပြောင်အောင်ဆေးပါ။
2. ရေသုတ်ရင်း ခြောက်သွေ့ပါစေ။ တကယ်လို့ ဆပ်ပြာနဲ့ မဆေးဘူးဆိုရင် အရက်ပြန်နဲ့ သေချာပွတ်ပြီး ခြောက်သွေ့အောင်ထားပါ။
3. ဆီးချိုစက်ကိုဖွင့်ပြီး သွေးစက်ထည့်မယ့် အချောင်းလေး တပ်ဆင်ပါ။
4. အပ်ဖောက်တံက အဖုံးလေးဖွင့်ပါ။ စက်မှာ အပ်ကို တပ်ဆင်ပါ။
5. အပ်ဖောက်တံကို လက်မနဲ့လက်ညှိုးကလွဲလို့ ကျန်တဲ့လက်ချောင်း နေရာဖောက်လို့ရပါတယ်။ လက်ထိပ်နဲ့ လက်သည်းဘေးတွေ မဖောက်ပါနဲ့၊ ပိုနာလို့ပါ။
6. အသာလေး ဖိတင်လိုက်ပြီး ခလုတ်နှိပ်ချပါ။
7. သွေးစက်ကို စက်က အချောင်းလေးဆီ ညှစ်ချပါ။
8. လက်ကို တစ်ရှူး (သို့) ဂွမ်းလုံးလေးနဲ့ ဖိထားပါ။
9. စက်က ဂဏန်းတွေ ပေါ်လာတဲ့အခါ ခဏစောင့်ပါ။ ပေါ်လာတဲ့အဖြေကို ဖတ်ပါ။
10. စစ်တဲ့အချောင်းနဲ့ အပ်လေးကို ရေသန့်ဘူးလေးထဲ ထည့်စွန့်ပစ်ပါ။
Diabetone 1
>> အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေဆိုရင် -
● မနက်စောစော အစာမစားမီ 4 ကနေ 8 mmol/L (72 mg/dl ကနေ 144 mg/dl)
● အစာစားပြီး ၂ နာရီကြာရင် 10 mmol/L အောက် (180 mg/dl အောက်) ရှိရပါမယ်။
>> လူကြီးအမျိုးအစား ၁ ဆီးချိုရောဂါဆိုရင် -
● မနက်စောစော မစားမီ 4 to 7 mmol/ L (72 mg/dl ကနေ 126 mg/dl)
● အစာစားပြီး ၂ နာရီကြာရင် 9 mmol/L အောက် (162 mg/dl အောက်) ရှိရပါမယ်။
>> လူကြီးအမျိုးအစား ၂ ဆီးချိုရောဂါဆိုရင် -
● အစာမစားခင် 4 to 7 mmol/ L (72 mg/dl ကနေ 126 mg/dl)
● အစာစားပြီး ၂ နာရီကြာရင် 8.5 mmol/ L အောက် (153mg/dl အောက်) ရှိသင့်ပါတယ်။
နောက်တစ်မျိုးကတော့ HbA1C ပါ။ အဲဒီသွေးကတော့ ဈေးများသလို သုံးလတစ်ခါပဲစစ်ဖို့ လိုတတ်ပါတယ်။ ကျန်းမာရေးစစ်ဆေးချက်တွေမှာ ပါဝင်တတ်ပြီး သိပ်များရင် ဆီးချို ကောင်းကောင်းမထိန်းနိုင်တာကို ပြသပါတယ်။ ဖြစ်နိုင်ရင်တော့ ဆရာဝန်၊ ဆရာမရဲ့ ညွှန်ကြားချက်အတိုင်း စစ်ဆေးထားသင့်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Diabetone 2
(Zawgyi)
ဆီးခ်ိဳရွိၿပီဆိုရင္ ပထမဆုံးအေနနဲ႔ မိမိကိုယ္မိမိ ဆီးခ်ိဳေဖာက္စစ္ေဆးဖို႔ အေရးပါလာၿပီေလ။ ကိုယ့္ဘာသာ ဆီးခ်ိဳစစ္ၿပီး စာအုပ္ေလးနဲ႔မွတ္ၿပီး မ်ားတယ္ နည္းတယ္ အေကာင္းအဆိုး ေသေသခ်ာခ်ာ စဥ္းစားၾကမယ္ မဟုတ္ပါလား။ အေျဖေတြကို ဆရာဝန္ကိုလည္း ျပန္ေျပာလို႔ရတယ္ေလ။
>> လက္ညႇိဳးထိပ္ေလးကို ေဖာက္စစ္ဖို႔ ဒါေလးေတြလိုတယ္ေနာ္။
● ေသြးစက္ထည့္မယ့္ test strip
● အပ္ေဖာက္တံ
● ဆီးခ်ိဳစက္ေလး
● အပ္ေတြပစ္ဖို႔ ေရသန႔္ဘူးအခြံ
1. ဆီးခ်ိဳစစ္ဖို႔အတြက္ အရင္ဆုံး လက္ႏွစ္ဖက္လုံး ဆပ္ျပာနဲ႔ေျပာင္ေအာင္ေဆးပါ။
2. ေရသုတ္ရင္း ေျခာက္ေသြ႕ပါေစ။ တကယ္လို႔ ဆပ္ျပာနဲ႔ မေဆးဘူးဆိုရင္ အရက္ျပန္နဲ႔ ေသခ်ာပြတ္ၿပီး ေျခာက္ေသြ႕ေအာင္ထားပါ။
3. ဆီးခ်ိဳစက္ကိုဖြင့္ၿပီး ေသြးစက္ထည့္မယ့္ အေခ်ာင္းေလး တပ္ဆင္ပါ။
4. အပ္ေဖာက္တံက အဖုံးေလးဖြင့္ပါ။ စက္မွာ အပ္ကို တပ္ဆင္ပါ။
5. အပ္ေဖာက္တံကို လက္မနဲ႔လက္ညႇိဳးကလြဲလို႔ က်န္တဲ့လက္ေခ်ာင္း ေနရာေဖာက္လို႔ရပါတယ္။ လက္ထိပ္နဲ႔ လက္သည္းေဘးေတြ မေဖာက္ပါနဲ႔၊ ပိုနာလို႔ပါ။
6. အသာေလး ဖိတင္လိုက္ၿပီး ခလုတ္ႏွိပ္ခ်ပါ။
7. ေသြးစက္ကို စက္က အေခ်ာင္းေလးဆီ ညႇစ္ခ်ပါ။
8. လက္ကို တစ္႐ွဴး (သို႔) ဂြမ္းလုံးေလးနဲ႔ ဖိထားပါ။
9. စက္က ဂဏန္းေတြ ေပၚလာတဲ့အခါ ခဏေစာင့္ပါ။ ေပၚလာတဲ့အေျဖကို ဖတ္ပါ။
10. စစ္တဲ့အေခ်ာင္းနဲ႔ အပ္ေလးကို ေရသန႔္ဘူးေလးထဲ ထည့္စြန႔္ပစ္ပါ။
>> အမ်ိဳးအစား ၁ ဆီးခ်ိဳေရာဂါရွိတဲ့ ကေလးေတြဆိုရင္ -
● မနက္ေစာေစာ အစာမစားမီ 4 ကေန 8 mmol/L (72 mg/dl ကေန 144 mg/dl)
● အစာစားၿပီး ၂ နာရီၾကာရင္ 10 mmol/L ေအာက္ (180 mg/dl ေအာက္) ရွိရပါမယ္။
>> လူႀကီးအမ်ိဳးအစား ၁ ဆီးခ်ိဳေရာဂါဆိုရင္ -
● မနက္ေစာေစာ မစားမီ 4 to 7 mmol/ L (72 mg/dl ကေန 126 mg/dl)
● အစာစားၿပီး ၂ နာရီၾကာရင္ 9 mmol/L ေအာက္ (162 mg/dl ေအာက္) ရွိရပါမယ္။
>> လူႀကီးအမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါဆိုရင္ -
● အစာမစားခင္ 4 to 7 mmol/ L (72 mg/dl ကေန 126 mg/dl)
● အစာစားၿပီး ၂ နာရီၾကာရင္ 8.5 mmol/ L ေအာက္ (153mg/dl ေအာက္) ရွိသင့္ပါတယ္။
ေနာက္တစ္မ်ိဳးကေတာ့ HbA1C ပါ။ အဲဒီေသြးကေတာ့ ေဈးမ်ားသလို သုံးလတစ္ခါပဲစစ္ဖို႔ လိုတတ္ပါတယ္။ က်န္းမာေရးစစ္ေဆးခ်က္ေတြမွာ ပါဝင္တတ္ၿပီး သိပ္မ်ားရင္ ဆီးခ်ိဳ ေကာင္းေကာင္းမထိန္းႏိုင္တာကို ျပသပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ဆရာဝန္၊ ဆရာမရဲ႕ ၫႊန္ၾကားခ်က္အတိုင္း စစ္ေဆးထားသင့္ပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)





























