အညိုအမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းအတွက် ရှေးဦးကုသမှု
1. အညိုအမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာအောင် ပြုလုပ်ပါ။
● အဝတ်သန့်သန့်ထဲတွင် ရေခဲတုံးထည့်ပြီး ရေခဲဖတ် ကပ်ပေးပါ။
● ဖြစ်ပြီးပြီးချင်း ၁ ရက် ၂ ရက်အတွင်း ကြိမ်ဖန်များစွာ ကပ်ပေးပါ။
● တစ်ကြိမ်ကပ်လျှင် ၁၅ မိနစ်ခန့်ကပ်ပေးဖို့ လိုပါတယ်။
● ဒဏ်ရာရတဲ့ လက် (သို့) ခြေထောက်ကို သက်သောင့်သက်သာဖြစ်အောင် ထားပါ။
● ဒဏ်ရာရထားတဲ့နေရာကို မြင့်မြင့်ထားပါ။
2. ကုသမှုခံယူပါ။
● နာကျင်တာတွေအတွက် Paracetamol သောက်နိုင်ပါတယ်။
● Aspirin ၊ Ibuprofen ကဲ့သို့သော ဆေးဝါးများက သွေးထွက်များစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
>> အောက်ပါအခြေအနေများ ကြုံပါကဆေးရုံဆေးခန်းသို့သွားပါ။
● သွေးကျဲဆေး သုံးစွဲနေသူများတွင် အညိုအမည်းစွဲခြင်း
● အညိုအမည်းစွဲခြင်းနှင့်အတူ အဆစ်များ မလှုပ်ရှားနိုင်ခြင်း
● အရိုးကျိုးပြီး အညိုအမည်းစွဲခြင်း
● မျက်နှာနှင့် ဦးခေါင်းတွင် အညိုအမည်းစွဲခြင်း
● အကြောင်းပြချက်မရှိဘဲ အညိုအမည်းစွဲခြင်း
3. အညိုအမည်းစွဲပြီး ၂ ရက်နောက်ပိုင်း ရေနွေးဖတ်ကပ်ပါ။
● ၂ ရက်အကြာတွင် ရေနွေးဖတ်ကပ်ပေးခြင်းဖြင့် အညိုအမည်းစွဲတာကို အမြန်သက်သာစေပါတယ်။
● အညိုအမည်းစွဲတဲ့နေရာ ကြီးရင်တော့ ၂ ပတ်လောက်အကြာမှာ နာတာကော၊ ညိုတာပါ ပျောက်ကင်းသွားတတ်ပါတယ်။




























