ကလေးငယ်တွေကို ဘယ်အရွယ်ကစပြီး နွားနို့တိုက်နို်င်သလဲ
Category
ကလေးများနှင့်ကျန်းမာရေး
အသက် ၁ နှစ်အောက်အရွယ်ကလေးတွေဟာ မိခင်နို့ရည် ဒါမှမဟုတ် ကလေးများအတွက် သီးသန့်ဖော်စပ်ထားသောနို့မှုန့်များကိုသာ သောက်သုံးသင့်ပါတယ်။ အသက် ၁နှစ် ကျော် အရွယ်ရောက် ရင်တော့ နွားနို့စတိုက်လို့ရပါပြီ။ မိခင်နို့တိုက်နေဆဲသူတွေ လည်း တိုက်လို့ရပါတယ်။ နောက်ပြီး ကလေးငယ်လေးတွေကို အဆီထုတ်ပြီးသားနွားနို့ တိုက်ကျေွးဖို့ မလိုအပ်ပါဘူး။ အကြောင်းကတော့ ကလေးရဲ့ဦးနှောက်ဖွ့ံဖြိုးဖို့နဲ့ ခန္ဓာကိုယ်ကြီးထွားစေဖို့ နွားနို့မှာပါတဲ့ အဆီဓာတ်ကို လိုအပ်တာကြောင့်ဖြစ်ပါတယ်။
နို့နှင့် နို့ထွက်ပစ္စည်းပါ၀င်သော အစားအသောက်များ (ဥပမာ- ထောပတ်ပေါင်မုန့်၊ ကွတ်ကီး) နှင့် ဓာတ်မတည့်ခဲ့တဲ့ကလေးဖြစ်ပါက နွားနို့မတိုက်ခင်အချိန်မှာ ဆရာ၀န်နဲ့အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
Cho Thet















