ကလေးငယ်များနှင့် G6PD အင်ဇိုင်း ချို့တဲ့ခြင်း (ဖွံ့ဖြိုးကျန်းမာကလေးများကမ်ဘာ-အပိုင်း 1)
G6PD လို့ အတိုကောက်ခေါ်တဲ့ Glucose 6 Phosphate Dehydrogenase (G6PD) ဟာ သွေးနီဥတွေအလုပ် ကောင်းကောင်းလုပ်နိုင်အောင်ကူညီနေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။ G6PD ချို့ယွင်းတာဟာ မျိုးရိုးလိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မြန်မာယောကျ်ားလေးအယောက် 100 မှာ 5 ယောက်ကနေ 10 ယောက်အထိ ဖြစ်ပွားတာကို တွေ့ရှိရပါတယ်။
Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုက်ရဲ့ " ဖွံ့ဖြိုးကျန်းမာကလေးများကမ်ဘာ" အစီအစဉ်ကတဆင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းလာတဲ့ မေးခွန်းလေးကို ကလေးအထူးကုဆရာ၀န်ကြီး ပါမောက္ခဌာနမှူ း ဒေါက်တာဦးရဲမြင့်ကျော် က အခုလို ပြန်လည်ဖြေကြားပေးထားပါတယ်။
မေးမြန်းလာတဲ့မေးခွန်းလေးကတော့...
မင်္ဂလာပါ ဆရာရှင့်… ကျွန်မကလေးမှာ မွေးရာပါ G6PD ချို့တဲ့တဲ့ရောဂါ ပါလာပါတယ်ရှင့်။ အခု ကလေးက 3 လပြည့်ပြီးပါပြီ။ 6 လရောက်လို့ ဖြည့်စွက်စာစကျေွးတဲ့အခါကျရင် ဘာတွေကို ကျေွးသင့်ပြီး ဘာတွေကို ရှောင်ရမလဲဆိုတာ သိချင်ပါတယ်ရှင့်။ နောက်ပြီး ဒီရောဂါကို ပျောက်ကင်းအောင် ကုသလို့ကော ရနိုင်ပါသလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။















