ကလေးများနဲ့ ဒိုင်ပါပွန်းနာ
မေမေတွေအတွက် အဖြစ်အများဆုံး၊ စိတ်အညစ်ရဆုံး ပြဿနာကတော့ ဒိုင်ပါတွေဝတ်ပြီး ကလေးမှာ ဒိုင်ပါပွန်းနာဖြစ်တာပဲမဟုတ်လား။
ဒီလိုပြဿနာတွေမဖြစ်ရ၊ စိတ်မညစ်ရလေအောင် ဖြစ်နိုင်ရင် ကလေးဝမ်းသွားပြီးပြီးချင်း ဒိုင်ပါကိုလဲပေးဖို့ လိုပါတယ်။
ကလေးပထမ ၁၈ လ အတွင်းမှာ ဒိုင်ပါပွန်းနာဖြစ်လေ့ရှိတယ်။
• ဆီးတွေ၊ ဝမ်းတွေနဲ့ အချိန်ကြာကြာထိတွေ့မိတာကြောင့်
• ပလတ်စတစ်အတွင်းခံတွေ ဝတ်ပေးမိတာကြောင့်
• အရေပြားနုတာ၊ နှင်းခူ လိုမျိုး အရေပြားပြဿနာတွေရှိနေတာကြောင့်
• ပွတ်တိုက်မိတာတွေကြောင့်
• ဆပ်ပြာ၊ ချေးချွတ်ဆေးရည်တွေနဲ့ အမြှုပ်ထဆပ်ပြာရည်တွေကြောင့်
• ကလေးတင်ပါးသုံးတစ်ရှူးတာဝါတွေကြောင့်
• ဝမ်းလျောတာနဲ့တစ်ခြားရောဂါတစ်ခုခုဖြစ်နေတာတွေကြောင့် ဖြစ်နိုင်တယ်နော်။
ကလေးတင်ပါးလေးတွေမှာ အနီရောင်အကွက်အကွက်တွေထလာတာ၊ တစ်ပြင်လုံးနီရဲလာတာမျိုးတွေ ကြုံတွေ့ရပါလိမ့်မယ်။ ကိုင်လိုက်ရင်နာပြီး ပူနေလိမ့်မယ်။ ဝက်ခြံဖုတွေလိုလို၊ အရည်ကြည်ဖုလိုလိုလည်း ပေါက်တတ်သေးတယ်နော်။
Biogesic for kids IA 1
ကလေးဒိုင်ပါပွန်းနာကိုကာကွယ်ကြဖို့…
ဒိုင်ပါပွန်းနာမဖြစ်ရလေအောင်
• ဒိုင်ပါစိုစိုနံနံကို ဖြစ်နိုင်ရင် အမြန်ဆုံးလဲပေးသင့်တယ်။ ကလေးသေးသေးလေးတွေဆို တစ်နေ့၁၀ကြိမ်ကနေ ၁၂ကြိမ်လောက်အထိ လဲပေးဖို့လိုပြီး ကလေးအကြီးတွေမှာတော့ တစ်နေ့ကို ၆ ကြိမ်ကနေ ၈ ကြိမ်လောက်အထိ လဲပေးသင့်တယ်။
• တင်ပါးသားနဲ့ ငယ်ပါတစ်ဝိုက်ကို ရှေ့မှနောက်သို့ သေချာပွတ်တိုက်ဆေးကြောပေးဖို့လိုတယ်။ ဂွမ်းလုံးလေးကိုရေနွေးနွေးထဲစိမ်ပြီး သုတ်ပေးပြီး တဘက်လေးနဲ့ခြောက်အောင်သုတ်ပေးပါ။ • ကလေးတင်ပါးသုတ်သုံးတစ်ရှူးတာဝါအဝတ်စတွေကို သုံးမယ်ဆိုရင် အရက်ပြန်မပါတဲ့အပြင် ကလေးအသားကို မထိခိုက်စေနိုင်မယ့် အမျိုးအစားကို ရွေးသုံးဖို့လိုပါတယ်။
• တဘက်ပေါ်မှာ ကလေးကိုလှဲစေပြီး တတ်နိုင်သလောက် ဒိုင်ပါမသုံးဘဲ လေအေးလေးသလပ်အောင် ထားပေးပါ။
တကယ်လို့ ကလေးမှာဒိုင်ပါပွန်းနာဖြစ်လာရင်လည်း စိတ်မပူပါနဲ့။ ဆရာဝန်ဆရာမတွေကို မေးမြန်းပြီး ဒိုင်ပါပွန်းနာလိမ်းဆေးလေးလိမ်းပေးရင် ပျောက်ကင်းနိုင်တယ်နော်။
တကယ်လို့ မပျောက်ရင်သော်လည်းကောင်း၊ နီရဲစိုစိစိဖြစ်ပြီး အဖြူ ရောင်သို့မဟုတ်အနီရောင် ဝက်ခြံလိုလိုအဖုကလေးတွေ ထွက်လာရင်သော်လည်းကောင်း၊ မှိုပိုးဝင်သွားတာဖြစ်နိုင်တဲ့အတွက် မှိုပိုးသတ်ဆေးလိမ်းဖို့ လိုလာနိုင်တယ်။ ဆရာဝန်နဲ့ပြပြီး ဆေးဆိုင်မှာဝယ်လိမ်းလို့ ရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Biogesic for kids IA 2