ကလေးမှာ သန်တွေများနေပြီလား?
ဒီနိုင်ငံက ကလေးတွေမှာ အပေါဆုံးကို ပြောပါဆိုရင် သံကောင်တုတ်ကောင်တွေလို့ပဲ ပြောရမယ်ထင်တယ်။ ကလေးတွေရဲ့ဗိုက်ထဲ သန်ကောင်တုတ်ကောင်ရှိနေနိုင်တယ်ဆိုတာန့ဲတင် မေမေဖေဖေတွေလန့်နေလောက်ပြီမလား။ အပူပိုင်းဒေသမှာနေနေရတော့လည်း ကလေးတွေနဲ့ သန်ကောင်တုတ်ကောင်ဟာ မရှိဘဲမနေတတ်ပါဘူး။ ရောဂါလက္ခဏာတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူတတ်ဘူး။
>> ကလေးတွေဗိုက်ထဲဒီအကောင်တွေဘယ်လိုဝင်လာသလဲဆိုတာ အရင်ပြောပြမယ်နော်။
ဝမ်းမှာပါတဲ့သန်ကောင်တွေ မတော်တဆပါးစပ်ထဲဝင်သွားရင် ကူးစက်နိုင်တယ်။
ဇာတ်လမ်းစတာက သန်ကောင်အမ ညဘက်မှာ စအိုဝလာပြီး ဥဥတာကစပါတယ်။ ဒီလိုဥဥတော့ ကလေးကအရမ်းယားတယ်။ ယားတော့ကုတ်မိတာပေါ့။ ဒီကနေလက်သည်းတွေထဲသန်ကောင်ဥတွေ ရောက်သွားပါလေရော။
ဒီလက်နဲ့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေ၊ အိမ်သာအဖုံးတွေ၊ အရုပ်တွေနဲ့ နောက်ဆုံးစားစရာတွေ ကိုင်တွယ်မိတာနဲ့ ကူးစက်ပါတော့တယ်။
ဒီသန်ကောင်ဥက အင်မတန်အသက်ရှည်တယ်။ အပြင်မှာ ၃ပတ်လောက်အထိတောင်မှ နေနိုင်တယ်ဆိုပဲ။ ဒါကြောင့်လည်း အိမ်သားတွေကို ကူးစက်လွယ်တော့တာပေါ့။
ပါးစပ်ထဲဝင်သွားရင် အူထဲမှာ အကောင်ပေါက်ပြီး သန်ကောင်အမဖြစ်သွားတယ်။ ဒီအမကထပ်ပြီး စအိုဝမှာ ဥဥရာကနေ သံသရာမဆုံးတမ်းလည်ပါတော့တယ်။ နောက်ဆုံး ထပ်ခါထပ်ခါ ကိုယ်ကိုယ်တိုင်ရော၊ သူများတွေကိုပါ ရောဂါကူးစက်တော့တာပေါ့။
အခြားတွယ်သန်ကောင်၊ တုတ်ကောင်နဲ့ ကြာပွတ်သန်ကောင်တွေဟာလည်း တိရစၦာန်တွေ လူတွေရဲ့ မစင်တွေကို မြေကြီးကနေတစ်ဆင့် ထိတွေ့မိပြီး ကူးတတ်တယ်။ များသောအားဖြင့် မသန့်ရှငး်တဲ့နေရာတွေမှာ ဖြစ်တာများပါတယ်။
မကျက်တဲ့အမဲသား၊ ဝက်သားစားမိရင်လည်း သံပြားကောင်ကူးတတ်သေးတယ်။
Nutroplex 1
>> ဒါဆိုရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြနိုင်လဲကြည့်ကြရအောင်။
ဘာလက္ခဏာမှမပြဘဲ လာနိုင်သလို ညဘက်မှာစအိုဝယားပြီးလည်းလာနိုင်တယ်။
ဒါတင်မကသေးဘူး။
• ကလေးရဲ့အပြုအမူတွေပြောင်းလဲလာတာမျိုး
• ညဘက်ကောင်းကောင်းမအိပ်တာ၊ အိပ်ရာထဲရှူးပေါက်ချတာမျိုး
• ရုတ်တရက်ကြီးဗြုန်းခနဲဆိုအစားအသောက်ပျက်တာမျိုး
• ဗိုက်နာပြီးဝမ်းအရောင်၊ပုံစံပြောင်းလဲတာမျိုး
• မိန်းကလေးတွေမှာ မိန်းမကိုယ်နားတစ်ဝိုက် နီရဲယားယံလာတာမျိုး
• ပိုဆိုးလာရင် ဗီတာမင်နဲ့သတ္တုဓာတ်လျော့နည်းတဲ့ လက္ခဏာတွေတွေ့လာရတာမျိုး
• တစ်ခြားအကောင်တွေပါရှိနေရင် ဝမ်းထဲသွေးပါတာ၊ သွေးအားနည်းတာ၊ တစ်ရွှီရွှီအသံတွေထွက်ပြီး ချောင်းခြောက်တွေဆိုးတာမျိုး
ဒီလိုလက္ခဏာတွေပါရှိမရှိ ကြည့်ရမယ်နော်။
ညဘက်တွေမှာ တစ်ခါတစ်ခါ ကလေးအိပ်ပျော်သွားပြီး ၂နာရီ၃နာရီလောက်ကြာရင် ကလေးစအိုဝလေးကို ဓာတ်မီးလေးနဲ့ထိုးကြည့်ပေးလို့ရတယ်။ ၁၅မီလီလီတာလောက်ရှည်တဲ့ ဖြူဖြူသေးသေးအကောင်လေးကို တွေ့ကောင်းတွေ့ရပါလိမ့်မယ်နော်။
သန်ကောင်ဥကိုတော့ မျက်စိနဲ့မမြင်ရဘူး။
ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ တိပ်ကြည်ကြည်လေး ကပ်ပေးလို့တော့ရတယ်။ ကလေးမှာသန်ကောင်ဝင်တဲ့ လက္ခဏာတွေ သတိထားမိရင် တိပ်ပေါ်မှာ သန်ဥတွေတွေ့ရလိမ့်မယ်နော်။
Nutroplex 2
>> ဒီသန်ကောင်တုတ်ကောင်တွေကို ဘယ်လိုကုကြမလဲ။ ပိုပြီးအရေးကြီးတာက ဘယ်လိုကာကွယ်ကြမလဲ။
ဆရာဝန်နဲ့ သွားပြရင် တုတ်ကျဆေး၊ သန်ချဆေးတွေအပြင် အရောင်ကျဆေးတွေပါ ပေးလိမ့်မယ်။ အိမ်သားတွေရော၊ ကလေးနဲ့လက်ပွန်းတတီးနေတဲ့လူတွေပါ ဆေးသောက်ဖို့တော့လိုမယ်နော်။
သန်ချဆေးတန်ခိုးနဲ့ သန်အသေကောင်တွေအကုန် ဝမ်းနဲ့ပါသွားလိမ့်မယ်။
ဒါနဲ့မပြီးသေးဘူး။ နှစ်ပတ်လောက်နေရင် ကျန်ခဲ့တဲ့သန်ကောင်တွေကို အပြတ်ရှင်းဖို့ နောက်တစ်ခေါက်ဆေးသောက်ရမယ်။ ဒါမှ ရောဂါအရှင်းပျောက်သွားမှာပါ။ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က တိပ်ကပ်စစ်ဆေးကြည့်ခိုင်းချင်ခိုင်းပါလိမ့်ဦးမယ်။
လက်ဆေးတာကိုလည်း ပေါ့သေးသေးတော့မမှတ်လိုက်နဲ့။ အထူးသဖြင့် အိမ်သာတက်အပြီးနဲ့ အစာမစားခင် လက်ကိုသေချာဆေးဖို့ကလည်း အရမ်းကို အရေးကြီးတယ်နော်။
ကလေးကိုလက်သည်းကိုက်တဲ့အကျင့်မဖြစ်ပါစေနဲ့။ ဟင်းသီးဟင်းရွက်တွေ၊ အစားအသောက်တွေကို မစားခင်သေချာဆေးကြောဖို့လည်း မမေ့နဲ့ဦး။ အိပ်ရာခင်းတွေ၊ အတွင်းခံတွေကို ရေနွေးနဲ့ကို လျော်ပေးရမယ်။ အထူးသဖြင့် သန်ချပြီး ရက်ပိုင်းအတွင်းမှာ လျော်ပေးနိုင်ရင် ပိုကောင်းတယ်။ လူတွေတင်မကဘူးနော်။ အိမ်ကအိမ်မွေးတိရစၦာန်တွေကိုပါ သန်ချပေးဖို့ လိုလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
ဒီလိုလက်ခဏာတှပေါရှိမရှိ ကွည့ျရမယျနောျ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















