ဇင့်ဓာတ်ရဲ့ အရေးပါပုံ
ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ အာရုံကြောစနစ်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံစွမ်းအားတို့အတွက် ဇင့်ဓာတ် လိုအပ်တာကြောင့် ကလေးတွေ နေ့စဉ်စားသောက်မယ့်ထဲမှာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထည့်သွင်းကျွေးပေးဖို့ လိုအပ်ပါတယ်။
>> ကလေးတွေကို ဇင့်ဓာတ်ကြွယ်ဝတာတွေကျွေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်သလဲ?
ဇင့်ဓာတ်ဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းရရှိအောင် ကူညီပေးနိုင်တယ်။ ကလေးရဲ့ စိတ်ခံစားချက်နဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကောင်းစေပါတယ်။ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေတာကြောင့် ရောဂါပိုးတွေတိုက်ထုတ်ရာမှာ ကူညီပေးပါတယ်။
ဒါ့အပြင် အနာကျက်မြန်စေသလို အအေးမိခြင်းကို မြန်မြန်သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှောတာကို ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ဇင့်ဓာတ်ဟာ အစွမ်းထက်တဲ့ အင်တီအောက်စီဒန့်တစ်မျိုးဖြစ်လို့ ကလေးတွေမှာ ကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။
Ceelin Plus 1

>> ကလေးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဇင့်ပမာဏက ဘယ်လောက်လဲ?
ကလေးရဲ့အသက်အရွယ်ပေါ် မူတည်ပြီးတော့ -
● ၄ နှစ်ကနေ ၈ နှစ်ကို ၅ မီလီဂရမ် (5mg/day)
● ၉ နှစ်ကနေ ၁၃ နှစ်ကို ၈ မီလီဂရမ် (8mg/day) နဲ့
● ၁၄ နှစ်ကနေ ၁၈ နှစ်ကို ၉ မီလီဂရမ် (9mg/day)
လိုအပ်ပါတယ်။
Ceelin Plus 2

>> တစ်နေ့တာလိုအပ်ချက် ပြည့်မီအောင် ဘယ်လိုအစားအသောက်တွေ ကျွေးသင့်သလဲ?
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အနီရောင်အသားများ (ဝက်သား၊ အမဲသား)၊ ပင်လယ်စာ၊ အခွံမာသီး၊ မှို၊ ပဲအမျိုးမျိုး၊ အခွံမနွှာထားတဲ့အာလူးနဲ့ ဇင့်ဖြည့်စွက်ထားတဲ့ cereals နဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဇင့်ဓာတ်ဟာ အပင်ထွက်အစားအသောက်တွေမှာလည်း ပါဝင်တာကြောင့် သက်သတ်လွတ်စားတဲ့ ကလေးတွေမှာ ဇင့်ဓာတ်ချို့တဲ့တာ သိပ်ဖြစ်လေ့ရှိမှာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း အပင်ထွက် အစားအသောက်တွေဟာ အသားငါးတွေလောက် ဇင့်ဓာတ်မကြွယ်ဝတာကြောင့် တစ်နေ့တာလိုအပ်ချက်ကို မပြည့်မီတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသားမစား၊ နို့မသောက်တဲ့ ကလေးတွေဆိုရင် ဇင့်ဖြည့်စွက်ထားတဲ့ cereal တွေ၊ ဇင့်ဖြည့်စွက်ထားတဲ့ အစေ့အဆံတွေ ကျွေးပေးသင့်သလို လိုအပ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဇင့်ဖြည့်စွက်အားဆေးတွေ တိုက်ကျွေးပေးသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)















