/
news/ကလေးများနှင့်ကျန်းမာရေး/တစ်နှစ်အောက်ကလေးငယ်များနှင့်-တွားသွားအရွယ်ကလေးငယ်များတွင်ဖြစ်လေ့ရှိသော

တစ်နှစ်အောက်ကလေးငယ်များနှင့် တွားသွားအရွယ်ကလေးငယ်များတွင်ဖြစ်လေ့ရှိသော ရောဂါများ

Category
ကလေးများနှင့်ကျန်းမာရေး

1. ကိုယ်ပူခြင်း

အောက်ပါလက္ခဏာတွေဖြစ်ရင် ဆေးခန်းချက်ချင်းသွားပါ။

• အသက် ၃လအောက်ကလေးမှာ စအိုကနေတိုင်းတဲ့အပူချိန် 100.4 နှင့်အထက်ရှိခြင်း

• အသက် ၃-၆ လအရွယ်ကလေးမှာ အပူချိန် 101 ထက်များခြင်း

• ကလေးကအရမ်းငို၊ အရမ်းဂျီကျ၊ ဂဏှာမငြိမ်ဖြစ်၊ မသက်မသာဖြစ်နေရင် ဆေးခန်းသွားပြပါ။

ပြီးရင်ကလေးမှာ နားနာတာ၊ ချောင်းဆိုး၊ မှိန်း၊ အစက်တွေထွက်၊ အန်တာနဲ့ ဝမ်းလျှောတာတွေရှိိမရှိကြည့်ပါ။ ကလေးကို အရည်များများတိုက်၊ ရေကြက်သီးနွေးလေးနဲ့ရေချိုးပေးပြီးတော့ ပေါ့ပေါ့ပါးပါးအကျႌလေးတွေဝတ်ပေးပါ။ ကလေးကိုယ်ပူကျစေဖို့ ဘာတွေလုပ်ပေးရမလဲဆိုတာကို ဆရာဝန်ကိုသေချာမေးပါ။

2. ဝမ်းပျက်ဝမ်းလျှောခြင်း

ရောဂါပိုးဝင်ခြင်း၊ တစ်ချို့သောအစားအစာတွေကိုအစာချေဖို့ခက်ခြင်းနဲ့ သစ်သီးဖျော်ရည်တွေအလွန်အကျွံသောက်ခြင်းတွေကြောင့် ဝမ်းပျက်ဝမ်းလျှောအဖြစ်များပါတယ်။ ကလေးဝမ်းလျှောတဲ့အခါမှာ အိမ်မှာပဲထားပြီးတော့ ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ပါ။ ကလေးကိုအစာစကျေွးနေပြီဆိုရင်တော့ အမျှင်ဓာတ်များတဲ့၊ အဆီများတဲ့အစာတွေကို မကျေွးပါနဲ့ဦး။ ၂၄ နာရီအတွင်းမသက်သာရင် (သို့) အသက် ၆ လအောက်ကလေးဖြစ်နေရင် (သို့) အဖျား 101နှင့်အထက်ရှိခြင်း၊ အန်ခြင်း၊ ဆီးထွက်နည်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဗိုက်အောင့်ခြင်းစတာတွေရှိလာရင် ဆရာဝန်ချက်ချင်းသွားပြပါ။

3. ကလေးငယ်လေးတွေမှာဝမ်းချုပ်ခြင်း

တစ်ချို့ကလေးတွေက တစ်နေ့တည်းနဲ့ အကြိမ်ပေါင်းများစွာဝမ်းသွားတတ်ပြီးတော့ တစ်ချို့ကျတော့လည်း ရက်နည်းနည်းကြာမှတစ်ခါသွားတတ်ပါတယ်။ ကလေးက ကိုယ်သွားသင့်တယ်ထင်သလောက်များများမသွားရင်လည်း သိပ်ပြီးမစိုးရိိမ်ပါနဲ့။ ဝမ်းတကယ်ချုပ်တယ်ဆိုရင် ဝမ်းတွေအရမ်းမာပြီးတော့ သွားတဲ့အခါမှာ စအိုနာပါတယ်။ ဆရာဝန်က ကလေးနို့ဘူးထဲကို ရေနည်းနည်းထပ်ထည့်ဖို့ (သို့) prune juice လေးနည်းနည်းထပ်ထည့်ဖို့မှာပါလိမ့်မယ်။ ဝမ်းချုပ်တာမသက်သာရင် (သို့) ဗိုက်အောင့်တာလိုမျိုးတခြားလက္ခဏာတွေပါရှိလာရင် ဆရာဝန်နဲ့သွားပြပါ။

Cool Feel 1

4. အရေပြားပေါ်တွင်အဖုများ၊ အနီစက်များထွက်ခြင်း

ကလေးတွေရဲ့အရေပြားလေးက အရမ်းနူးညံ့ပါတယ်။ ဝက်ခြံ၊ အဖြူဖုလေးတွေကနေပြီးတော့ နီရဲခြောက်သွေ့ပြီးယားတဲ့ နှင်းခူအထိ ကလေးအရေပြားမှာဖြစ်တတ်ပါတယ်။ သေးခံအပူမလောင်စေဖို့အတွက် သေးခံကိုမကြာခဏလဲပေးပြီးတော့ လိမ်းဆေးလေးလိိမ်းပေးထားပါ။ နှင်းခူအတွက်ဆိုရင် ဓာတုပစ္စည်းတွေပါတဲ့ဆပ်ပြာတွေမသုံးပါနဲ့၊ အရေပြားစိုစွတ်မှုကိုထိန်းထားပေးပါ။ အဖုတွေ၊ အကွက်တွေကအများအားဖြင့် မပြင်းထန်ပေမယ့်လည်း ကလေးနာလာရင် သို့ ပြင်းထန်လာရင်၊ ကိုယ်ပူလာရင်၊ အရည်ကြည်ဖုတွေဖြစ်လာရင်တော့ ဆရာဝန်နဲ့သွားပြပါ။

5. ချောင်းဆိုးခြင်း

ကလေးတွေမှာချောင်းက ပုံစံအမျိုးမျိုးနဲ့ဆိုးနိုင်ပါတယ်။ ငွေ့ငွေ့လေးဖျားပြီးချောင်းဆိုးတာက အအေးမိလို့ဖြစ်နိုင်ပြီး ကိုယ်ပူကြီးရင်တော့ အဆုတ်ရောင်၊ တုပ်ကွေးတွေဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာနဲ့အတူ အသံပါမြည်ရင် ပန်းနာရင်ကြပ် (သို့) ရောဂါပိုးဝင်လို့ဖြစ်နိုင်ပါတယ်။ ကြက်ညှာချောင်းဆိုးရင်တော့ ချောင်းဆက်တိုက်ဆိုးပြီးအဆုံးသတ်မှာ whoop ဆိုတဲ့အသံကိုကြားရစေပါတယ်။ ေ၇ငွေ့ပေးစက်နဲ့ရေငွေ့အေးလေးတွေပေးထားခြင်းနဲ့ အရည်များများတိုက်ပေးခြင်းက သက်သာစေပါတယ်။ အသက် ၄ နှစ်အောက်ကလေးတွေကို ချောင်းဆိုးပျောက်ဆေး ကိုယ့်သဘောနဲ့ကိုယ်ဘယ်တော့မှမတိုက်ပါနဲ့။

6. အစာအိမ်နာခြင်း

ကလေးက ချော့လို့မရဘဲ ကော့ကော့ထိုးပြီးအရမ်းငိုတာက အစာအိမ်တစ်ခုခုဖြစ်နေလို့ဖြစ်နိုင်ပါတယ်။ လေထိုးတာ၊ အက်ဆစ်ပြန်ကန်တက်တာ၊ အစာဓာတ်မတည့်တာ၊ ဗိုင်းရပ်စ်ပိုးနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တွားသွားစအရွယ်တွေမှာ အစာအမျိုးမျိုးစားတဲ့အတွက် ဒီလိုအဖြစ်များပါတယ်။ အများအားဖြင့်တော့ အစာအိမ်နာတာအများစုက အန္တရာယ်မရှိဘဲ သူ့ဟာသူပြန်ပျော်သွားလေ့ရှိပါတယ်။ မသက်သာဘူးဆိုရင် (သို့) ကလေးအန်ရင်၊ ဝမ်းလျှောရင်၊ အရမး်မှိန်းပြီးတော့ ဂျီတိုက်ရင်၊ ကိုယ်ပူရင် ဆေးခန်းချက်ချင်းသွားပြပါ။

7. သွားစပေါက်လို့နာခြင်း

ကလေးအသက် ၆ လလောက်ဆိုသွားလေးတွေက သွားဖုံးကိုစဖောက်ပြီး ကလေးမှာသွားဖုံးနာတတ်ပါတယ်။ ဒါကိုသက်သာစေဖို့ ကလေးကိုဝါးစရာတစ်ခုခုပေးထားပါ။ ရာဘာနဲ့လုပ်ထားတဲ့ teething ring လေးတွေဆိုရင် အဆင်ပြေပါတယ်။ ကလေးရဲ့သွားဖုံးလေးကိုကိုယ့်ရဲ့လက်ချောင်းလေးတွေနဲ့ဖြည်းဖြည်းလေးဖိနှိပ်ပေးတာကလည်း အထောက်အကူဖြစ်စေပါတယ်။ လက်သန့်ဖို့တော့အရေးကြီးတယ်နော်။

8. လေထိုးလေအောင့်ခြင်း

ကလေးကထိုးထိုးပြီးငိုတာက လေထိုးလို့ဖြစ်နိုင်ပါတယ်။ လေထိုးတယ်ဆိုတာက အစာကျေွးတဲ့အချိန်မှာ လေတွေကိုမျိုချမိလို့ဖြစ်တာဖြစ်တဲ့အတွက် ကလေးကိုအစာကျေွး၊ နို့တိုက်ပြီးရင်လေထုတ်ပေးပါ။ အမျှင်ဓာတ်များတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေနဲ့ သစ်သီးဖျော်ရည်တွေများများသောက်ရင်လည်း လေထိုးတတ်ပါတယ်။

9. နှာပိတ်ခြင်း

ကလေးတွေအအေးမိတဲ့အခါမှာ နှာပိတ်တတ်ပါတယ်။ အသက် ၄ နှစ်အောက်ကလေးတွေမှာ နှာပိတ်ပျောက်ဆေးတွေမပေးသင့်ပါဘူး။ ဒီအစား အချွဲတွေပျော်စေဖို့အတွက် နှာခေါင်းထဲကို saline အစက်ချပေးနိုသ်လို ကလေးရဲ့နှာခေါင်းထဲကို bulb syringe နဲ့စုပ်ပေးလို့ရပါတယ်။ ညဘက်မှာကလေးအသက်ရှူရသက်သာစေဖို့အတွက် ရေငွေ့ပေးစက်ဖွင့်ထားပါ။

10. ပျို့ခြင်း၊ အန်ခြင်း

ကလေးတွေက စားပြီးရင် (သို့) နို့စို့ပြီးတဲ့အခါတွေမှာ နည်းနည်းပြန်အန်ထွက်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း အရမ်းထိုးအန်နေရင်၊ ဆက်တိုက်အန်နေရင်တော့ ဆေးခန်းသွားပြဖို့လိုပါတယ်။ အန်လည်းအန် ဝမ်းလည်းလျှောတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်ပါတယ်။ အန်တဲ့အခါမှာအရည်တွေဆုံးရှုံးသွားတဲ့အတွက်ရေဓာတ်ခမ်းခြောက်စေပါတယ်။ ကလေးကို electrolyte အရည် နည်းနည်းစီနဲ့ မကြာခဏတိုက်ပေးပြီး ရေဓာတ်ပြည့်ဝအောင်ထိန်းထားပေးပါ။ နာရီအနည်းငယ်အတွင်းမှာ အန်တာမသက်သာရင်၊ ကိုယ်ပူလာရင်၊ ကလေးကအရည်ကိုပါးစပ်ကနေမသောက်နိုင်တော့ရင် ဆေးခန်းချက်ချင်းသွားပြပါ။

11. ကလေးဂျီကျခြင်း

မိဘတွေအဖို့တော့ ကလေးနေမကောင်းပြီးတော့ ဂျိီကျနေတာလောက်စိတ်ညစ်စရာတဲ့အချိန်မရှိပါဘူး အထူးသဖြင့်တော့ သက်ဦးဖေဖေမေမေတွေအတွက်ပိုဆိုးတာပေါ့။ ဒီလိုအချိန်မှာ စိတ်မတိုဖို့စိတ်မရှုပ်ဖို့အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ကလေးမှာ ဆေးခန်းသွားပြဖို့လက္ခတွေရှိပြီလားဆိုတာကို သေချာဂရုတစ်ိုက်စောင့်ကြည့်ပါ။ စိုးရိိမ်ရတဲ့လက္ခဏာအချို့ကတော့ အစာစားချင်စိတ်အပြောင်းအလဲ၊ အီလွန်းခြင်း၊ အသက်ရှူပြသနာများ၊ အဖုအပိန့်များထွက်လာငြခ်း၊ လည်ပင်းတောင့်ခြငး်၊ တက်ခြင်း၊ ကိုယ်ပူကြီးခြင်းနဲ့ သေးခံမစိုခြင်းတို့ဖြစ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Cool Feel 2

(Unicode)



























Dr. Mya Myo Myo Swe (www.drmyanmar.com)