မွေးကင်းစကလေးငယ်တွေ မိခင်နို့နဲ့ဓာတ်မတည့်တာမျိုးဖြစ်တတ်သလား
ကလေးတစ်ယောက်က အမေနို့နဲ့ဓာတ်မတည့်ဘူးဆိုတာမျိုးက ဖြစ်ခဲပါတယ် ။ တစ်ခါတစ်လေ ကလေးမှာဓာတ်မတည့်တာဟာ မိခင်အစားအစာကြောင့်ဖြစ်တဲ့အတွက် အမေရဲ့အစားအသောက်ပုံစံ ပြောင်းလဲလိုက်ပါက အဆင်ပြေသွားနိုင်ပါတယ်။ ဒါပေမယ့် အချို့သော ရှားရှားပါးပါးရောဂါတွေမှာ ကလေးကမိခင်နို့ကိုအစာမခြေနိုင်တာကြောင့် မိခင်နို့ဆက်တိုက်လို့မရတာမျိုးလည်းရှိတတ်ပါတယ်။
ကလေးနှင့် ဓာတ်မတည့်နိုင်သော အရာများ
ဓာတ်မတည့်မှုဖြစ်နိုင်တဲ့အရာတွေထဲမှာ မိခင်နို့အပါအဝင် နို့နဲ့နို့ထွက်ပစ္စည်းတွေပါ၀င်ပါတယ်။ နို့မှာပါဝင်တဲ့ casein လို့ခေါ်တဲ့ ပရိုတင်းဓာတ်နဲအခြားပစ္စည်းအချို့က ကလေး ၂-၃% လောက်မှာ ဓာတ်မတည့်မှုဖြစ်ပြီး ဗိုက်အောင့်ခြင်း၊ ပါးစပ်နှင့်စအိုတစ်ဝိုက်တွင် အစက်များဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ကဏှာမငြိမ်ဖြစ်ခြင်းစတာတွေ ဖြစ်စေနိုင်ပါတယ်။ မိခင်အစားအစာထဲမှာပါဝင်တဲ့ မြေပဲ၊ ပဲနို့စတဲ့အစားအစာတွေနဲ့ ဓာတ်တည့်တာလည်းဖြစ်တတ်ပါတယ်။
Ceelin Plus 1

ဓာတ်မတည့်ခြင်းဖြစ်ရင်ဘာလုပ်ကြမလဲ
မိခင်စားလိုက်တဲ့အစားအစာတစ်ခုခုနဲ့ဓာတ်မတည့်တာဆိုရင် အမေကထိုအစားအစာကို ရှောင်ဖို့လိုပါတယ်၊
နို့ထဲမှာပါတဲ့ ပရိုတင်းဓာတ်နဲ့ ဓာတ်မတည့်တာဆိုရင်တော့ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ထောပတ်နဲ့ အခြားနို့ထွက်ပစ္စည်းတွေနဲ့လည်း မတည့်ပါဘူး။ ကလေးက နွားနို့ထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့မတည့်တာဆိုရင် အမေကနွားနို့မသောက်ဘဲရပ်လိုက်ပြီး ၂-၄ ပတ်လောက်မှာကလေးရဲ့ရောဂါလက္ခဏာတွေလည်းပျောက်သွားပါလိမ့်မယ်။ ကလေး ၆ လအထိလိုအပ်တဲ့အာဟာရဓာတ်တွေကိုမိခင်နို့က အဓိက ပေးစွမ်းတဲ့အတွက် တကယ်မလိုအပ်ဘဲနဲ့ မိခင်နို့တိုက်တာကိုမရပ်လိုက်သင့်ပါ။
ကိုယ့်ကလေးမှာဓာတ်မတည့်တာရှိတယ်ဆိုရင်တောင် ကလေးအသက် ၆ လကျော်ရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို ဖြည်းဖြည်းချင်းပြန်စပြီး ကျေွးကြည့်ပါ။ ကလေးအများစုကအသက်ကြီးလာရင် နို့နဲ့ဓာတ်မတည့်တာပျောက်သွားတတ်ပါတယ်။
>> Lactose နှင့်ဓာတ်မတည့်ခြင်း
နို့ကိုဓာတ်မတည့်တာနဲ့ မှားတတ်တာတစ်ခုက Lactose ဆိုတဲ့ဓာတ်တစ်မျိုးနဲ့ ဓာတ်မတည့်ခြင်းပါ။ ဒါက Lactose ကိုတိုက်ခိုက်တဲ့ ပစ္စည်းထုတ်ပေးတာမဟုတ်ပါဘူး။ ကလေးက နို့ကိုကောင်းကောင်းအစာခြေဖို့အတွက်လိုအပ်တဲ့ Lactase ဆိုတဲ့ ဓာတ်တစ်မျိုးလုံလောက်စွာ မထုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒါကယာယီသာ ဖြစ်တတ်တာပါ။
မွေးရာပါ Lactose နဲ့ဓာတ်မတည့်တဲ့ ရှားပါးရောဂါတစ်မျိုးမှာတော့ ကလေးက နို့ကိုအစာခြေနိုင်ဖို့အတွက် နို့ထဲကို lactase ဆိုတဲ့ဓာတ်တစ်မျိုးပေါင်းထည့်ထားဖို့လိုပါတယ်။
Ceelin Plus 2

>> Galactosemia
ဒါကဓာတ်မတည့်ခြင်းအစစ်အမှန်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကလေးက မိခင်နို့ကိုလုံးဝလက်မခံနိုင်တဲ့ အခြေအနေတစ်မျိုးဖြစ်ပါတယ်။ Galactosemiaမှာကလေးရဲ့အသညး်က Galactoseဆိုတဲ့ နို့ထဲမှာပါဝင်တဲ့ သကြားဓာတ်တစ်မျိုးကို မချေဖျက်နိုင်ပါဘူး။ ဒီရောဂါရှိတဲ့ကလေးတွေမှာ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ မဖွံ့ဖြိုးနိုင်ခြင်းနဲ့ မွေးပြီးရက်အနည်းငယ်အတွင်း အသားဝါခြင်းစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။ ဒီကလေးတွေဟာ ဘယ်နို့ကိုမှ သောက်လို့မရပါဘူး။ သူတို့အသက်ရှင်ဖို့အတွက် Glactose လုံးဝမပါတဲ့ အထူးပြုလုပ်ထားတဲ့ နို့မှုန့်ပဲ တိုက်လို့ရပါတယ်။
Dr. Mya MyoMyoSwe (www.drmyanmar.com)















