/
news/ကလေးများနှင့်ကျန်းမာရေး/သင့်ကလေးငယ်မှာ-ပန်းနာရင်ကြပ်-ဖြစ်နေပြီလား

သင့်ကလေးငယ်မှာ ပန်းနာရင်ကြပ် ဖြစ်နေပြီလား

Category
ကလေးများနှင့်ကျန်းမာရေး

          " ဆရာမရေ ... ကျွန်မသားလေး အသက်ရှူရင် တရွီရွီမြည်နေလို့ ဆေးရုံသွားတာ အသက်ရှူစက် တပ်ပေးပြီး အသက်ရှူခိုင်းတယ်၊ အဲ့ဒါစိုးရိမ်ရလား။ ပန်းနာရင်ကြပ်ဖြစ်နေပြီလား ... ဆရာမ "

          ဒီမေးခွန်းကို ယေဘုယျအားဖြင့် မဟုတ်ဘူးလို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။ ကလေးငယ် အများစုဟာ ငယ်ရွယ်စဉ်မှာ အအေးမိခြင်းနှင့် ဗိုင်းရပ်စ်ပိုး၀င်ခြင်းတို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်တတ်ပေမယ့် အသက်ကြီးတဲ့အခါ ပန်းနာရင်ကြပ်ဖြစ်ဖို့ အလားအလာ နည်းပါတယ်။

          ကလေးငယ်များရဲ့ အသက်ရှူလမ်းကြောင်းဟာ လူကြီးများထက် ကျဉ်းတာကြောင့် အသက်ရှူစဉ် တရွီရွီမြည်ခြင်း ပိုဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိုး၀င်ခြင်းတို့ ဖြစ်တဲ့အခါမျိုးမှာ ကလေးငယ်လေးများရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းဖောင်းကားလာပြီး ချွဲသလိပ်များနဲ့ ပြည့်နေတတ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှူသောအခါ အသံမြည်ခြင်းများ ဖြစ်ပေါ်တတ်ပြီး ပန်းနာရင်ကြပ်လက္ခဏာနှင့် တူရခြင်း ဖြစ်ပါတယ်။

Solmux Kids 1

          ဒီလို တရွီရွီမြည်တာဟာ သာမန်အအေးမိခြင်းကြောင့်လား၊ ပန်းနာရင်ကြပ်ကြောင့်လား ဆိုတာကို အောက်ပါလက္ခဏာများနှင့် ခွဲခြားနိုင်ပါတယ်။

●        အသက်ရှူတိုင်း တရွီရွီမြည်ခြင်းဟာ မကြာခဏဖြစ်ခြင်း

●        နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် ညဘက်နဲ့ ကလေးကစားနေချိန်တွင် ချောင်းဆိုးခြင်း ပိုဆိုးခြင်း

●        အသက်ရှူမ၀ခြင်း

●        အအေးမိခြင်း၊ ဖုန်မှုန့်၊ ဆေးလိပ်ငွေ့၊ ခွေးကြောင်များနှင့် ထိတွေ့သောအခါ ချောင်းဆိုးခြင်း စသော လက္ခဏာများရှိပါက ဆရာ၀န်နှင့် ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

●        မိသားစုတွင်း ပန်းနာရင်ကြပ်မျိုးရိုးရှိခြင်း၊ ဓာတ်မတည့်ခြင်း၊ နှင်းခူရောဂါနှင့် ထိပ်ကပ်နာရောဂါများ ရှိပါကလည်း ဆရာ၀န်ကို ပြောဖို့ လိုအပ်ပါတယ်။

          ပန်းနာရင်ကြပ်ရောဂါရှိပါက ဆေးကုသမှု သေချာခံယူရမှာ ဖြစ်တာကြောင့် ရောဂါကို အမြန်ဆုံးအဖြေရှာဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ မိမိကလေးငယ်မှာ အထက်ပါလက္ခဏာများ ရှိ၊ မရှိ သေချာစောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Solmux Kids 2

(Unicode)

