/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးလေးတွေမှာရော-ဗီတာမင်စီက-ဘယ်လိုကောင်းကျိုးတွေပေးနိုင်လဲ

သားသားမီးမီးလေးတွေမှာရော ဗီတာမင်စီက ဘယ်လိုကောင်းကျိုးတွေပေးနိုင်လဲ

Category
ကလေးများနှင့်ကျန်းမာရေး

ဗီတာမင်စီဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးသော ဗီတာမင်တစ်မျိုးဖြစ်ပြီး ကိုယ်ခံအားမြင့်တက်စေခြင်း၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိခြင်း၊ ရောင်ရမ်းခြင်းကို လျော့ကျစေခြင်းစတဲ့ ကောင်းကျိုးတွေများစွာ ပေးစွမ်းနိုင်ပါတယ်။
ကျွန်မတို့ ကိုယ်ခန္ဓာကနေ ဗီတာမင်စီကို သဘာဝအတိုင်း မထုတ်လုပ်နိုင်တဲ့အပြင် ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တဲ့အလျောက် ဆီးသွားတဲ့အခါမှာပါသွားပြီး ကိုယ်ထဲကနေ လျော့ပါးသွားတတ်ပါတယ်။ ဒါကြောင့် ဗီတာမင်စီကို နေ့စဉ်စားတဲ့အစားအစာတွေ၊ ဗီတာမင်စီပါဝင်တဲ့ ဆေးရည်တွေကနေ ပြန်လည်ဖြည့်တင်းလို့ ရပါတယ်။

>>  ကလေးတွေမှာ ဗီတာမင်စီ စားသုံးပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ?
(၁)  ကိုယ်ခံအားမြင့်တက်ခြင်း
(၂)  ကင်ဆာရောဂါများကို ကာကွယ်နိုင်စွမ်း မြင့်တက်လာခြင်း
(၃)  အအေးမိ တုပ်ကွေးရောဂါများ ခံစားရချိန်ကို တိုတောင်းစေခြင်း
(၄)  ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့အပြင် အရိုးနှင့်ကြွက်သားများ ကြံ့ခိုင်စေခြင်း စသည်တို့ ဖြစ်ပါတယ်။

Ceelin 1

>>  ရင်သွေးလေးတွေ နေ့စဉ်စားပေးရမယ့် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာတွေက ဘာတွေလဲ?
●  ချဉ်သောအသီးများ
●  စတော်ဘယ်ရီ
●  ဂရိတ်ဖရုသီး
●  ဂေါ်ဖီထုပ်
●  ဟင်းနုနွယ်
●  ပဲစိမ်း
●  ငရုတ်ပွသီး
●  ခရမ်းချဉ်သီး
●  ပန်းဂေါ်ဖီစိမ်း စသည်တို့ ဖြစ်ပါတယ်။

Ceelin 2

>>  ကလေးတွေမှာ ဗီတာမင်စီ ချို့တဲ့သောလက္ခဏာတွေက ဘာတွေလဲ?
●  အနာကျက်နှေးခြင်း
●  သွားဖုံးသွေးယိုခြင်း
●  မကြာခဏဖျားခြင်း
●  မလန်းဆန်းခြင်း
●  နှာခေါင်းသွေးယိုခြင်း
●  ဆံသားခြောက်သွေ့ခြင်း
●  ကိုယ်ခံအားနည်းခြင်း စသည်တို့ ဖြစ်ပါတယ်။

ဗီတာမင်စီဟာ ကိုယ်ခံအားကောင်းမွန်ရေးအတွက် အရေးကြီးသော ဗီတာမင်ဖြစ်တဲ့အလျောက် အခုလိုကာလမှာ မေမေတို့အနေနှင့် ရင်သွေးလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ကြွယ်ဝနေစေဖို့ ဂရုစိုက်ပေးသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)