အကောင်းမြင်ဝါဒနှင့်ကြီးပြင်းလာဖို့ ဒီလိုလေးတွေသင်ပေးကြမယ်
ချစ်မဝတဲ့ရင်သွေးလေးတွေကို အကောင်းမြင်ဝါဒီလေးဖြစ်စေဖို့ကျေးဇူးတင်တတ်ဖို့ ဒီလိုလေးတွေသင်ပေးပြရအောင်။
♦ နှင်းဆီပန်းလေးကဆူးတွေနဲ့ ဆိုပေမယ့်ဆူးကိုမေ့ထားရင် နီထွေးတဲ့နှင်းဆီလေးဟာလှမြဲလှနေလျက်ပါပဲ။ ဆူးကိုဖယ်ထားပြီး နှင်းဆီရဲ့အလှတရားကိုကြည့်တတ်အောင် လေ့ကျင့်ပေးရအောင်။ “ဖေဖေကအလုပ်ပင်ပန်းနေတာမှန်ပေမယ့် သူရက်ပေါင်းများစွာကြိုးစားခဲ့တဲ့ပရောဂျက်ပြီးသွားတယ်လေ။ ဒါကဝမ်းသာစရာပဲပေါ့”
♦ မျှော်လင့်ချက်မြင့်မြင်မားမားထားပြီးယုံကြည်ပေးကြည့်ရအောင်။ "အိပ်ရာကိုသားဖာသာခင်းလိုက်နော်..လှလှပပသပ်သပ်ယပ်ယပ် သားသေချာခင်းနိုင်တယ်ဆိုတာယုံပါတယ်" လို့ပြောလိုက်တာက အမိန့်သံတွေထက်အများကြီးထိရောက်ပါတယ်၊
♦ အရာအသစ်တွေအတွက်မတွန့်ဆုတ်ဖို့ယုံကြည်ချက်ပေးအပ်ပါ။ မလုပ်တတ်သေးတဲ့အရာတွေ ကို မတွန့်ဆုတ်ဖို့ရှေ့ကနေလမ်းကြောင်းပေးပါ။ လူကြောက်တတ်တဲ့သားသားမီးမီးကို လူရှေ့မှာချီးမွမ်းရင်းစကားပြောတတ်ဖို့ တွန်းအားပေးရအောင်။
Nutroplex 1
♦ အချိန်ပေးကြည့်ပါ။ သူမလုပ်တတ်တဲ့မပြောတတ်တဲ့ တခုခုကိုချက်ချင်းမကူညီပါနဲ့။ သူငယ်ချင်းအသစ်တွေနဲ့ စကားစပြောဖို့ကြိုးစားနေတဲ့သားသားကိုဝင်ပြီးဟိုလိုပြော ဒီလိုမလုပ်ခင်သူလေးသူ့ဘာသာကြိုးစားပါစေလား။ သူတို့လေးတွေ တခုခုစမ်းသပ်တဲ့အခါအချိန်ဖြစ်သင့်သလောက်ပေးအပ်ပါ။
♦ သူတို့ကြိုးစားနေကြတယ် ဆိုတာမကြာခဏအသိအမှတ်ပြုပါ။ စကားနဲ့အမူအရာနဲ့သူလေးကြိုးစားတာကိုသတိပြုမိကြောင်းပြသပါ။ “ မေမေလည်း အရင်ကကြက်တောင်ရိုက်တတ်ဖို့အရမ်းကြိုးစားခဲ့ရတာ။ သမီးအတွက် လည်းခက်ခဲမယ်ဆိုသိတယ်နော်.. ကြိုးစားကြည့် ဖြည်းဖြည်းပေါ့ “ ဆိုတာမျိူးလေးပေါ့။
“သူငယ်ချင်းကောင်းရှာတွေ့ဖို့အချိန်တခုယူရတယ်”…
“စာတပုဒ်ကျက်ရတာ နည်းနည်းတော့အချိန်ကြာတယ်။ ဒါပေမယ့် ဒါလေးကျက်ပြီးသွားရင် ဗဟုသုတတွေတိုးသွားပြီ”…
“ ဒီသချၤာကခက်တော့ခက်တယ်..ဒါပေမယ့်အမှတ်ပြည့်ရရင်သားပျော်ရမှာ”
♦ အကောင်းမြင်ဝါဒဆိုတာမရှိတာကိုအရှိလုပ်တာ မဖြစ်တာကိုအဖြစ်လုပ်တာမဟုတ်ပါဘူး။ ရှိပြီးသားဖြစ်ပြီးသား အမှန်တရားတွေကနေ ဖုံးကွယ်နေတဲ့အလှတရားကိုမြင်အောင် ရှာဖွေကြည့်တာဖြစ်ပါတယ်။ အလှတရားတွေကို လှိုက်လှိုက်လှဲလဲ ကျေးဇူးတင်တတ်ဖို့ သင်ပေးကြပါစို့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Nutroplex 2
(Unicode)















