အချိုရည်ကြိုက်တဲ့ ရင်သွေးလေးတွေအတွက် မေမေဖေဖေတို့ မှတ်သားစရာ
ကလေးတွေကို အချိုစကျွေးမိတာနဲ့ သူတို့ဟာသကြားရဲ့အရသာကို စွဲလမ်းသွားတတ်ကြပါတယ်။ အထူးသဖြင့် စက်ရုံထုတ်အချိုရည်တွေရဲ့ သကြားဓာတ်ကို နှစ်ခြိုက်နေတတ်ပြီး မကြာခဏပူဆာတတ်ကြပါတယ်။
ရယ်ဒီမိတ်အချိုရည်တွေတင် ကလေးတွေကြိုက်နှစ်သက်နေသလားဆိုတော့ သဘာဝအသီးဖျော်ရည်တွေကိုလည်း သူတို့ကသဘောကျသောက်သုံးကြပါသတဲ့။
တစ်နှစ်အောက်ကလေးငယ်တွေကို ရယ်ဒီမိတ်အချိုရည်တွေကို လုံးဝမတိုက်ကျွေးသင့်ပါဘူးနော်။
Ceelin Plus 1

သဘာ၀အသီးဖျော်ရည်တွေ တိုက်မယ်ဆိုရင်….
• ၁ နှစ်ကနေ ၃ နှစ် - ၄ အောင်စ
• ၃ နှစ်ကနေ ၆ နှစိ - ၈ အောင်စ
• ၆ နှစိကနေ ၁၂ နှစ်- ၁၂ အောင်စ
ဖော်ပြပါအချိုးအစားအရ…တိုက်ကျွေးသင့်ပါတယ်။
Ceelin Plus 2

အချိုရည်တွေ လိုတာထက် ပိုတိုက်ရင် ခဏခဏတိုက်ရင် ဘာတွေဖြစ်လာမလဲ…
♦ အစားကောင်းကောင်းမစားတော့ပါဘဲ အချိုရည်ဖျော်ရည်ပဲ တောင်းနေတော့မှာပါ။
♦ အချိုရည်ထဲက သကြားကြောင့် ပေါက်သွားကာစသွားလေးတွေ ဆွေးမြေ့ပိုးစားစေပါတယ်။
♦ ဖျော်ရည်တွေထဲကအချိုဓာတ်ဟာကလေးတွေကိုအဝလွန်စေပြီး မလိုလားအပ်တဲ့ အရသာစွဲလမ်းမှုတွေ ဖြစ်လာစေပါတယ်။
ဒီအချက်လေးတွေကိုဂရုပြုမိပြီး မိခင်တိုင်း၊ ဖခင်တိုင်းဟာ သားသားမီးမီးတို့ကို အချိုရည်နဲ့ဖျော်ရည်တိုက်ကျွေးမှုကို အတန်အသင့် ကန့်သတ်နိုင်ခဲ့မယ်ဆိုရင် ဗဟုသုတမျှဝေရကျိုးနပ်ပါပြီ။ ကလေးကအချိုရည် ဖျော်ရည်တောင်းတိုင်းသဘာဝရေသန့်သာတိုက်ကျွေးဖို့ ကြိုးစားကြည့်ကြပါနော်။
ဂျီီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















