အိပ်ပျော်နေရင်း အသက်ဆုံးပါးသွားသော ကိုးလအရွယ် သမီးငယ်သို့ ...
" ဂျင်နီတို့်ရဲ့ အသည်းတစ်ခြမ်းဖြစ်တဲ့ ရုတ်တရက် ကွယ်လွန်သွားသူ သနားစရာသမီးငယ်လေးဟာ မဖျားဘူး၊ အသက်ရှူကျပ်တဲ့လက္ခဏာလည်း မတွေ့ရဘူး၊ အပူလွန်ကဲတာ မရှိဘူး၊ ဘာဆို ဘာရောဂါမှ မရှိခဲ့ပါဘူး။ ဒီကလေးငယ်ဟာ လစေ့ ပေါင်ပြည့် ကျန်းမာတဲ့ကလေးပါ သူရဲ့နှလုံးဟာ အံ့သြစ၇ာကောင်းလောက်အောင် ရုတ်တရက် အခုန်ရပ်သွားခဲ့တာသာ ဖြစ်ပါတယ်။ ဘယ်လောက် ကြေကွဲစရာကောင်းတဲ့အဖြစ်ပါလဲ ... "
ကြေကွဲစရာ ကံကြမ္မာမုန်တို်င်းတစ်ခု မတိုက်ခင်ကတော့ ဂျင်နီနဲ့ သူ့အမျိုးသားမှာ သာယာတဲ့ဘဝလေး ရှိခဲ့ဖူးပါတယ်။ ချစ်စရာ သိပ်ကောင်းတဲ့ ညိုလဲ့လဲ့ မျက်ဝန်းပိုင်ရှင် ကိုးလသား သမီးငယ်လေး ရုတ်တရက် ဆုံးပါးသွားပြီးနောက်မှာတော့ သူတို့မိသားစု ဘဝလေး ကဗြောင်းကပြန် ဖြစ်ခဲ့ရပါပြီ။ ပိုဆိုးတာက သူ့သမီးလေးက ဘာကြောင့် သေဆုံးရမှန်း မသိလိုက်ရတဲ့အပြင် သူကလေးရဲ့ သေဆုံးမှုဟာ ဆေးပညာအရ မဖြေရှင်းနိုင်ဘဲ အံ့သြစရာကောင်းလောက်အောင် လျှို့ဝှက်ဆန်းကျယ်လွန်းလို့ပါပဲ။
ညို့လဲ့သော မျက်ဝန်းပိုင်ရှင် ကိုးလအရွယ် သမီးငယ်လေးဟာ မိသားစုအတွက်တော့ ရတနာလေးပါပဲ။ မိခင်ဖြစ်သူ ဂျင်နီဟာ ဒီသမီးငယ်လေးရှေ့မှာ အမြွှာ အမနှစ်ယောက်ကို မွေးဖွားခဲ့ပြီး ကလေးတွေက ပေါင်မပြည့် လမစေ့တာကြောင့် ဆေးရုံပေါ်မှာ အကြာကြီး သောင်တင်ခဲ့ရသူပါ။ ဂျင်နီရဲ့ အမောတွေကို ပြေပျောက် သက်သာစေသူကတော့ မယ်လတာဒါလို့ နာမည်ပေးထားတဲ့ သမီးချောလေး မွေးဖွားမှုပါပဲ။ ဘာမှအန္တရာယ် ရှုပ်ရှုပ်ထွေးထွေး ခံစားရတာတွေ တစ်ခုမှမရှိခဲ့ဘဲ ရှောရှောရှူရှူ မွေးလာခဲ့သူလေးမို့ ပိုတန်ဖိုးထားခဲ့ရတယ်လေ။
မထင်မှတ်တဲ့ တစ်ညမှာတော့ ... တစ်သက်တာ မေ့မရတဲ့အဖြစ်ကို ကြုံရပြီပေါ့ ...။
သမီးငယ်လေးကို သူ့အိပ်ရာလေးထဲမှာ သိပ်ထားခဲ့ပြီး မေမေ ဂျင်နီက အောက်ဆင်း ခင်ပွန်းကို စောင့်ရင်း စာရေးနေခဲ့ပါတယ်။ ည ဆယ်နာရီခွဲလောက်ကျ သမီးငယ်ကို ခဏနှိုးပြီး နို့တိုက်ဖို့ အပေါ် ပြန်တက်သွားခဲ့ပါတယ်။ အခန်းကတော့ မမှောင်တမှောင်လေးပါ။ သူအခန်းထဲကို ဝင်လိုက်တော့ တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ကြားနေကျ အသက်ရှူသံ တိုးတိုးလေးကတော့ ပျောက်ကွယ်နေခဲ့ပါပေါ့။ သမီးငယ်ကို စမ်းလိုက်တော့ သမီးလေးက တစ်ဖက်ကို စောင်းနေပြီး စောင်လေးက ခေါင်းပေါ်မှာ အုပ်ရက်သား။ သူမ နည်းနည်း လန့်ဖျပ်သွားပြီး သမီးငယ်ကို ပျာပျာသလဲ ပွေ့ချီလိုက်ချိန်မှာ...
" အိုး ... ယောက်ျားရေ ... ယောက်ျား.. သမီး အသက် မရှူတော့ဘူး "
တိတ်ဆိတ်တဲ့ ညချမ်းလေးဟာ ရုတ်ချည်း အကျဉ်းတန်သွားပါတော့တယ်။ မိခင်ရဲ့ အော်ဟစ်ငိုယိုသံ ဖေဖေရဲ့ အသက်ပြန်ရှူလာဖို့ ကြိုးစားချက်တွေ၊ အဘွားက ဆေးရုံကား ခေါ်၊ အချိန်တိုအတွင်း ရဲတွေနဲ့ ဆရာဝန်အဖွဲ့ ရောက်လာပေမယ့်လည်း အရာအားလုံး နောက်ကျခဲ့ပါပြီ။
ကိုးလအရွယ် သမီးငယ်လေးဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
SID လို့ခေါ်တဲ့ တစ်နှစ်အောက် ကလေးငယ်တွေ ရုတ်တရက် သေဆုံးမှုဟာ အင်္ဂလန်မှာ ရှားပါးတဲ့အဖြစ်တော့ မဟုတ်ပါဘူး။ နှစ်စဉ် လသားကလေး အယောက် ၃၀၀ မှာ တစ်ယောက်ဟာ အိပ်ပျော်နေစဉ် အကြောင်းအရင်း မသိရတဲ့ တစ်စုံတစ်ရာကြောင့် အသက်ဆုံးပါး ကွယ်လွန်နေပါတယ်။
ဂျင်နီတို့်ရဲ့ အသည်းတစ်ခြမ်း မျက်၀န်းညိုပြာညက်တဲ့ သနားစရာ သမီးငယ်လေးဟာ မဖျားဘူး၊ အသက်ရှူကျပ်တဲ့ လက္ခဏာလည်း မတွေ့ရဘူး၊ အပူလွန်ကဲတာ မရှိဘူး။ ကလေးငယ်ဟာ လစေ့ပေါင်ပြည့် ကျန်းမာတဲ့ကလေးပါ သူရဲ့နှလုံးဟာ ရုတ်တရက် အခုန်ရပ်သွားခဲ့တာသာ ဖြစ်ပါတယ်။ ဘယ်လောက် ကြေကွဲစရာကောင်းတဲ့အဖြစ်ပါလဲ။
ဘာအဖြေမှ မရှိတဲ့ ဆုံးပါးသွားမှုကြောင့် မိဘနှစ်ပါးဟာ ရင်နဲ့မမျှ ခံစားခဲ့ရရှာပါတယ်။ တကယ်ကို ဘာအဖြေမှ ရှာမရခဲ့ပါဘူး။ သူကလေးနည်းတူ တခြား လသားလေးတွေဟာလည်း ရုတ်တရက် ဆုံးပါးသွားတဲ့ဖြစ်စဉ်တွေ များစွာရှိခဲ့ပါပြီ။ အဖြေရှာမရတဲ့ ကြေကွဲစရာသေဆုံးခြင်းတွေ ဖြစ်ပါတယ်။
သမီးငယ်ကို ရည်စူးပြီး ဂျင်နီတို့ မိသားစုဟာ ဒီလို အကြောင်းရင်း ရှာမရဘဲ ရုတ်တရက် ဆုံးပါးသွားတဲ့ ကလေးငယ်တွေအတွက် အကျိုးအကြောင်းကို သုတေသနပြုလုပ် ရှာဖွေတဲ့ Lullaby ဖောင်ဒေးရှင်းကို ပေါင် သောင်းနဲ့ချီ လှူဒါန်းခဲ့ပါတယ်။
မိခင်ရဲ့ တစ်နေ့ပြီးတစ်နေ့ တက်လာတဲ့ ချစ်သမီးသို့လွမ်းတေး ဆိုရှယ်မီဒီယာ စတေးတပ်စ်တွေဟာ ဖတ်ရသူတိုင်းအတွက် ဝမ်းနည်းစရာ ကောင်းလှပြီး ဖခင်ဟာလည်း စိတ်ပြေလက်ပျောက် မာရသွန်ပြေးပွဲ ဝင်ခဲ့ပါတယ်။ အကြီး အမြွှာနှစ်ယောက်ဟာလည်း သူတို့မိသားစုထဲကနေ အညိုရောင်မျက်ဝန်းပိုင်ရှင် ညီမလေး ပျောက်သွားတာကို ကျင့်သားရဖို့ အတော်ကြာခဲ့ပါတယ်။
လသားအရွယ် သားငယ်၊ သမီးငယ်တွေ အကျိုးအကြောင်း ရှာမရတဲ့ ထူးဆန်းစွာ ဆုံးပါးသွားတာတွေ မဖြစ်စေဖို့၊ ကာကွယ်နိုင်ဖို့ ဗဟုသုတလေးတွေ ဖတ်ထားနော် မေမေတို့ရေ ...
● အိပ်ပျော်နေစဉ် ကလေးငယ် ရုတ်တရက် ထူးဆန်းစွာ သေဆုံးမှုဟာ တစ်နှစ်အောက် ကလေးငယ်တွေမှာ အများဆုံး ဖြစ်တယ်။ သေဆုံးရတဲ့ အကျိုးအကြောင်း ဆေးပညာအရ တိတိပပ ရှာမရသေးပါ။
● ကလေးငယ်ကို ပက်လက် သိပ်ပါ။ မှောက်ခုံ ဖြစ်မသွားပါစေနဲ့။ သူလေး အိပ်နေစဉ် သတိလေးနဲ့ ပြန်လည်ထိန်းမတ်ပေးပါ။ လသားအရွယ်ကလေးကို ကလေးထိန်းနဲ့ ပစ်မထားပါနဲ့။ သေချာကြပ်မတ်ပြီး ကိုယ်တိုင် စောင့်ရှောက်ပါနော်။
● ကလေးကို စောင်တွေ အလွန်အကျွံ မခြုံပါနဲ့။ ပါးလျားပြီး နွေးထွေးတဲ့ ခြုံထည် အပျော့သားလေးတွေ သုံးပါနော်။
● လသားလေးတွေကို ကိုယ်နဲ့ တ
စ်အိပ်ရာတည်း သိပ်မယ့်အစား အိပ်ရာသီးသန့် ပြင်ပြီး သိပ်ပါ။
● ကလေးအိပ်ရာကို ထူထူထဲထဲတွေ မသုံးပါနဲ့။ အမွေးအမျှင်များပြီး အိပ်လိုက်တာနဲ့ နစ်ဝင်ပြီး သိပ်ပျော့တာတွေ ရှောင်ကြဉ်ပါ။ အထိအတွေ့ နူးညံ့ပြီး ပြန့်ပြန့်ပြူးပြူး ခပ်တောင့်တောင့်လေးတွေ ခင်းပေးပါနော်။
● ချောင်းဆိုး ရင်ကျပ် အသက်ရှူ ခက်နေတဲ့ နေမကောင်းတဲ့ ကလေးဆိုရင် သူလေး အိပ်ပျော်သွားတိုင်း သေချာ စောင့်ကြည့်ပေးပါ။
● နို့်တိုက်ပါ။ နှိုးပြီး တိုက်ပါ။ သူလေးရဲ့ သွေးတွင်းအချိုဓာတ် မကျသွားအောင် မကြာခဏ နို့ချို တိုက်ပေးပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















