အိမ်က သားသားမီးမီး ကျောင်းစာစိတ်မဝင်စားဘူးဖြစ်နေရင်…
အသက် ငါးနှစ်၊ ခြောက်နှစ်ကစလို့ အိမ်က သားလေးသမီးလေးကို မူကြိုအပ်မယ် သူငယ်တန်းအပ်ကြမယ်။ ကကြီး ခကွေး စသင်တော့မယ်လေ။ စာစသင်တော့မယ်ဆိုတာနဲ့ ကျောင်းသားကျောင်းသူတွေ အသစ်စက်စက်လေးစာလိုက်နိုင်ပါ့မလား။ မှတ်နို်င်ပါ့မလား။ စိတ်ဝင်စားပါ့မလား ပူရပြန်ပြီပေါ့။
သင်ယူရခက်ခဲတယ်ဆိုတာ…….
• စာသင်တဲ့အခါ သူတို့လေးတွေအာရုံမစိုက်နိုင်ခြင်း
အသင်းအဖွဲ့များနှင့် သူငယ်ချင်းဆက်ဆံရေး နှေးကွေးခြင်း
• တကိုယ်တည်းနေတတ်ခြင်း
• ကျောင်းချိန် ကျောင်းစာ စိတ်မဝင်စားဘဲ တွေတွေငေးငေးဖြစ်နေတာတွေဖြစ်နေတတ်ပါတယ်။
Nutroplex 1
ခါတိုင်းအချိန်ဆိုကလေးက သွက်တယ် ချက်ချာတယ် ပြေးတယ် ဆော့တယ် စာသင်တဲ့အခါကျမှ သူများနည်းတူမလိုက်နိုင်တာမျိုးပေါ့။ သူတို့က ခန္ဓာကိုယ်ပို်င်း အတွေးအခေါ်ပို်င်း ချွတ်ယွင်းတာမရှိဘူး။ စာမှတ်သားလေ့လာသင်ယူတဲ့အခါမှာသာ ပြသနာစတင်တာ ဖြစ်ပါတယ်။ ဒီကလေးတွေဟာ ပုံမှန်ဉာဏ်ရည်သို့မဟုတ် သာမန်ထက်နိမ့်တဲ့ ဉာဏ်ရည်ရှိနေတတ်ပါတယ်။
- • စာသင်ပေးတယ် အသံကို ခွဲခြမ်းမစိတ်ဖြာနိုင်ဘူး ဘာသင်နေမှန်း သူတို့နားမလည်ဘူး ကြားတယ် ကြားတာကိုဦးနှောက်ကမမှတ်နိုင်ဘူး။
- ဂဏန်းတွေ မမှတ်နိုင်ဘူး အတွက်အချက်သင်လို့မရဘူး သချာ်ညဏ်ရည်အားနည်းတယ်
- စာမရေးတတ်ဘူး စာလုံးပေါင်းတွေမရွတ်တတ်ဘူး အတွေးနဲ့အရေးတခါတည်းလုပ်ရတာ သူတို့အတွက်ခက်ခဲနေမယ်
- စာဖတ်တာရေးတာ စကားပြောတာ စာလုံးအသစ်တွေမှတ်သားတာ အပြောနဲ့ စကားလုံးတွေ ဒါတွေမှာ ဘာသာစကားစွမ်းရည်ပါတယ်။ အဲဒီစွမ်းရည်နိမ့်ကျနေတာ ။
- • မျက်နှာရိပ်မျက်နှာကဲ မဖတ်တတ်ဘူး။ ပြုံးတာမဲ့တာ တွေ သူနားမလည်ဘူး။ လူကြီးတွေရဲ့ မျက်နှာသွင်ပြင်နဲ့ အမူအရာကို မဖတ်တတ်ဘူး။ စိတ်တိုနေလား ပျော်နေလား သူမခွဲတတ်ဘူး။
- • ပုံလေးတွေ ကူးမဆွဲတတ်ဘူး ပုံလေးတွေကို လည်းနားမလည်ဘူး အကြာကြီးကြည့်နေပြီး ဘာပုံမှန်း သူမခွဲခြားတတ်ဘူး။ ခဲတံကိုသေချာမြဲအောင်မကိုင်နိုင်ဘူး။
Nutroplex 2
- • နောက်ဆုံးတခုကတော့ အလွန်အကျွံအဆော့သန်တယ် စာကိုအာရုံမစိုက်ဘူး ငြိမ်ငြိမ်လေးထိုင်ပြီး သူစာမမှတ်နိုင်ဘူး။ ယဉ်ကျေးတဲ့အမူအရာသင်လို့မရဘူး။ ဒီလိုလေးတွေပေါ့။
ဒီတော့ ကျောင်းနေစ အိမ်ကသမီးသားသား ကျောင်းစာမတော်တာ၊ မလိုက်နိုင်တာလေးတွေရှိလာရင် ဘာကြောင့်လဲဆိုတာအရင်စဉ်းစားသင့်ပါတယ်။ ကလေးကို ဖိမဲရိုက် ကျူရှင်တွေပို့ ဂိုက်ဆရာတွေနဲ့သင်ရင်လည်း ဒီလိုကလေးတွေကို စိတ်ဆင်းရဲမှုဖိအားပေးတာထက် ဘာမှထူးပြီး အကျိုးရလဒ်ရလာမှာမဟုတ်ပါဘူး။ မိမိကလေးသာ နစ်နာနာကျင်မှာပါ။ ဒါကြောင့်ကျောင်းသားကျောင်းသူလေးတွေ မူလတန်းအရွယ်မှာ မိဘများအနေနဲ့ ဘယ်အပိုင်းလေးမှာအားနည်းနေတယ်ဆိုတာ ဂရုတစိုက်စောင့်ကြည့်ပြီး သင်ယူလေ့လာရခက်တဲ့ ချွတ်ယွင်းမှုတခုများ ဖြစ်နေသလားလို့ စဉ်းစားဖြစ်ကြမယ်ဆိုရင် ဗဟုသုတမျှဝေရကျိုးနပ်ပါပြီ မေမေဖေဖေတို့ရေ..
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)















