၃ နှစ်အရွယ်ကလေးငယ်တွေအတွက် အစားအစာနှင့် အာဟာရဆိုင်ရာအချက်များ
ကလေးတွေကို ငယ်စဉ်ကတည်းက အစားအစာနဲ့ဆိုင်တဲ့ ခံယူချက်ကောင်းတွေထူထောင်ပေးဖို့အရေးကြီးပါတယ်။ အသက် ၃ နှစ်အရွယ်မှာ ကလေးတွေက အစားစာချင်စိတ်နည်းတတ်ပါတယ်။ အများအားဖြင့် သူတို့က မိသားစုထမင်းဝိုင်းတွေမှာ ဝင်ပါရတာကို နှစ်သက်လေ့ရှိပါတယ်။
>> မိဘတွေသိထားသင့်သော အချက် ၅ ချက်
• ကလေးအကြိုက်ကို လက်ခံပါ။ ကလေးမှာသူကြိုက်တဲ့သီးသန့်အစားအစာတွေရှိနိုင်ပါတယ်။ တစ်ခါတစ်လေအကြိုက်တွေက တစ်နေ့နဲ့တစ်နေ့မတူပါဘူး။ ဥပမာ- ဒီနေ့မှာဒါကို ကြိုက်ပေမယ့်လည်း နောက်နေ့ကျတော့ လုံးဝမစားတော့တာလည်းဖြစ်နိုင်ပါတယ်။ အစားအစာတစ်ခုခုကို ရက်အတော်ကြာအောင်နှစ်နှစ်ခြိုက်ခြိုက်စားပြီးတော့မှာ မကြိုက်တော့တာမျိုးလည်းရှိပါတယ်။ ဒီအမူအကျင့်က သုံးနှစ်အရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါကို ပြဿနာလို့မယူဆဖို့လိုပါတယ်။ ဒီအစားကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာမျိိုးစုံကိုလုပ်ပေးပြီး ဘယ်နှစ်ရက်စားမယ်၊ ဘယ်လောက်စားမယ်ဆိုတာကတော့ ကလေးသဘောအတိုင်းလိုက်ပေးပါ။
Nutroplex 1
• အစားအစာအသစ်တွေကို စားဖို့တိုက်တွန်းပါ။ ဒါပေမယ့် အတင်းအကြပ်မလုပ်ပါနဲ့။ ကလေးကြိုက်တဲ့အစားအစာနဲ့အတူ အစားအစာအသစ်ကိုလည်း အရသာမြည်းစမ်းဖို့အတွက် နည်းနည်းစီစပြီးကျေွးပါ။ ဒါပေမယ့်လည်း အသစ်ကို ကလေးက အကုန်လုံးကုန်အောင်စားဖို့မျှော်လင့်မထားပါနဲ့။
• အာဟာရနဲ့ပြည့်စုံတဲ့အစားအစာတွေကို အမြဲကျေွးပါ။ မိဘရဲ့တာဝန်ကတော့ မိမိရဲ့ကလေးကို အာဟာရရှိတဲ့အစားအစာတွေရွေးချယ်ကျေွးဖို့ပါပဲ။ အာဟာရရှိတဲ့အစားအစာတွေကိုပြင်ဆင်ပြီးရင် ကလေးစားနိုင်သလောက်ကျေွးပါ။ ကလေးက အစားအစာချေးများတယ် ဥပမာ- ဟင်းသီးဟင်းရွက်မစားဘူးဆိုရင်လည်း စိတ်မပျက်ပါနဲ့။ ကလေးကအရင်ကမကြိုက်ဘူးဆိုရင်တောင်မှ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုအမြဲကျေွးကြည့်ပါ။ ဒီအစားအစာရဲ့အရသာကို သိပြီးကြိုက်သွားဖို့က ၁၅ ကြိမ် အကြိမ် ၂၀ လောက်ထပ်ခါထပ်ခါ ကလေးနဲ့အစားအစာထိတွေ့မှုရှိနေဖို့ လိုပါတယ်။
• အစားအစာတွေက ရိုးရှင်းပြီး အာဟာရပြည့်ဝရပါမယ။် ဒီအရွယ်ကလေးတွေအတွက် အစားအစာက အရမ်းပြင်ဆင်ဖို့မလိုပါဘူး။ ရိုးရှင်းတဲ့အပြင်အဆင်ကို ကလေးတွေကပိုပြီးနှစ်သက်နိုင်ပါတယ်။ အစားအစာလုပ််ဖို့အချိန်နည်းနေတယ်ဆိုရင် အသားဓာတ်၊ ကောက်ပဲသီးနှံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းစတာတွေပါဝင်တဲ့ ရိုးရှင်းတဲ့အစားအစာလေးကိုပဲပြင်ဆင်ပါ။ အသားညှပ်ပေါင်မုန့်၊ မုန်လာဥနီ၊ ပန်းသီး၊ နို့တစ်ခွက်စတဲ့ရိုးရှင်းတဲ့နေလည်စာက ဆိုင်မှာသွားကျေွးတာထက်စာရင် အချိန်ကုန်သက်သာပြီး ကျန်းမာရေးနဲ့လည်းပိုပြီးညီညွတ်ပါတယ်။
• အထူးသဖြင့် အစာစားချိန်တွေမှာ တီဗွီကိုပိတ််ထားပါ။ တီဗွီကြော်ငြာတွေက ၃ နှစ်အရွယ်ကလေးတွေရဲ့အာဟာရအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်စေနိုင်ပါတယ်။ ကလေးငယ်လေးကို သကြားပါတဲ့သွားရည်စာတွေ၊ ချိုချဉ်တွေစတဲ့ကြော်ငြာတွေက အလွယ်တကူဆွဲဆောင်နို်ငပါတယ်။ ဒါတွေကိုရှောင်နိုင်မယ့်အကောင်းဆုံးနည်းလမ်းက အစာစားချိန်နဲ့ အိပ်ချိန်တွေမှာ တီဗွီပိတ်ထားခြင်းဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Nutroplex 2
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)














