၇ လသားမှာ အရမ်းစကားပြောချင်နေတဲ့ သားသားမီးမီးလေးတွေ
တစ်နှစ်အောက်ဆိုရင် စကားရေလည်ပတ်လည် မပြောသေးဘဲ တစ်နှစ်ကျော်မှ စကားလုံးလေးတွေ သင်ရမယ် ထင်မှတ်မှားနေတဲ့ မေမေတို့ သိဖို့လေးတွေပါနော်။
လသားလေးတွေက တကယ်တော့ စကားပြောရမယ့်အရွယ် မတိုင်ခင်ကို အရမ်းအရမ်း ပြောချင်နေတဲ့ " ကို ပြောချင် " " မ ပြောချင် " လေးတွေပါတဲ့။
သူတို့လေးတွေကို မကြာခဏ စကားပြောပေးတဲ့အခါ အရမ်းအရမ်းကို ပြန်ပြောချင်နေပြီး ဦးနှောက်က စဖွံ့ဖြိုးပြီး တုံ့ပြန်နေပါပြီတဲ့။ သူတို့ရဲ့ဦးနှောက်လှိုင်းလေးတွေက မေမေတို့၊ ဘွားဘွားတို့ ပြောသမျှကို ပြန်တုံ့ပြန်နေတဲ့ အရိပ်အယောင်တွေ ပေါ်နေတာပါ။
ဘေဘီလေးတွေရဲ့ တုံ့ပြန်နိုင်စွမ်းကို လုံးဝလျှော့တွက်လို့တော့ မရတာတော့ သိပ္ပံပညာက စတင်တွေ့ရှိနေပါပြီနော်။ သူတို့လေးတွေက သူတို့ကို ပြောသမျှကို စနစ်တကျ နားထောင်မှတ်သားနေပြီး စိတ်ကြည်လင်ပြီး ပျော်နေတတ်ပါသတဲ့။
ဒါပေမဲ့ ရှေ့မှာ တီဗီ၊ ကွန်ပျူတာ၊ ကာတွန်းကား ဖွင့်ပြထားတာနဲ့ မေမေ ဖေဖေ ကိုယ်တိုင် စကားပြောပေးတာနဲ့ တူတော့ မတူဘူးတဲ့။ တကယ့်ခံစားချက် အပြည့်အဝနဲ့ ရင်သွေးလေးကို စိတ်ရှည်လက်ရှည် ငုံ့ကြည့်ပြီး စကားပြောပေးတဲ့အခါ သူတို့လေးတွေ အလွန်နှစ်သိမ့်ကျေနပ်ပါသတဲ့။ ပြီးတော့ ပြန်ပြောဖို့ စကားလေးတွေတောင် စဉ်းစားနေရှာတယ်တဲ့။
ဒါကြောင့် လသားအရွယ် သားသားမီးမီးကို ဂရုတစိုက် စကားပြောပေးခြင်းဖြင့် ကြိုးကြိုးစားစား စကား စောစောပြောလာဖို့ ဉာဏ်ရည်ဖွံဖြိုးဖို့ တူတူကြိုးစားကြည့်လိုက်ကြရအောင်လား။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















