/
news/ကလေးများနှင့်ကျန်းမာရေး/‌မွေးကင်းစက‌လေးငယ်နဲ့-အသက်တစ်နှစ်‌အောက်-က‌လေးငယ်‌တွေမှာ

‌မွေးကင်းစက‌လေးငယ်နဲ့ အသက်တစ်နှစ်‌အောက် က‌လေးငယ်‌တွေမှာ အဖြစ်များတဲ့ပြဿနာများ

Category
ကလေးများနှင့်ကျန်းမာရေး

       က‌လေး‌မွေးပြီးပြီးချင်း ရက်‌တွေက‌တော့ မေမေတို့အတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့အချိန်‌တွေပါ။ က‌လေး‌လေးကလည်း ‌သေး‌သေး‌လေးနဲ့ ဘာမှမသိ၊ မ‌ပြောတတ်ဆို‌တော့ အရာရာဟာ စိတ်ပူစရာကြီးပါပဲ။ ပြီး‌တော့ က‌လေး‌တွေက အရမ်းနူးညံ့‌တော့ စိုးရိမ်ဖို့လိုတဲ့အ‌ကြောင်း‌တွေကလည်း ရှိသေးတယ်‌လေ။
       တစ်နှစ်‌အောက်က‌လေးငယ်‌တွေရဲ့ ကိုယ်ခံအားစနစ်က ဖွံ့ဖြိုးဆဲဆို‌တော့ သာမန်‌နေမ‌ကောင်းတာ‌လေး‌တွေက‌တောင်မှ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုး‌တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ‌ကြောင့် က‌လေး‌တွေမှာဖြစ်တတ်တဲ့ပြဿနာ‌တွေကို သိထားဖို့ လိုပါတယ်။

>>    မွေးကင်းစက‌လေးငယ်‌တွေမှာ ဖြစ်တတ်တဲ့ပြဿနာ‌တွေကတော့ -
1.      ဗိုက်ကြီး ဖောင်းတင်း‌နေခြင်း
    ‌     မွေးကင်းစ က‌လေးငယ်အများစုက‌တော့ ဗိုက်‌လေး‌တွေ ဖောင်း‌နေတတ်ပါတယ်။ ဒါ‌ပေမဲ့ နို့တိုက်တဲ့ကြားအချိန်‌တွေ၊ အစာတစ်ခုနဲ့တစ်ခုကြားမှာ ဗိုက်ကြီးကတင်းပြီးမာ‌နေရင်‌တော့ တစ်ခုခု‌ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို ဗိုက်ကြီးတင်း‌နေရတဲ့အ‌ကြောင်း ၁၀ ခုမှာ ၉ ခုက ‌လေထတာနဲ့ ဝမ်းချုပ်တာ‌ကြောင့် ဖြစ်နိုင်‌ပေမယ့် တစ်ခါတ‌လေမှာ‌တော့ ပြင်းထန်တဲ့ပြဿနာတစ်ခုခု‌ကြောင့် ဖြစ်နိုင်ပါတယ်။

2.    ‌မွေးတဲ့အချိန်မှာရတဲ့ ထိခိုက်ဒဏ်ရာ‌တွေ
    ‌   မွေးရခက်တဲ့အခါမှာ တချို့က‌လေး‌တွေမှာ ဒဏ်ရာ‌တွေ ကျန်ခဲ့နိုင်ပါတယ်။ က‌လေးအများစုမှာ ဒီဒဏ်ရာ‌တွေက ‌မြန်မြန်ကျက်တတ်လို့ အရမ်း‌တော့ စိတ်မပူပါနဲ့။ အဖြစ်များတဲ့ဒဏ်ရာ‌တွေက‌တော့ ညှပ်ဆွဲ‌မွေးရတဲ့အခါမှာ ညှပ်ရာကျန်ခဲ့ခြင်း၊ ကြွက်သားအားနည်းခြင်း စတာ‌တွေ ဖြစ်ပါတယ်။

3.    အသားပြာခြင်း
       က‌လေး‌တွေမှာ လက်‌တွေ၊ ခြေ‌ထောက်‌တွေ ပြာတတ်ကြပါတယ်။ တစ်ခါတ‌လေ အရမ်းငိုတဲ့အခါမှာ ပါးစပ်နဲ့ လျှာ‌တွေ ပြာလာတတ်တယ်။ ခဏ‌နေရင်‌တော့ ပုံမှန်အသား‌ရောင်အတိုင်း ပြန်ဖြစ်ပါတယ်။ အဲဒီလိုမဖြစ်ဘဲ ဆက်ပြီးပြာ‌နေရင်‌တော့ ဆရာဝန် ချက်ချင်းပြဖို့ လိုပါတယ်။

4.    ‌ချောင်းဆိုးခြင်း
       က‌လေးနို့တိုက်ပြီးပြီးချင်းမှာ ‌ချောင်းဆိုးတတ်ပါတယ်။ ဒါ‌ပေမဲ့ ‌ချောင်းဆိုးတာ မ‌ပျောက်ရင် (သို့) နို့စို့နေတုန်းမှာ‌တောင် ‌ချောင်းဟန့်ရင်‌တော့ ဆရာဝန်ပြကြည့်ပါ။ အဆုတ် (သို့) အစာ‌ခြေစနစ်ပြဿနာ ဖြစ်တတ်ပါတယ်။ က‌လေး‌လေးက ဆက်တိုက်‌ချောင်းဆိုး‌နေရင် အထူးသဖြင့် ညဘက်‌တွေမှာ ဆိုး‌နေရင် ကြက်ညှာ‌ချောင်းဆိုးလားဆိုတာကို စစ်ကြည့်ဖို့ လိုပါတယ်။

Biogesic for kids IA 1

5.    အသားဝါခြင်း
       အသက်တစ်နှစ်အောက်ကလေးတွေရဲ့ အသည်းက ကောင်း‌ကောင်းမဖွံ့ဖြိုး‌သေး‌တော့ ဘီလီရူဘင်လို့‌ခေါ်တဲ့ အဝါဓာတ်‌တွေ များပြီး‌တော့ အသားဝါတတ်ပါတယ်။ အများအားဖြင့်‌တော့ သူ့ဘာသာသူ ပြန်‌ပျောက်သွားတာ များပါတယ်။ တစ်ခါတ‌လေမှာ‌တော့ ‌ရောဂါကြီးကြီးတစ်ခု‌ကြောင့် ဖြစ်တတ်လို့ အသားဝါတာ မ‌ပျောက်ဘဲရှိ‌နေရင် ဆရာဝန်ပြပြီး အ‌ကြောင်းအရင်းရှာကုဖို့ လိုပါတယ်။

6.    အသက်ရှူပြဿနာ
       ‌မွေးကာစက‌လေးငယ်‌တွေ ပုံမှန်အသက်ရှူနိုင်ဖို့အတွက် အချိန်လိုပါတယ်။ အသက်ရှူတာ မှန်သွားပြီဆိုရင်‌တော့ ဘာပြသနာမှမရှိ‌တော့ပါဘူး။ က‌လေးမှာ အသက်ရှူရခက်လာရင် နှာ‌ခေါင်းထဲမှာ ပိတ်‌နေလားဆိုတာကို စစ်ကြည့်ပါ။ နှာပိတ်‌နေရင် နှာ‌ခေါင်းထဲကို Saline အစက်ချ‌ပေးလို့ ရပါတယ်။

>>    က‌လေးမှာ ‌အောက်ပါလက္ခဏာ‌တွေ‌တွေ ့ရင်‌တော့ က‌လေးဆရာဝန် ချက်ချင်းသွားပြပါ။
●       အသက်ရှူမြန်ခြင်း
●       နှာ‌ခေါင်းကို ရှုံ့ချည်ပွချည်လုပ်ခြင်း
●       အသက်ရှူတဲ့အချိန်မှာ ညည်းသံထွက်ခြင်း
●       အသားပြာတာက ပြန်‌ပျောက်မသွားဘဲ ဆက်ပြာ‌နေခြင်း
         လမ‌စေ့ဘဲ‌မွေးတဲ့ က‌လေး‌တွေမှာဆိုရင် အသက်ရှူပြဿနာ‌တွေ ပိုဖြစ်နိုင်‌ချေများပါတယ်။

7.    ကိုယ်ပူခြင်း
       ကိုယ်ပူတယ်ဆိုတာက က‌လေးရဲ့ခန္ဓာကိုယ်က ‌ရောဂါပိုးတစ်မျိုးမျိုးကို တိုက်ဖျက်‌နေရတယ်ဆိုတာကို ပြတာပါ။ သာမန်နည်းနည်း‌လေး ကိုယ်ပူတာက‌တော့ ပြဿနာမဟုတ်ပါဘူး။ ဒါ‌ပေမဲ့ ကိုယ်ပူကြီးရင်‌တော့ ဆရာဝန်ပြဖို့ လိုပါတယ်။
       က‌လေး‌တွေမှာ ဖြစ်တဲ့ပြဿနာ‌တွေကို ‌ပြောရမယ်ဆိုရင်‌တော့ ကုန်နိုင်‌တော့မှာ မဟုတ်ပါဘူး။ ‌ကျောက်ကပ်၊ မျက်လုံး စတဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ဖြစ်တတ်တဲ့ ပြဿနာမျိုးစုံလည်း ရှိပါ‌သေးတယ်။ မေမေတို့အနေနဲ့ စိုးရိမ်စရာမရှိတာ‌တွေကို အရမ်းမစိုးရိမ်ဘဲနဲ့ ဆရာဝန်ပြရမယ့်ပြဿနာ‌တွေကိုလည်း ‌သေချာသိထားပြီး‌တော့ ဂရုစိုက်နိုင်ဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

       က‌ေလး‌ေမြးၿပီးၿပီးခ်င္း ရက္‌ေတြက‌ေတာ့ ေမေမတို႔အတြက္ အရမ္းကို စိတ္လႈပ္ရွားရတဲ့အခ်ိန္‌ေတြပါ။ က‌ေလး‌ေလးကလည္း ‌ေသး‌ေသး‌ေလးနဲ႔ ဘာမွမသိ၊ မ‌ေျပာတတ္ဆို‌ေတာ့ အရာရာဟာ စိတ္ပူစရာႀကီးပါပဲ။ ၿပီး‌ေတာ့ က‌ေလး‌ေတြက အရမ္းႏူးညံ့‌ေတာ့ စိုးရိမ္ဖို႔လိုတဲ့အ‌ေၾကာင္း‌ေတြကလည္း ရွိေသးတယ္‌ေလ။
       တစ္ႏွစ္‌ေအာက္က‌ေလးငယ္‌ေတြရဲ့ ကိုယ္ခံအားစနစ္က ဖြံ့ၿဖိဳးဆဲဆို‌ေတာ့ သာမန္‌ေနမ‌ေကာင္းတာ‌ေလး‌ေတြက‌ေတာင္မွ ျပင္းထန္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳး‌ေတြကို ျဖစ္ေစနိုင္ပါတယ္။ ဒါ‌ေၾကာင့္ က‌ေလး‌ေတြမွာျဖစ္တတ္တဲ့ျပႆနာ‌ေတြကို သိထားဖို႔ လိုပါတယ္။

>>    ေမြးကင္းစက‌ေလးငယ္‌ေတြမွာ ျဖစ္တတ္တဲ့ျပႆနာ‌ေတြကေတာ့ -
1.      ဗိုက္ႀကီး ေဖာင္းတင္း‌ေနျခင္း
    ‌     ေမြးကင္းစ က‌ေလးငယ္အမ်ားစုက‌ေတာ့ ဗိုက္‌ေလး‌ေတြ ေဖာင္း‌ေနတတ္ပါတယ္။ ဒါ‌ေပမဲ့ နို႔တိုက္တဲ့ၾကားအခ်ိန္‌ေတြ၊ အစာတစ္ခုနဲ႔တစ္ခုၾကားမွာ ဗိုက္ႀကီးကတင္းၿပီးမာ‌ေနရင္‌ေတာ့ တစ္ခုခု‌ေၾကာင့္ ျဖစ္နိုင္ပါတယ္။ ဒီလို ဗိုက္ႀကီးတင္း‌ေနရတဲ့အ‌ေၾကာင္း ၁၀ ခုမွာ ၉ ခုက ‌ေလထတာနဲ႔ ဝမ္းခ်ဳပ္တာ‌ေၾကာင့္ ျဖစ္နိုင္‌ေပမယ့္ တစ္ခါတ‌ေလမွာ‌ေတာ့ ျပင္းထန္တဲ့ျပႆနာတစ္ခုခု‌ေၾကာင့္ ျဖစ္နိုင္ပါတယ္။

2.    ‌ေမြးတဲ့အခ်ိန္မွာရတဲ့ ထိခိုက္ဒဏ္ရာ‌ေတြ
    ‌   ေမြးရခက္တဲ့အခါမွာ တခ်ိဳ႕က‌ေလး‌ေတြမွာ ဒဏ္ရာ‌ေတြ က်န္ခဲ့နိုင္ပါတယ္။ က‌ေလးအမ်ားစုမွာ ဒီဒဏ္ရာ‌ေတြက ‌ျမန္ျမန္က်က္တတ္လို႔ အရမ္း‌ေတာ့ စိတ္မပူပါနဲ႔။ အျဖစ္မ်ားတဲ့ဒဏ္ရာ‌ေတြက‌ေတာ့ ညႇပ္ဆြဲ‌ေမြးရတဲ့အခါမွာ ညႇပ္ရာက်န္ခဲ့ျခင္း၊ ႂကြက္သားအားနည္းျခင္း စတာ‌ေတြ ျဖစ္ပါတယ္။

3.    အသားျပာျခင္း
       က‌ေလး‌ေတြမွာ လက္‌ေတြ၊ ေျခ‌ေထာက္‌ေတြ ျပာတတ္ၾကပါတယ္။ တစ္ခါတ‌ေလ အရမ္းငိုတဲ့အခါမွာ ပါးစပ္နဲ႔ လၽွာ‌ေတြ ျပာလာတတ္တယ္။ ခဏ‌ေနရင္‌ေတာ့ ပုံမွန္အသား‌ေရာင္အတိုင္း ျပန္ျဖစ္ပါတယ္။ အဲဒီလိုမျဖစ္ဘဲ ဆက္ၿပီးျပာ‌ေနရင္‌ေတာ့ ဆရာဝန္ ခ်က္ခ်င္းျပဖို႔ လိုပါတယ္။

4.    ‌ေခ်ာင္းဆိုးျခင္း
       က‌ေလးနို႔တိုက္ၿပီးၿပီးခ်င္းမွာ ‌ေခ်ာင္းဆိုးတတ္ပါတယ္။ ဒါ‌ေပမဲ့ ‌ေခ်ာင္းဆိုးတာ မ‌ေပ်ာက္ရင္ (သို႔) နို႔စို႔ေနတုန္းမွာ‌ေတာင္ ‌ေခ်ာင္းဟန႔္ရင္‌ေတာ့ ဆရာဝန္ျပၾကည့္ပါ။ အဆုတ္ (သို႔) အစာ‌ေျခစနစ္ျပႆနာ ျဖစ္တတ္ပါတယ္။ က‌ေလး‌ေလးက ဆက္တိုက္‌ေခ်ာင္းဆိုး‌ေနရင္ အထူးသျဖင့္ ညဘက္‌ေတြမွာ ဆိုး‌ေနရင္ ၾကက္ညႇာ‌ေခ်ာင္းဆိုးလားဆိုတာကို စစ္ၾကည့္ဖို႔ လိုပါတယ္။

5.    အသားဝါျခင္း
       အသက္တစ္ႏွစ္ေအာက္ကေလးေတြရဲ့ အသည္းက ေကာင္း‌ေကာင္းမဖြံ့ၿဖိဳး‌ေသး‌ေတာ့ ဘီလီ႐ူဘင္လို႔‌ေခၚတဲ့ အဝါဓာတ္‌ေတြ မ်ားၿပီး‌ေတာ့ အသားဝါတတ္ပါတယ္။ အမ်ားအားျဖင့္‌ေတာ့ သူ႔ဘာသာသူ ျပန္‌ေပ်ာက္သြားတာ မ်ားပါတယ္။ တစ္ခါတ‌ေလမွာ‌ေတာ့ ‌ေရာဂါႀကီးႀကီးတစ္ခု‌ေၾကာင့္ ျဖစ္တတ္လို႔ အသားဝါတာ မ‌ေပ်ာက္ဘဲရွိ‌ေနရင္ ဆရာဝန္ျပၿပီး အ‌ေၾကာင္းအရင္းရွာကုဖို႔ လိုပါတယ္။

6.    အသက္ရႉျပႆနာ
       ‌ေမြးကာစက‌ေလးငယ္‌ေတြ ပုံမွန္အသက္ရႉနိုင္ဖို႔အတြက္ အခ်ိန္လိုပါတယ္။ အသက္ရႉတာ မွန္သြားၿပီဆိုရင္‌ေတာ့ ဘာျပသနာမွမရွိ‌ေတာ့ပါဘူး။ က‌ေလးမွာ အသက္ရႉရခက္လာရင္ ႏွာ‌ေခါင္းထဲမွာ ပိတ္‌ေနလားဆိုတာကို စစ္ၾကည့္ပါ။ ႏွာပိတ္‌ေနရင္ ႏွာ‌ေခါင္းထဲကို Saline အစက္ခ်‌ေပးလို႔ ရပါတယ္။

>>    က‌ေလးမွာ ‌ေအာက္ပါလကၡဏာ‌ေတြ‌ေတြ ့ရင္‌ေတာ့ က‌ေလးဆရာဝန္ ခ်က္ခ်င္းသြားျပပါ။
●       အသက္ရႉျမန္ျခင္း
●       ႏွာ‌ေခါင္းကို ရႈံ႔ခ်ည္ပြခ်ည္လုပ္ျခင္း
●       အသက္ရႉတဲ့အခ်ိန္မွာ ညည္းသံထြက္ျခင္း
●       အသားျပာတာက ျပန္‌ေပ်ာက္မသြားဘဲ ဆက္ျပာ‌ေနျခင္း
         လမ‌ေစ့ဘဲ‌ေမြးတဲ့ က‌ေလး‌ေတြမွာဆိုရင္ အသက္ရႉျပႆနာ‌ေတြ ပိုျဖစ္နိုင္‌ေခ်မ်ားပါတယ္။

7.    ကိုယ္ပူျခင္း
       ကိုယ္ပူတယ္ဆိုတာက က‌ေလးရဲ့ခႏၶာကိုယ္က ‌ေရာဂါပိုးတစ္မ်ိဳးမ်ိဳးကို တိုက္ဖ်က္‌ေနရတယ္ဆိုတာကို ျပတာပါ။ သာမန္နည္းနည္း‌ေလး ကိုယ္ပူတာက‌ေတာ့ ျပႆနာမဟုတ္ပါဘူး။ ဒါ‌ေပမဲ့ ကိုယ္ပူႀကီးရင္‌ေတာ့ ဆရာဝန္ျပဖို႔ လိုပါတယ္။
       က‌ေလး‌ေတြမွာ ျဖစ္တဲ့ျပႆနာ‌ေတြကို ‌ေျပာရမယ္ဆိုရင္‌ေတာ့ ကုန္နိုင္‌ေတာ့မွာ မဟုတ္ပါဘူး။ ‌ေက်ာက္ကပ္၊ မ်က္လုံး စတဲ့ အျခားကိုယ္အဂၤါအစိတ္အပိုင္းေတြမွာ ျဖစ္တတ္တဲ့ ျပႆနာမ်ိဳးစုံလည္း ရွိပါ‌ေသးတယ္။ ေမေမတို႔အေနနဲ႔ စိုးရိမ္စရာမရွိတာ‌ေတြကို အရမ္းမစိုးရိမ္ဘဲနဲ႔ ဆရာဝန္ျပရမယ့္ျပႆနာ‌ေတြကိုလည္း ‌ေသခ်ာသိထားၿပီး‌ေတာ့ ဂ႐ုစိုက္နိုင္ဖို႔ လိုပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)