/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမမွေးခင်နှင့်-မွေးပြီးနောက်-စိုးရိမ်ပူပန်မှုများ

ကလေးမမွေးခင်နှင့် မွေးပြီးနောက် စိုးရိမ်ပူပန်မှုများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးပြီးနောက်မှာ အနည်းနှင့်အများ စိုးရိမ်ပူပန်မှု ရှိတတ်ကြပါတယ်။

>>  ကလေးမမွေးခင် စိုးရိမ်ပူပန်မှု
၈၅ ရာနှုန်းသော မိခင်တွေဟာ အောက်ပါအချက်များကြောင့် အနည်းနှင့်အများ စိတ်ဖိစီးတတ်ကြပါတယ်။
●  ငွေကြေးအခက်အခဲများ
●  အလုပ်အကိုင်မကောင်းခြင်း
●  အလုပ်များခြင်း၊ အိမ်တွင်းဆူပူခြင်း
●  ကိုယ်ဝန်ဆောင်ချိန် ပင်ပန်းမှု
●  ခက်ခဲသော ကိုယ်ဝန်ဆောင်ရခြင်း

Obimin 1

>>  ကိုယ်ဝန်ဆောင်စဉ် စိုးရိမ်ပူပန်မှုတွေက ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ?
●  ကိုယ်ဝန်ဆောင်စဉ် သောကများခြင်းကြောင့် လမစေ့ပဲကလေးမွေးခြင်းကိုဖြစ်စေပြီး နောက်ဆက်တွဲ ကလေး မကျန်းမာခြင်းနှင့် လသားအရွယ်တွင် သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။
●  ပူပန်သောကများနေသူ အမျိုးသမီးတွေဟာ ကလေးမီးဖွားစဉ်မှာလည်း အားတက်သရော ပါဝင်နိုင်ခြင်းမရှိတဲ့အတွက် သာမန်အမျိုးသမီးများထက် မွေးဖွားစဉ်မှာ ပိုမိုနာကျင်တတ်ကြပါတယ်။

>>  ကိုယ်ဝန်ဆောင်စဉ် စိုးရိမ်ပူပန်မှုတွေက ရင်သွေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ?
●  လေ့လာချက်များအရ မိခင်တွင်စိုးရိမ်မှုများ ရှိနေခြင်းဟာ သန္ဓေသားရဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုးများ သက်ရောက်စေနိုင်ပါတယ်။
●  ထို့ပြင် ဆက်စပ်စဉ်းစားနိုင်စွမ်း၊ ကြွက်သားနှင့် အပြုအမူပိုင်းဆိုင်ရာတိုးတက်မှုတို့ကိုလည်း ထိခိုက်စေပါတယ်။

Obimin 2

>>  မီးဖွားပြီးနောက် စိုးရိမ်ပူပန်ခြင်း
●  စိုးရိမ်သောကများနေသော မိခင်တွေအနေနှင့် မိမိကလေးနှင့် ရင်းနှီးမှုနည်းပါးခြင်း၊ ကလေးကို ဂရုစိုက်လိုစိတ်မရှိခြင်း၊ သံယောဇဉ်မရှိခြင်းတို့ကို ခံစားရတတ်ပါတယ်။
●  ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် စိတ်ကျခြင်းနှင့် ရင်ဆိုင်နေရသော မေမေအများစုအနေနှင့် မီးဖွားပြီးနောက်ပိုင်းမှာလည်း စိတ်ကျခြင်းကို ဆက်လက်ရင်ဆိုင်ရတတ်ပါတယ်။
●  မိခင်ရဲ့ စိုးရိမ်သောကတွေဟာ ကလေးရဲ့စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ရှည်သည်းခံနိုင်စွမ်း၊ သင်ယူမှုနှင့် ကြွက်သားဆိုင်ရာစွမ်းရည်များ၊ တက်ကြွခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပြီး ကလေးကိုပါ စိုးရိမ်ပူပန်မှုများစေခြင်းနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှုတွေကို ဦးတည်စေနိုင်ပါတယ်။
မေမေတို့ရေ စိုးရိမ်ပူပန်မှုတွေ နည်းနိုင်သမျှ နည်းစေမယ့် နည်းလမ်းတွေကိုရှာဖွေပြီး ကိုယ်ဝန်ဆောင်ကာလနှင့် မွေးဖွားပြီးချိန်တွေမှာ စိတ်ပျော်ရွှင်ကျန်းမာအောင် နေထိုင်ခြင်းဖြင့် ကျန်းမာတက်ကြွတဲ့ရင်သွေးလေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)