/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမွေးပြီးချိန်မှာ-သံဓာတ်အားဆေးဆက်သောက်ရမှာလား

ကလေးမွေးပြီးချိန်မှာ သံဓာတ်အားဆေးဆက်သောက်ရမှာလား?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကလေးမွေးပြီးချိန်မှာ အမျိုးသမီးအများစုဟာ သွေးအားနည်းပြီး မောလွယ်ပန်းလွယ်နေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး ကလေးမွေးတဲ့အချိန်မှာ သွေးဆုံးရှူံးမှုတွေ ရှိနေလို့ပါပဲ။

Obimin 2022 IA 1

ဒါကြောင့်မို့ ကလေးမွေးပြီးချိန်ထိကို သံဓာတ်ဖြည့်တင်းပေးခြင်းအားဖြင့် နေထိုင်ကောင်းစေနိုင်ပါတယ်။ သံဓာတ်အားဆေးတွေ သောက်ပေးတဲ့အပြင် သံဓာတ်ပြည့်ဝတဲ့အစားအစာတွေစားပေးဖို့လည်း မမေ့ပါနဲ့ဦး။

Obimin 2022 IA 2

သံဓာတ်ပြည့်ဝတဲ့အစားအစာထဲမှာ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊ အနီရောင်အသားတွေ၊ အသည်း၊ ငါး၊ ကြက်ဘဲ၊ အသီးခြောက်တွေနဲ့ သံဓာတ်ဖြည့်တင်းထားတဲ့ cereal မနက်စာတွေပါဝင်ပါတယ်။ ဒါတင်မကဘဲ သံဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး၊ ငရုတ်ပွ၊ စတော်ဘယ်ရီစတာတွေကို စားပေးလို့ရပါတယ်။

www.drmyanmar.com