ကလေးမွေးရင်း အိမ်သာတက်ချင်ရင် ဘယ်လိုလုပ်မလဲ?
Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး
ကလေး မွေးကာနီးအချိန်မှာ မကြာခဏ ထပြီး ဆီးသွားချင်တတ်ကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဆီးသွားချင်ရင် ထပေါက်ဖို့ အားပေးပါတယ်။ ဘာလို့လဲဆိုတော့ ဆီးအိမ်ပြည့်နေရင် ကလေးခေါင်း ဆင်းလာတာကို နှေးစေနိုင်သလို အမေလည်း နေရထိုင်ရ ခက်စေပါတယ်။
ဗိုက်နာတဲ့အချိန်မှာ ဆီးအိမ် ပြည့်တာကို အလွယ်တကူ သိဖို့ ခက်တဲ့အတွက် အများအားဖြင့် ဆီးပိုက် ထည့်ထားတတ်ကြပါတယ်။
မကြာခဏဆိုသလိုပဲ ကလေးမွေးစဉ်မှာ ဝမ်းလည်း ထွက်ကြလေ့ရှိကြပါတယ်။ ဒီလိုဖြစ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်တဲ့အတွက် စိတ်ပူစရာမရှိပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)















