/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေး-သိပ်လှုပ်လွန်းလို့-မသက်မသာဖြစ်ရတဲ့-ကိုယ်ဝန်ဆောင်မေမေတို့အတွက်

ကလေး သိပ်လှုပ်လွန်းလို့ မသက်မသာဖြစ်ရတဲ့ ကိုယ်ဝန်ဆောင်မေမေတို့အတွက် အဖြေလေးတွေ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          " အထဲက သားက အရမ်းကန်တယ် ... တစ်ချိန်လုံး ကန်နေတာပဲ " စိတ်ညစ်ပေမယ့် ပီတီပြုံးလေးနဲ့ ညည်းပြတတ်သူ ကိုယ်ဝန်ဆောင်လေးတွေ ဖတ်ဖို့ပါနော်။

          လရင့်လာတာနဲ့အမျှ သနေ္ဓသားလေးက တစ်စတစ်စ အားရှိလာပြီး ကောင်းကောင်း လှုပ်ရှားကန်ကျောက်နေနိုင်ပါပြီ။ တစ်ချိန်လုံး ဆော့နေတဲ့ သနေ္ဓသားလေးတွေရှိသလို  အကြာကြီး ငြိမ်နေပြီးမှ ရုတ်တရက် ထပြီး ကန်လိုက်တာလည်း ဖြစ်တတ်ပါသေးတယ်။ ပြီးရင် နည်းနည်းကြာကြာ ပြန်ငြိမ်သွားပြန်ရော။

          တကယ်တော့ ဗိုက်ထဲက သနေ္ဓသားလေး ကန်တာက အဲလောက်တော့ ပြဿနာလို့ မဆိုနိုင်ပါဘူး။ ခံရတဲ့မေမေအတွက်ကတော့ စိတ်ညစ်ရပေမယ့် အဲဒါက ပုံမှန်ပါပဲလို့။

          တစ်ရက်ကို လေးနာရီလောက် မလှုပ်ဘူးဆိုမှသာ တစ်ခုခု ပြဿနာရှိနေတာကြောင့် ချက်ချင်းပြန်လည် စစ်ဆေးဖို့တောင် လိုတတ်ပါတယ်။

          သနေ္ဓသားလေးက နိုးတဲ့အချိန်နဲ့ အိပ်တဲ့အချိန် ရှိပါတယ်။ သူ နိုးနေတဲ့အချိန်မှာ ဆော့ကစားနေတာကို မိခင်က ခံစားရတာပါ။ ဒါလေးတွေက နောက်ပိုင်း အမှတ်တရလေးတွေ ဖြစ်လာတတ်တာမို့ နည်းနည်း သည်းခံလိုက်ပါနော် ... မေမေအလောင်းအလျာလေးတို့ရေ ...

          အဆော့သန်တဲ့ ကလေးလေးတွေ ကန်တတ်တာနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကတော့ ဒီလိုလေးတွေ ရှိပါတယ်။

●        ကလေးလှုပ်တာကို ၅ လကနေ စတင်ခံစားရနိုင်ပါတယ်။ ဒီထက်လည်း စောနိုင်ပါတယ်နော်။ စောလေ ပိုလှုပ်လေပါပဲ။

●        သူ သိပ်ကန်တဲ့အခါ ဗိုက်ကလေးကို အသာအယာ ပွတ်သတ်ပြီး သနေ္ဓသားလေးကို ငြိမ်သက်သွားအောင် ကြိုးစားကြည့်လို့ရပါတယ်။ ချော့ရမယ်လေ။

●        တစ်ရက်ကို ၁၅ ခါကနေ အကြိမ် ၂၀ ကျော်ထိ လှုပ်တတ်ပါတယ်နော်။

●        သနေ္ဓသားလေးဟာ တစ်ရက်ကို ၁၇ နာရီလောက် အိပ်မောကျနေပါသတဲ့။ နိုးတဲ့အချိန် ထကန်တာပါတဲ့။

●        ကလေး လှုပ်တာကို နှစ်နာရီခြား တစ်ခါလောက် ခံစားရမှ ကျန်းမာတဲ့ကိုယ်ဝန်လို့ ယူဆရမှာပါလို့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)