ကိုဗစ်ကာလကို ဖြတ်သန်းနေရတဲ့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မေမေတို့အတွက် မှတ်သားဖွယ်ရာများ
ကိုဗစ် ကူးစက်ခံနေရတဲ့သူတွေ ရှိနေသေးတဲ့အတွက် အားလုံးသတိကြီးစွာ ထားရမယ့်အချိန် ဖြစ်ပါတယ်။ ဒီကာလမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေအနေနှင့်လည်း ကူးစက်နိုင်ဖို့ အလားအလာများတဲ့အတွက် အထူးအလေးထားသင့်ပါတယ်။
>> လိုက်နာသင့်တဲ့အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) လူများနှင့် နီးကပ်စွာ ပြောဆိုဆက်ဆံခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
(၂) အိမ်ပြင်ထွက်ရသည့်အခါတိုင်း
● Mask တပ်ပါ။
● အနီးတွင် mask မတပ်ထားသောသူများရှိပါက ဝေးဝေးနေပါ။
● အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာတွင် နေပါ။
● လက်ဆေးရာတွင် ရေနှင့်ဆပ်ပြာကို သုံးပြီး စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ လက်ဆေးဖို့ အဆင်မပြေပါက အယ်ကိုဟော ၆၀ ရာနှုန်း အနည်းဆုံးပါသော လက်သန့်ဆေးကို အသုံးပြုပါ။
● လူစုလူဝေးနှင့် ပြုလုပ်ရသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
Obimin 1

>> ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားပြီးနောက် လိုအပ်သော ဆေးရုံ ရက်ချိန်းများကို မပျက်မကွက် သွားရောက်ဖို့ အရေးကြီးပါတယ်။
● ကိုဗစ်ရန်က ကာကွယ်ဖို့အတွက် ရက်ချိန်းများကို သွားပြလိုခြင်းမရှိပါက မိမိဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
● ကိုယ်ဝန်ဆောင်ကာလတွင်း လိုအပ်သောကာကွယ်ဆေးများကို မပျက်မကွက်ထိုးဖို့ကလည်း အရေးကြီးသောအချက်ပါပဲ။
● မေမေလောင်းများအနေနှင့် ကိုဗစ်လက္ခဏာများ ခံစားရခြင်း၊ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း၊ စိတ်ကျခြင်းတို့နှင့် ရင်ဆိုင်ရပြီဆိုရင်တော့ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်သင့်တယ်နော်။
Obimin 2

>> ကိုဗစ် ကူးစက်ခံထားရသောမိခင်မှ မွေးလာသော ရင်သွေးလေးများအား ပြုစုနည်း
● မိခင်ကနေတစ်ဆင့် ရင်သွေးငယ်လေးကို ကူးစက်ရန် ရာနှုန်းနည်းပါးပါတယ်။
● အချို့သောရင်သွေးလေးတွေကတော့ မွေးပြီးပြီးချင်းစစ်ဆေးမှုမှာ ပိုးတွေ့ရှိရတာမျိုး ရှိနိုင်ပါတယ်။
● ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုဗစ် ကူးစက်ခံရပါက ပေါင်မပြည့် လမစေ့သော ကလေးများမွေးခြင်းနှင့် ကလေးမှာ မွေးရာပါချို့ယွင်းချက်များပါဖို့ အလားအလာ များလှပါတယ်။
● မွေးကင်းစကလေးငယ်များအား မျက်နှာအကာ (face shield) တပ်ဆင်ခြင်းဟာ ရုတ်တရက် အသက်ရှူရပ်ပြီး သေဆုံးခြင်းဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။
● ကလေးတွေကို ကောင်းစွာ အိပ်စက်အနားယူဖို့ ပံ့ပိုးပေးခြင်းဖြင့်လည်း ကိုယ်ခံအားတက်စေပြီး ပိုမိုကျန်းမာစေနိုင်ပါတယ်။
● ကလေးကို မိခင်နို့ လုံလောက်စွာ တိုက်ကျွေးခြင်းဖြင့် ကိုယ်ခံအားတက်စေပြီး ရောဂါများကို ခုခံနိုင်မှာ ဖြစ်ပါတယ်။
● ဒီလို မိခင်နို့တိုက်ကျွေးခါနီး (သို့) နို့ညှစ်ခါနီးအချိန်တွေမှာ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးဖို့ အရေးကြီးပါတယ်။ အယ်ကိုဟောပါသော လက်သန့်ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။
● ကိုဗစ်ပိုးရှိသောမိခင်တွေအနေနှင့်လည်း လက်ဆေးခြင်းအပြင် နို့တိုက်စဉ်မှာ mask ကို တပ်ဆင်ဖို့ လိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















