/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ဖုန်-အမှုန်-မီးခိုး-အရှူများရင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဖုန် အမှုန် မီးခိုး အရှူများရင် မွေးလာတဲ့ကလေးမှာ ပန်းနာရင်ကြပ်ဖြစ်စေတတ်သတဲ့

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         ကိုးလလွယ်ဆယ်လဖွား ကြိုးကြိုးစားစား မွေးရတဲ့ကလေးလေးတွေကိုတော့ မိခင်တိုင်းက ကျန်းကျန်းမာမာမြင်ချင်ကြပါတယ်။ ဒီတော့ ကျန်းမာတဲ့ကလေးတွေ မွေးလာဖို့ သုတေသနတွေလုပ်ကြတဲ့နေရာမှာ တွေ ့ရှိရတဲ့ စိတ်ဝင်စားစရာ အသိလေးတခုကို မျှဝေလိုက်ပါတယ်။

         အဝေးပြေးလမ်း၊ လမ်းမနဲ့ကပ်လျက် အိမ်တွေမှာနေသူ မိခင်လောင်းတွေဟာ သူများထက်ပိုပြီး ကာဗွန်မိုနောက်ဆိုက်နဲ့ နိုက်ထရက်အောက်ဆိုက်ဓာတ်ငွေ့တွေကို ပိုမိုရှုရှိုက်မိပြီး မွေးလာတဲ့ကလေးမှာ ပန်းနာရင်ကြပ်ဖြစ်လာစေပါသတဲ့။

         လမ်းမက အမှုန်တွေ ဖုန်တွေ ကားလမ်းမက အမှုန်အမွှားတွေ ကားတွေကထွက်တဲ့ အင်ဂျင်မီးခိုးငွေ့တွေ ဆိုင်ကယ်တွေက အငွေ့တွေ အိမ်ကကြပ်ခိုးတွေ မီးဖိုချောင်က မီးခိုးမွှန်တာတွေဟာ သနေ္ဓသားလေးကို ဆိုးဝါးစွာသက်ရောက်မှုရှိနေပါတယ်။ 

         ဒီတော့ ပြည့်ပြည့်ဝဝကျန်းမာတဲ့ကလေးတွေ မွေးဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်နေထိုင်ရာနေရာဟာ အမှုန်တွေ မီးခိုးတွေ တရဟောဝင်နေတဲ့နေရာ မဖြစ်ဖို့လိုပါတယ်။

         ဒါ့အပြင် ညနေလမ်းလျှောက်ခြင်း၊ ပန်းခြံစတာတွေဆီ လေညှင်းခံထွက်ခြင်း တွေကို အခါအားလျော်စွာ ပြုလုပ်ပေးခြင်းဖြင့် လတ်ဆတ်သန့်ရှင်းတဲ့လေထုကို ရှုရှိုက်စေသင့်ပါတယ်။

         မေမေရဲ့ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကျန်းမာသန့်စင်တာဟာ ရင်သွေးငယ်ရဲ့ ပန်းနာရင်ကြပ်ဖြစ်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို မိခင်လောင်းနဲ့ မိသားစုများ သတိပြုမိနိုင်စေဖို့ မျှဝေလိုက်ပါတယ်နော်။

 ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






