/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-အားဆေးသောက်ဖို့-ဘာလို့အရေးကြီးတာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ အားဆေးသောက်ဖို့ ဘာလို့အရေးကြီးတာလဲ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ဘဝတစ်လျှောက်မှာ အာဟာရဓာတ် ပြည့်စုံလုံလောက်စွာရရှိဖို့က အရေးကြီးတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ပိုပြီးအရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်ကိုရော၊ ဗိုက်ထဲက ကလေးလေးကိုပါ နှစ်ယောက်စာ အာဟာရဖြည့်ပေးရမှာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရလိုအပ်ချက်က ပိုမိုများပြားလာပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကစီဓာတ်၊ ပရိုတင်း အသားဓာတ်၊ အဆီဓာတ် စတဲ့ အာဟာရဓာတ်တွေ ပိုမိုစားသောက်ဖို့ လိုအပ်ပါတယ်။

ဥပမာအားဖြင့် ပရိုတင်းအသားဓာတ်ကို ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်အလေးချိန် တစ်ပေါင်ကို ဝ.၃၆ ဂရမ်စားဖို့ လိုအပ်ရာကနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ ကိုယ်အလေးချိန် တစ်ပေါင်ကို ဝ.၅ ဂရမ်လောက်ထိ တိုးစားပေးဖို့ လိုအပ်ပါတယ်။

ဒီလိုလိုအပ်ချက်တွေ ပြည့်မီနိုင်ဖို့ စားတဲ့အနပ်တိုင်းမှာ ပရိုတင်းအသားဓာတ် ထည့်စားပေးဖို့ လိုအပ်ပါတယ်။
ဒီလို ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေထက် ပိုလိုအပ်တာကတေ့ာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါပဲ။
တချို့တွေအတွက်တော့ ဒီလို ပိုလိုအပ်လာတဲ့အာဟာရဓာတ်တွေကို ပြည့်မီဖို့ အာဟာရပြည့်ဝအောင် စားသောက်နိုင်ပေမယ့် တချို့တွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

Obimin 2022 IA 1

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေ သောက်ဖို့လိုအပ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။
●  အာဟာရဓာတ်ချို့တဲ့ခြင်း - တချို့တွေမှာ သွေးစစ်ကြည့်တဲ့အခါ ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့မှုရှိကြောင်း ပြနေတာကြောင့် အားဆေးသောက်ဖို့ လိုအပ်နိုင်ပါတယ်။ ဒီလိုချို့တဲ့နေတာကို ပြန်လည်ဖြည့်တင်းပေးဖို့က အင်မတန် အရေးကြီးပါတယ်။ ဖောလိတ်လိုဓာတ်တွေ ချို့တဲ့နေခဲ့ရင် မွေးရာပါချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။

●  အလွန်အကျွံအန်ခြင်း - ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်အကျွံ ပျို့အန်တဲ့အခြေအနေတစ်ခု ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုယ်အလေးချိန်ကျခြင်းနဲ့ အာဟာရဓာတ်တွေ ချို့တဲ့ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

●  အစားအစာရှောင်ခြင်း - သက်သတ်လွတ်သမားတွေ၊ တချို့အစားအစာနဲ့ ဓာတ်မတည့်သူတွေမှာ အာဟာရဓာတ်ချို့တဲ့မှုကို ကာကွယ်ဖို့ ဖြည့်စွက်အားဆေးသောက်ဖို့ လိုအပ်နိုင်ပါတယ်။

●  ဆေးလိပ်သောက်ခြင်း - ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ဖြတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်လျက် ဆေးလိပ် ဆက်သောက်မယ်ဆိုရင် ဗီတာမင်စီ၊ ဖောလိတ် စတဲ့ဓာတ်တွေ ပိုလိုအပ်လာနိုင်တယ်လို့ ဆိုပါတယ်။

Obimin 2022 IA 2

●  အမြွာကိုယ်ဝန်ဆောင်ခြင်း - ကလေးတစ်ဦးထက်ပိုပြီး ကိုယ်ဝန်လွယ်ထားရတဲ့ အမျိုးသမီးတွေမှာ အာဟာရဓာတ် ပိုမိုလိုအပ်ပါတယ်။ အမေရော၊ ဗိုက်ထဲက ကလေးတွေအတွက်ပါ အာဟာရပြည့်စုံ လုံလောက်စေဖို့အတွက် ဖြည့်စွက်အားဆေး သောက်ရပါမယ်။

●  Methylenetetrahydrofolate reducatse (MTHFR) ဆိုတဲ့ မျိုးရိုးဗီဇမူမမှန်ခြင်း - ဒီမျိုးရိုးဗီဇဟာ ဖောလိတ်ကို ကိုယ်ခန္ဓာက အသုံးပြုနိုင်မယ့်ပုံစံအဖြစ် ပြောင်းလဲပေးတဲ့ မျိုးရိုးဗီဇတစ်မျိုးပါ။ ဒီမျိုးရိုးဗီဇ မူမမှန်တဲ့ ကိုယ်ဝန်ဆောင်တွေမှာ နောက်ဆက်တွဲတွေကို ကာကွယ်ဖို့ ဖောလိတ်အမျိုးအစားတစ်မျိုးကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

●  အာဟာရ မပြည့်ဝခြင်း - အစားကောင်းကောင်းမစားတဲ့ အမျိုးသမီးတွေ၊ အာဟာရမပြည့်ဝတဲ့ အစားအစာတွေကိုစားတဲ့ အမျိုးသမီးတွေမှာလည်း အာဟာရဓာတ်ပြည့်ဝအောင် ဖြည့်စွက်အားဆေး လိုအပ်ပါတယ်။

ဒါ့အပြင် ကျွမ်းကျင်ပညာရှင်တွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကို ကိုယ်ဝန်ဆောင်အားဆေးနဲ့ ဖောလစ်အက်ဆစ်အားဆေးတွေ သောက်ဖို့ တိုက်တွန်းကြပါတယ်။ အာဟာရဓာတ် မပြည့်ဝတာကြောင့် မွေးရာပါချို့ယွင်းချက်တွေ မဖြစ်ရလေအောင် ကာကွယ်ဖို့ ဒီလိုတိုက်တွန်းရတာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)