/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ကျန်းမာစွာ-စားသောက်ကြမယ်

ကိုယ်ဝန်ဆောင်ချိန် ကျန်းမာစွာ စားသောက်ကြမယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး လုံလောက်မျှတတဲ့ စားသောက်ပုံဟာ မိခင်ရောကလေးပါ ကျန်းမာနေဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်ဝန်မဆောင်မီကထက်  တစ်ရက်ကို ၃၀၀ ကယ်လိုရီလောက် ပိုစားပေးဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဘယ်လိုကျန်းမာအောင် စားသောက်ရမယ်ဆိုတာကို ကြည့်ကြရအောင်နော်။

●  ကိုယ်ဝန်ဆောင်ချိန် လိုအပ်တဲ့အာဟာရဓာတ်အားလုံး ရရှိနိုင်အောင် အစားအသောက်ကို စုံစုံလင်လင် စားပေးရပါမယ်။ ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲစတာတွေ၊ အသီးအရွက်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ အသားငါး ပရိုတင်းဓာတ်တွေကို တစ်နေ့ ၃ ခွက်စာ စားပေးပြီး အဆီနဲ့အချိုတွေကို လျှော့ပေါ့စားရပါမယ်။

●  လုံလောက်တဲ့အမျှင်ဓာတ်ရရှိအောင် ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း စသဖြင့် မပြုပြင်ထားတဲ့အစေ့အနှံ စတာတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ရေဓာတ်ပြည့်ဝအောင် သောက်ပေးဖို့လည်း အရေးကြီးပါတယ်။

Obimin 1

●  ပရိုတင်းအသားဓာတ်ဟာ သွေးထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ အထူးသဖြင့် အမဲ၊ ဝက် စသဖြင့် အနီရောင်အသားတွေ၊ ကြက်သားနဲ့ အခွံမာပင်လယ်စာစတဲ့ သံဓာတ်ကြွယ်ဝတဲ့ ပရိုတင်းဓာတ်တွေပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက်ပါ သွေးပမာဏထုများလာတာကြောင့် ပိုလိုအပ်လာတာပါ။
●  မိခင်ရောကလေးပါ ကျန်းမာဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ အစေ့အဆံအဆီ စတဲ့ အဆီတွေ လိုအပ်ပါတယ်။
●  ဗီတာမင်နဲ့သတ္တုဓာတ်တွေ လုံလောက်နေဖို့လည်း အရေးကြီးတာမို့ ကိုယ်ဝန်ဆောင်အားဆေးတွေသောက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
●  တစ်ရက်ကို ကယ်လ်စီယမ်ဓာတ် ၁၀၀၀-၁၃၀၀ မီလီဂရမ်ရရှိနိုင်ဖို့ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ် စားသောက်ပေးပါ။

Obimin 2

●  တစ်ရက်ကို သံဓာတ် ၂၇ မီလီဂရမ်လောက် ရရှိနိုင်ဖို့ သံဓာတ်ကြွယ်ဝတဲ့ အဆီနည်းအသားတွေ၊ ဟင်းနုနွယ်ရွက်၊ ပဲသီး စတာတွေကို စားပေးပါ။
●  ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးစေဖို့ တစ်နေ့ကို အိုင်အိုဒင်းဓာတ် ၂၂၀ မိုင်ခရိုဂရမ် လိုအပ်ပါတယ်။ တစ်ရက်ကို ၁၁၀၀ မိုင်ခရိုဂရမ်တော့ မကျော်ပါစေနဲ့။
●  တစ်နေ့ကို ဗီတာမင်စီ ၈၀-၈၅ မီလီဂရမ်လောက်ရရှိအောင် ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ စတာတွေကို စားပေးပါ။
●  ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်အသီးအရွက်များ၊ ပဲအမျိုးမျိုးတို့ကို တစ်နေ့ကို ဖောလစ်အက်ဆစ် ၆၀၀ မိုင်ခရိုဂရမ်လောက်ရအောင် စားဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)